အသက် ၃၅ နှစ်ကျော်နေပြီဖြစ်ပေမယ့် အသင်းအတွက် အရေးပါတဲ့ကစားသမားအဖြစ်ရှိနေဆဲဆိုတာ သက်သေပြခဲ့တဲ့ စီရော်နယ်ဒို


အသက် ၃၅ နှစ်ကျော်ဘောလုံးသမားတစ်ယောက်အနေနဲ့ လက်ရှိမော်ဒန်ဘောလုံးလောကမှာ အသင်းကြီးတစ်သင်း အတွက် ကစားနေဖို့ဆိုတာ ခက်ခဲသလို ခြေစွမ်းပြနိုင်ဖို့ဆိုတာလည်း ပိုပြီးခက်ခဲတဲ့ ဖြစ်ရပ်မျိုးပါ။ ဒီလိုဖြစ်ရပ်မျိုးကိုတော့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက အကောင်းဆုံးလုပ်ဆောင်ပြနိုင်ခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ စီရော်နယ်ဒို ဟာ ရိုးမားနဲ့ နှစ်ဂိုးစီသရေကျတဲ့ပွဲမှာဆိုရင်လည်း အသင်းအတွက် ချေပဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။


ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၅ ကြိမ်ရယူထားနိုင်တဲ့ စီရော်နယ်ဒိုဟာ ဗီတီရော့စ်ရဲ့ ရိုးမားအတွက် ဦးဆောင် ဂိုးနှစ်ကြိမ်စလုံးကို ချေဖျက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာ ကွင်းလယ်လူ ရာဘီရော့ဗ် ထုတ်ပယ်ခံခဲ့ရတာ ကြောင့် တစ်ယောက်လျော့နဲ့ကစားခဲ့ရတဲ့ ဂျူဗင်တပ်အတွက် စီရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေက အရေးပါတဲ့ဂိုးတွေဖြစ်ခဲ့ ပါတယ်။


ဆမ်ဒိုးရီးယားနဲ့ ကစားခဲ့တဲ့ စီးရီးအေအဖွင့်ပွဲစဉ်တုန်းကလည်း သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ဒီရာသီစီးရီး အေ ပွဲစဉ်နှစ်ပွဲမှာ သွင်းဂိုး သုံးဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ စီရော်နယ်ဒိုက “ ရာသီအစမှာ နည်းပြသစ်နဲ့ ပွဲထွက်လာခဲ့တယ်ဆိုပေမယ့် တစ်သင်းလုံးက အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။အသင်းရဲ့ တောက်ပ တဲ့ အနာဂတ်ကိုလည်း မြင်နေရပါတယ်” လို့ ပြောခဲ့ပါတယ်။


အက်သလက်တီကိုကနေ ဂျူဗင်တပ်ကို အဌားနဲ့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ မိုရာတာကလည်း ရိုးမားနဲ့ နှစ်ဂိုးစီသရေကျတဲ့ ပွဲမှာ စီရော်နယ်ဒိုနဲ့ တွဲပြီး အသင်းရဲ့တိုက်စစ်မှာ ကစားခွင့်ရခဲ့ပါတယ်။ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် ပွဲ အပြီးမှာတော့ မိုရာတာက “ အသက်ငယ်ငယ်တုန်းက ဂျူဗင်တပ်မှာ ကစားခဲ့ဖူးတာနဲ့ အခုကစားရတာ မတူတော့ပါဘူး။ ထိုက်သင့်တဲ့ အတွေ့အကြုံတွေ ကျွန်တော်မှာ ရှိနေပါပြီ” လို့ ပြောခဲ့ပါတယ်။

zawgyi version

အသက္ ၃၅ ႏွစ္ေက်ာ္ေနၿပီျဖစ္ေပမယ့္ အသင္းအတြက္ အေရးပါတဲ့ကစားသမားအျဖစ္ရွိေနဆဲဆုိတာ သက္ေသျပခဲ့တဲ့ စီေရာ္နယ္ဒို
အသက္ ၃၅ ႏွစ္ေက်ာ္ေဘာလံုးသမားတစ္ေယာက္အေနနဲ႔ လက္ရွိေမာ္ဒန္ေဘာလံုးေလာကမွာ အသင္းၾကီးတစ္သင္း အတြက္ ကစားေနဖို႔ဆိုတာ ခက္ခဲသလို ေျခစြမ္းျပႏိုင္ဖို႔ဆိုတာလည္း ပိုၿပီးခက္ခဲတဲ့ ျဖစ္ရပ္မ်ိဳးပါ။ ဒီလိုျဖစ္ရပ္မ်ိဳးကိုေတာ့ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုက အေကာင္းဆံုးလုပ္ေဆာင္ျပႏိုင္ခဲ့တယ္လို႔ ဆိုရမွာပဲျဖစ္ပါတယ္။ စီေရာ္နယ္ဒို ဟာ ရိုးမားနဲ႔ ႏွစ္ဂိုးစီသေရက်တဲ့ပြဲမွာဆုိရင္လည္း အသင္းအတြက္ ေခ်ပဂိုးႏွစ္ဂိုးစလံုးကို သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ၅ ၾကိမ္ရယူထားႏိုင္တဲ့ စီေရာ္နယ္ဒိုဟာ ဗီတီေရာ့စ္ရဲ႕ ရိုးမားအတြက္ ဦးေဆာင္ ဂိုးႏွစ္ၾကိမ္စလံုးကို ေခ်ဖ်က္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပြဲခ်ိန္ ၆၂ မိနစ္မွာ ကြင္းလယ္လူ ရာဘီေရာ့ဗ္ ထုတ္ပယ္ခံခဲ့ရတာ ေၾကာင့္ တစ္ေယာက္ေလ်ာ့နဲ႔ကစားခဲ့ရတဲ့ ဂ်ဴဗင္တပ္အတြက္ စီေရာ္နယ္ဒိုတို႔ရဲ႕ သြင္းဂိုးေတြက အေရးပါတဲ့ဂိုးေတြျဖစ္ခဲ့ ပါတယ္။
ဆမ္ဒိုးရီးယားနဲ႔ ကစားခဲ့တဲ့ စီးရီးေအအဖြင့္ပြဲစဥ္တုန္းကလည္း သြင္းဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒိုဟာ ဒီရာသီစီးရီး ေအ ပြဲစဥ္ႏွစ္ပြဲမွာ သြင္းဂိုး သံုးဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ စီေရာ္နယ္ဒိုက “ ရာသီအစမွာ နည္းျပသစ္နဲ႔ ပြဲထြက္လာခဲ့တယ္ဆိုေပမယ့္ တစ္သင္းလံုးက အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။အသင္းရဲ႕ ေတာက္ပ တဲ့ အနာဂတ္ကိုလည္း ျမင္ေနရပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အက္သလက္တီကိုကေန ဂ်ဴဗင္တပ္ကို အဌားနဲ႔ ျပန္လည္ေရာက္ရွိလာခဲ့တဲ့ မိုရာတာကလည္း ရိုးမားနဲ႔ ႏွစ္ဂိုးစီသေရက်တဲ့ ပြဲမွာ စီေရာ္နယ္ဒိုနဲ႔ တြဲၿပီး အသင္းရဲ႕တိုက္စစ္မွာ ကစားခြင့္ရခဲ့ပါတယ္။ အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိေပမယ့္ ပြဲ အၿပီးမွာေတာ့ မိုရာတာက “ အသက္ငယ္ငယ္တုန္းက ဂ်ဴဗင္တပ္မွာ ကစားခဲ့ဖူးတာနဲ႔ အခုကစားရတာ မတူေတာ့ပါဘူး။ ထိုက္သင့္တဲ့ အေတြ႕အၾကံဳေတြ ကြ်န္ေတာ္မွာ ရွိေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။