ဂျူဗင်တပ်တပ်မှာ ပြန်ကစားခွင့်ရတာကြောင့် အပျော်ရွှင်ဆုံးလူသားဖြစ်နေတယ်လို့ ပြောခဲ့တဲ့ တိုက်စစ်မှူး မိုရာတာ


အက်သလက်တီကိုအသင်းကနေ ဂျူဗင်တပ်ကို အဌားနဲ့ပြန်လည်ရောက်ရှိလာခဲ့တဲ့ မိုရာတာက လက်ရှိမှာ အသင်းဟောင်း နဲ့ ပြန်ကစားရမှာဖြစ်ပြီး အသင်းရဲ့ချန်ပီယံလိဂ်ရယူနိုင်ဖို့ ကြိုးစားနေတဲ့အသင်းမှာ ပါဝင်ခွင့်ရတာကြောင့် ကမ္ဘာ့မှာ အပျော် ရွှင်ရဆုံးသူတစ်ဦးဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။မိုရာတာဟာ အက်သလက်တီကိုကနေ တစ်နှစ်အဌားစာချုပ်နဲ့ပြောင်းရွှေ့ လာတာဖြစ်ပြီး ဂျူဗင်တပ်အနေနဲ့ အဌားသက်တမ်းပြည့်ပြီးနောက် အပြီးသတ်ခေါ်ယူလိုပါက ယူရို ၄၅ သန်းပေးချေရမှာပဲ ဖြစ်ပါတယ်။


အသက် ၂၇ နှစ်ပဲရှိနေတဲ့ မိုရာတာဟာ ရီးရဲလ်ဘီအသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို စတင်ခဲ့သူ ဖြစ် ပြီး ရီးရဲလ်အသင်းကြီးမှာ ကစားခွင့်ရပြီးမှ ဂျူဗင်တပ်ကို ပထမအကြိမ်ရောက်ရှိခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ ဂျူဗင်တပ်မှာ ကစားခဲ့ပြီး ပွဲပေါင်း ၉၃ ပွဲမှာ ၂၇ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မိုရာတာဟာ ရီးရဲလ်ကို ပြန်ပြောင်း သွားခဲ့တာပဲ ဖြစ်ပါတယ်။


ရီးရဲလ်ကနေ ချဲလ်ဆီး၊ အက်သလက်တီကိုအသင်းတွေထံ ရောက်ရှိခဲ့ပြီးနောက်မှာတော့ မိုရာတာဟာ ဂျူဗင်တပ်ကို ပြန် လည်ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်နောက်ပိုင်း ဥရောပမှာအောင်မြင်ဖို့ ကြိုးစားနေတဲ့ ဂျူဗင်တပ်နဲ့ အတူ ချန်ပီယံလိဂ်ဖလား ရယူဖို့က သူရဲ့အဓိကရည်မှန်းချက်ဖြစ်ကြောင်းလည်း မိုရာတာက ပြောခဲ့ပါတယ်။ မိုရာတာဟာ ဂျူဗင် တပ်နဲ့ အတူ စီးရီးအေချန်ပီယံဆုကို နှစ်ကြိမ်ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။


မိုရာတာက “ကျွန်တော်အသက်ငယ်တဲ့ အချိန်တုန်းကလည်း ဂျူဗင်တပ်က ယုံကြည်မှုပေးခဲ့ပါတယ်။ အခုလည်းကျွန်တော် ကို နောက်ထပ်တစ်ကြိမ် ယုံကြည်စွာနဲ့ အသင်းကို ပြန်လည်ခေါ်ယူထားပါတယ်။ မက်ဒရစ်မှာ ပျော်ရွှင်ခဲ့တယ်ဆိုပေမယ့် ဂျူဗင်တပ်မှာလည်း အမှတ်ရစရာတွေရှိခဲ့ပါတယ်။ အသင်းနဲ့အတူ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားမှာဖြစ်ပြီး ချန်ပီယံ လိဂ်ရဖို့ အတွက် ကြိုးစားသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဂ်ဴဗင္တပ္တပ္မွာ ျပန္ကစားခြင့္ရတာေၾကာင့္ အေပ်ာ္ရႊင္ဆံုးလူသားျဖစ္ေနတယ္လို႔ ေျပာခဲ့တဲ့ တိုက္စစ္မွဴး မိုရာတာ
အက္သလက္တီကိုအသင္းကေန ဂ်ဴဗင္တပ္ကို အဌားနဲ႔ျပန္လည္ေရာက္ရွိလာခဲ့တဲ့ မိုရာတာက လက္ရွိမွာ အသင္းေဟာင္း နဲ႔ ျပန္ကစားရမွာျဖစ္ၿပီး အသင္းရဲ႕ခ်န္ပီယံလိဂ္ရယူႏိုင္ဖို႔ ၾကိဳးစားေနတဲ့အသင္းမွာ ပါဝင္ခြင့္ရတာေၾကာင့္ ကမၻာ့မွာ အေပ်ာ္ ရႊင္ရဆံုးသူတစ္ဦးျဖစ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။မိုရာတာဟာ အက္သလက္တီကိုကေန တစ္ႏွစ္အဌားစာခ်ဳပ္နဲ႔ေျပာင္းေရႊ႕ လာတာျဖစ္ၿပီး ဂ်ဴဗင္တပ္အေနနဲ႔ အဌားသက္တမ္းျပည့္ၿပီးေနာက္ အၿပီးသတ္ေခၚယူလိုပါက ယူရို ၄၅ သန္းေပးေခ်ရမွာပဲ ျဖစ္ပါတယ္။
အသက္ ၂၇ ႏွစ္ပဲရွိေနတဲ့ မိုရာတာဟာ ရီးရဲလ္ဘီအသင္းနဲ႔အတူ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘဝကို စတင္ခဲ့သူ ျဖစ္ ၿပီး ရီးရဲလ္အသင္းၾကီးမွာ ကစားခြင့္ရၿပီးမွ ဂ်ဴဗင္တပ္ကို ပထမအၾကိမ္ေရာက္ရွိခဲ့ဖူးသူလည္းျဖစ္ပါတယ္။ ၂၀၁၄ ကေန ၂၀၁၆ ခုႏွစ္အထိ ဂ်ဴဗင္တပ္မွာ ကစားခဲ့ၿပီး ပြဲေပါင္း ၉၃ ပြဲမွာ ၂၇ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ မိုရာတာဟာ ရီးရဲလ္ကို ျပန္ေျပာင္း သြားခဲ့တာပဲ ျဖစ္ပါတယ္။
ရီးရဲလ္ကေန ခ်ဲလ္ဆီး၊ အက္သလက္တီကိုအသင္းေတြထံ ေရာက္ရွိခဲ့ၿပီးေနာက္မွာေတာ့ မိုရာတာဟာ ဂ်ဴဗင္တပ္ကို ျပန္ လည္ေရာက္ရွိလာခဲ့တာပဲ ျဖစ္ပါတယ္။ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း ဥေရာပမွာေအာင္ျမင္ဖို႔ ၾကိဳးစားေနတဲ့ ဂ်ဴဗင္တပ္နဲ႔ အတူ ခ်န္ပီယံလိဂ္ဖလား ရယူဖို႔က သူရဲ႕အဓိကရည္မွန္းခ်က္ျဖစ္ေၾကာင္းလည္း မိုရာတာက ေျပာခဲ့ပါတယ္။ မိုရာတာဟာ ဂ်ဴဗင္ တပ္နဲ႔ အတူ စီးရီးေအခ်န္ပီယံဆုကို ႏွစ္ၾကိမ္ရရွိခဲ့ဖူးသူလည္း ျဖစ္ပါတယ္။
မိုရာတာက “ကြ်န္ေတာ္အသက္ငယ္တဲ့ အခ်ိန္တုန္းကလည္း ဂ်ဴဗင္တပ္က ယံုၾကည္မႈေပးခဲ့ပါတယ္။ အခုလည္းကြ်န္ေတာ္ ကို ေနာက္ထပ္တစ္ၾကိမ္ ယံုၾကည္စြာနဲ႔ အသင္းကို ျပန္လည္ေခၚယူထားပါတယ္။ မက္ဒရစ္မွာ ေပ်ာ္ရႊင္ခဲ့တယ္ဆုိေပမယ့္ ဂ်ဴဗင္တပ္မွာလည္း အမွတ္ရစရာေတြရွိခဲ့ပါတယ္။ အသင္းနဲ႔အတူ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္သြားမွာျဖစ္ၿပီး ခ်န္ပီယံ လိဂ္ရဖို႔ အတြက္ ၾကိဳးစားသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။