ပါရဲရားကို ခေါ်ယူဖို့ သဘောတူညီမှုရပြီးနောက် မာတာကိုပါ ဆက်ပြီးခေါ်ယူဖို့ လုပ်ဆောင်လာတဲ့ လာဇီယို


စီးရီးအေကလပ်အသင်းတစ်သင်းဖြစ်တဲ့ လာဇီယိုဟာ ယူနိုက်တက်အသင်းကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပါရဲရားကို အဌားနဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှုရအပြီးမှာ နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ မာတာကိုလည်း ၂ ရက်၊ ၃ ရက်အတွင်း မှာ အပြီးသတ်ခေါ်ယူဖို့အတွက် လုပ်ဆောင်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။ လာဇီယိုအနေနဲ့ ပါရဲရားကို အဌားနဲ့ခေါ်ယူ ပြီးနောက်မှာလည်း အပြီးသတ်ခေါ်ယူဖို့ စာချုပ်မှာ သဘောတူညီမှု ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။


လာဇီယိုအားကစားဒါရိုက်တာ အစ်လီတာရီရဲ့ ပြောကြားမှုကိုတော့ အီတလီဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖာဘရီစီယိုရိုမာနို က ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ မာတာနဲ့ ပါရဲရားတို့ကို လာဇီယိုအနေနဲ့ ၂ ရက်၊ ၃ ရက်အတွင်းမှာ ခေါ်ယူနိုင်မှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ လာဇီယိုနည်းပြ ဆီမြွန်နီအင်ဇာဂီကတော့ ပါရဲရားဟာ အသင်းအတွက် ပြီးပြည့်စုံတဲ့ ကစား သမားတစ်ယောက်ဖြစ်လာမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။


ဒီကစားသမားနှစ်ယောက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ရောက်ရှိလာတဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ နွေရာသီ အ ပြောင်းအရွှေ့မှာ ရောက်ရှိလာတဲ့ ဗန်ဒီဘိတ်ခ်တို့ကြောင့် ယူနိုက်တက်အသင်းကွင်းလယ်မှာ ပုံမှန်နေရာရဖို့ မလွယ်တာ ကြောင့် အသင်းပြောင်းရွှေ့မယ့်သတင်းတွေ ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ လာဇီယိုဟာ မန်စီးတီးက ထွက်သွားတဲ့ ဒေးဗစ် ဆေးလ်ဗားကိုလည်း စိတ်ဝင်စားခြင်း ရှိခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

MALAGA, SPAIN – FEBRUARY 12: (EXCLUSIVE COVERAGE) Andreas Pereira, David de Gea, Juan Mata of Manchester United in action during a first team training session on February 12, 2020 in Malaga, Spain. (Photo by Matthew Peters/Manchester United via Getty Images)

အသက် ၂၄ နှစ်သာရှိသေးတဲ့ ပါရဲရားဟာ ၂၀၁၁ ခုနှစ်ကတည်းက ယူနိုက်တက်လူငယ်အသင်းကို ရောက်ရှိလာခဲ့သူဖြစ် ပြီး ၂၀၁၄ ခုနှစ်မှာ အသင်းကြီးအတွက် ကစားခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။ မာတာကလည်း ၂၀၁၄ ခုနှစ်မှာ ချဲလ်ဆီးက နေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းရဲ့အဓိက, ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

zawgyi version

ပါရဲရားကို ေခၚယူဖို႔ သေဘာတူညီမႈရၿပီးေနာက္ မာတာကိုပါ ဆက္ၿပီးေခၚယူဖို႔ လုပ္ေဆာင္လာတဲ့ လာဇီယို
စီးရီးေအကလပ္အသင္းတစ္သင္းျဖစ္တဲ့ လာဇီယိုဟာ ယူႏိုက္တက္အသင္းကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ပါရဲရားကို အဌားနဲ႔ ေခၚယူဖို႔အတြက္ သေဘာတူညီမႈရအၿပီးမွာ ေနာက္ထပ္ကစားသမားတစ္ဦးျဖစ္တဲ့ မာတာကိုလည္း ၂ ရက္၊ ၃ ရက္အတြင္း မွာ အၿပီးသတ္ေခၚယူဖို႔အတြက္ လုပ္ေဆာင္လာဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ လာဇီယိုအေနနဲ႔ ပါရဲရားကို အဌားနဲ႔ေခၚယူ ၿပီးေနာက္မွာလည္း အၿပီးသတ္ေခၚယူဖို႔ စာခ်ဳပ္မွာ သေဘာတူညီမႈ ပါဝင္ခဲ့တယ္လို႔လည္း သိရပါတယ္။
လာဇီယိုအားကစားဒါရိုက္တာ အစ္လီတာရီရဲ႕ ေျပာၾကားမႈကိုေတာ့ အီတလီဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဖာဘရီစီယိုရိုမာႏို က ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ မာတာနဲ႔ ပါရဲရားတို႔ကို လာဇီယိုအေနနဲ႔ ၂ ရက္၊ ၃ ရက္အတြင္းမွာ ေခၚယူႏိုင္မွာ ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ လာဇီယိုနည္းျပ ဆီျမြန္နီအင္ဇာဂီကေတာ့ ပါရဲရားဟာ အသင္းအတြက္ ၿပီးျပည့္စံုတဲ့ ကစား သမားတစ္ေယာက္ျဖစ္လာမယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။
ဒီကစားသမားႏွစ္ေယာက္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ေရာက္ရွိလာတဲ့ ဘရူႏိုဖာနန္ဒက္စ္နဲ႔ ေႏြရာသီ အ ေျပာင္းအေရႊ႕မွာ ေရာက္ရွိလာတဲ့ ဗန္ဒီဘိတ္ခ္တို႔ေၾကာင့္ ယူႏိုက္တက္အသင္းကြင္းလယ္မွာ ပံုမွန္ေနရာရဖို႔ မလြယ္တာ ေၾကာင့္ အသင္းေျပာင္းေရႊ႕မယ့္သတင္းေတြ ထြက္ေပၚခဲ့တာပဲျဖစ္ပါတယ္။ လာဇီယိုဟာ မန္စီးတီးက ထြက္သြားတဲ့ ေဒးဗစ္ ေဆးလ္ဗားကိုလည္း စိတ္ဝင္စားျခင္း ရွိခဲ့ေပမယ့္ ေခၚယူႏိုင္ခဲ့ျခင္းေတာ့ မရွိခဲ့ဘူးလို႔ သိရပါတယ္။
အသက္ ၂၄ ႏွစ္သာရွိေသးတဲ့ ပါရဲရားဟာ ၂၀၁၁ ခုႏွစ္ကတည္းက ယူႏိုက္တက္လူငယ္အသင္းကို ေရာက္ရွိလာခဲ့သူျဖစ္ ၿပီး ၂၀၁၄ ခုႏွစ္မွာ အသင္းၾကီးအတြက္ ကစားခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။ မာတာကလည္း ၂၀၁၄ ခုႏွစ္မွာ ခ်ဲလ္ဆီးက ေန ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့သူျဖစ္ၿပီး အသင္းရဲ႕အဓိက, ကစားသမားအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။