အပြောင်းအရွှေ့ရာသီမပိတ်ခင်အထိ ကူလီဘလီ နဲ့ ပတ်သက်ပြီး စိတ်ပင်ပန်းနေရတယ်လို့ ဆိုလိုက်တဲ့ နာပိုလီနည်းပြ ဂတ်တူဆို

နာပိုလီနောက်ခံလူ ကူလီဘလီကို ပီအက်စ်ဂျီအသင်းက ယူရို ၇၂ သန်းနဲ့ ကမ်းလှမ်းရန် ပြင်နေတဲ့အတွက် နည်းပြ ဂတ်တူဆိုက စိတ်ရှုပ်နေတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကူလီဘလီကို မန်စီးတီး၊ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် နဲ့ ပီအက်စ်ဂျီအသင်းတို့အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတော်တော်များများက ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။

အပြောင်းအရွှေ့ရာသီက အောက်တိုဘာလ ၅ ရက်နေ့မှာ ပိတ်မှာဖြစ်တဲ့အတွက် ကူလီဘလီနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့သတင်းတွေကတော့ ထွက်ပေါ်နေဆဲပါ။ မန်စီးတီးအသင်းကတော့ ဘင်ဖီကာ နောက်ခံလူ ရူဘင်ဒီယက်ဇ်ကို ပေါင် ၆၅ သန်း နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

သို့သော်လည်း ပီအက်စ်ဂျီအသင်းကတော့ အသင်းက ထွက်ခွာသွားနဲ့ သီယာဂိုဆေးလ်ဗား နေရာမှာ အစားထိုးရန် နောက်ခံလူတစ်ယောက်ကို ရှာဖွေနေဆဲ ဖြစ်ပြီး ကူလီဘလီကို အဓိက ပစ်မှတ်ထားနေတာပါ။ ယခုတစ်ပတ်မှာ ဂျီနိုအာအသင်းကို (၆-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ နာပိုလီနည်းပြ ဂတ်တူဆိုက နောက်ခံလူ အသင်းကနေ ထွက်ခွာမှာနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။

“သူကျွန်တော်တို့ နဲ့ ဆက်နေမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့ အတွက် အရမ်းကို အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ။ ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာကြီးက ပြောင်းလဲသွားပြီး အသင်းတော်တော်များများကလည်း ပိုက်ဆံ သိပ်မသုံးနိုင်တော့ပါဘူး။ အပြောင်းအရွှေ့အတွက် ခေါ်တာ မရောက်လာပါစေနဲ့ လို မျှော်လင့်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ နောက်ဆုံး ရက်မတိုင်ခင်အထိ ကျွန်တော် စိတ်ရှုပ်နေရမှာပဲ” လို့ ဂတ်တူဆိုက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အေျပာင္းအေရႊ႕ရာသီမပိတ္ခင္အထိ ကူလီဘလီ နဲ႔ ပတ္သက္ျပီး စိတ္ပင္ပန္းေနရတယ္လို႔ ဆိုလိုက္တဲ့ နာပိုလီနည္းျပ ဂတ္တူဆို

နာပိုလီေနာက္ခံလူ ကူလီဘလီကို ပီအက္စ္ဂ်ီအသင္းက ယူရို ၇၂ သန္းနဲ႔ ကမ္းလွမ္းရန္ ျပင္ေနတဲ့အတြက္ နည္းျပ ဂတ္တူဆိုက စိတ္ရႈပ္ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ ကူလီဘလီကို မန္စီးတီး၊ ဘာစီလိုနာ ၊ ရီးရဲလ္မက္ဒရစ္ နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔အပါအ၀င္ ဥေရာပရဲ႕ ထိပ္သီးအသင္းေတာ္ေတာ္မ်ားမ်ားက ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ထားတာျဖစ္ပါတယ္။

အေျပာင္းအေရႊ႕ရာသီက ေအာက္တိုဘာလ ၅ ရက္ေန႔မွာ ပိတ္မွာျဖစ္တဲ့အတြက္ ကူလီဘလီနဲ႔ ပတ္သက္တဲ့ အေျပာင္းအေရႊ႕သတင္းေတြကေတာ့ ထြက္ေပၚေနဆဲပါ။ မန္စီးတီးအသင္းကေတာ့ ဘင္ဖီကာ ေနာက္ခံလူ ရူဘင္ဒီယက္ဇ္ကို ေပါင္ ၆၅ သန္း နဲ႔ ေခၚယူလိုက္ျပီျဖစ္ပါတယ္။

သို႔ေသာ္လည္း ပီအက္စ္ဂ်ီအသင္းကေတာ့ အသင္းက ထြက္ခြာသြားနဲ႔ သီယာဂိုေဆးလ္ဗား ေနရာမွာ အစားထိုးရန္ ေနာက္ခံလူတစ္ေယာက္ကို ရွာေဖြေနဆဲ ျဖစ္ျပီး ကူလီဘလီကို အဓိက ပစ္မွတ္ထားေနတာပါ။ ယခုတစ္ပတ္မွာ ဂ်ီႏိုအာအသင္းကို (၆-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအျပီးမွာ နာပိုလီနည္းျပ ဂတ္တူဆိုက ေနာက္ခံလူ အသင္းကေန ထြက္ခြာမွာန႔ဲ ပတ္သက္ျပီး စိုးရိမ္ေနတယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။

“သူကၽြန္ေတာ္တို႔ နဲ႔ ဆက္ေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက ကၽြန္ေတာ္တို႔ အတြက္ အရမ္းကို အေရးပါတဲ့ ကစားသမားတစ္ေယာက္ပါ။ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ကမာၻၾကီးက ေျပာင္းလဲသြားျပီး အသင္းေတာ္ေတာ္မ်ားမ်ားကလည္း ပိုက္ဆံ သိပ္မသံုးႏိုင္ေတာ့ပါဘူး။ အေျပာင္းအေရႊ႕အတြက္ ေခၚတာ မေရာက္လာပါေစနဲ႔ လို ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ အေျပာင္းအေရႊ႕ ေနာက္ဆံုး ရက္မတိုင္ခင္အထိ ကၽြန္ေတာ္ စိတ္ရႈပ္ေနရမွာပဲ” လို႔ ဂတ္တူဆိုက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။