နတ်ဘုရားကြီးလည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ

အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရပြီလို့ အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ယခုအခါ အသက် ၃၈ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူးဟာ ကြာသပတေးနေ့ည ဆန်စီရိုမှာ ကစားမယ့် အေစီမီလန်အသင်းရဲ့ ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ အသင်းက ကြေညာချက်မှာ အီဗရာဟီမိုဗစ်ဟာ အသင်းကနေပြီး အိမ်မှာပဲ ကွာရာတင်းဝင်ရောက်ရမယ်လို့ သိရပါတယ်။

အခြားသော ကစားသမားတွေနဲ့ ဝန်ထမ်းတွေကိုလည်း စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။ ပထမအသုတ်စစ်ဆေးမှု ဖြစ်တဲ့ အင်္ဂါနေ့က စစ်ဆေးမှုမှာ ဘရာဇီးနောက်ခံလူ လီယိုဒူအာတေး ပြီးနောက် အီဗရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးဒုတိယမြောက်စစ်ဆေးတွေ့ရှိခဲ့ရတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာပါတယ်။

အီဗရာဟီမိုဗစ်က “မနေ့က ကိုဗစ် စစ်ဆေးခဲ့ရာမှာ ကျွန်တော့်မှာ Negative ပြခဲ့ပြီး ဒီနေ့ စစ်ဆေး Positive ပြနေပါတယ်။ ဘာရောဂါလက္ခဏမှလည်း မပြပါဘူး။ ကိုဗစ်ကတော့ ကျွန်တော့်ကို စိန်ခေါ်ရဲတဲ့ သတ္တိရှိပါတယ်။ တော်တော်ဆိုးတာပဲ” လို့ တွစ်တာမှာ တင်ခဲ့ပါတယ်။

အီဗရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းနဲ့ ရာသီအစမှာ အကောင်းဆုံး စွမ်းဆောင်ပေးထားပြီး ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းက Shamrock Rovers အသင်းနဲ့ ယူရိုပါလိဂ် ပွဲမှာလည်း ဂိုးသွင်းခဲ့ပြီး ကြားရက်က စီးရီးအေ အဖွင့်ပွဲဖြစ်တဲ့ ဘိုလော့ဂ်နာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း (၂) ဂိုးစလုံး သွင်းပေးခဲ့သူ ဖြစ်ပါတယ်။ မိုဗစ်ဟာ ခရိုတိုနီအသင်းနဲ့ စီးရီးအေပွဲကို လွဲချော်ရမှာဖြစ်ပြီး နောက်တစ်ပတ် ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပွဲကိုလည်း လွဲချော်ရဖွယ်ရှိနေပါတယ်။

နတ္ဘုရားၾကီးလည္း ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရ

ေအစီမီလန္အသင္းရဲ႕ တုိက္စစ္မွဴး အီဗရာဟီမိုဗစ္ဟာ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံေနရျပီလို႔ အသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ယခုအခါ အသက္ ၃၈ ႏွစ္အရြယ္ ဆြီဒင္တိုက္စစ္မွဴးဟာ ၾကာသပေတးေန႔ည ဆန္စီရိုမွာ ကစားမယ့္ ေအစီမီလန္အသင္းရဲ႕ ပြဲကို လြဲေခ်ာ္ရေတာ့မွာ ျဖစ္ပါတယ္။ အသင္းက ေၾကညာခ်က္မွာ အီဗရာဟီမိုဗစ္ဟာ အသင္းကေနျပီး အိမ္မွာပဲ ကြာရာတင္း၀င္ေရာက္ရမယ္လို႔ သိရပါတယ္။

အျခားေသာ ကစားသမားေတြနဲ႔ ၀န္ထမ္းေတြကိုလည္း စစ္ေဆးရာမွာ ေရာဂါပိုးမေတြ႕ရွိဘူးလို႔ သိရပါတယ္။ ပထမအသုတ္စစ္ေဆးမႈ ျဖစ္တဲ့ အဂၤါေန႔က စစ္ေဆးမႈမွာ ဘရာဇီးေနာက္ခံလူ လီယိုဒူအာေတး ျပီးေနာက္ အီဗရာဟီမိုဗစ္ဟာ ေအစီမီလန္အသင္းမွာ ကိုဗစ္-၁၉ ေရာဂါပိုးဒုတိယေျမာက္စစ္ေဆးေတြ႕ရွိခဲ့ရတဲ့ ဒုတိယေျမာက္ကစားသမားျဖစ္လာပါတယ္။

အီဗရာဟီမုိဗစ္က “မေန႔က ကိုဗစ္ စစ္ေဆးခဲ့ရာမွာ ကၽြန္ေတာ့္မွာ Negative ျပခဲ့ျပီး ဒီေန႔ စစ္ေဆး Positive ျပေနပါတယ္။ ဘာေရာဂါလကၡဏမွလည္း မျပပါဘူး။ ကိုဗစ္ကေတာ့ ကၽြန္ေတာ့္ကို စိန္ေခၚရဲတဲ့ သတိၱရွိပါတယ္။ ေတာ္ေတာ္ဆိုးတာပဲ” လို႔ တြစ္တာမွာ တင္ခဲ့ပါတယ္။

အီဗရာဟီမိုဗစ္ဟာ ေအစီမီလန္အသင္းနဲ႔ ရာသီအစမွာ အေကာင္းဆံုး စြမ္းေဆာင္ေပးထားျပီး ျပီးခဲ့တဲ့ ၾကာသပေတး ေန႔တုန္းက Shamrock Rovers အသင္းနဲ႔  ယူရိုပါလိဂ္ ပြဲမွာလည္း ဂိုးသြင္းခဲ့ျပီး ၾကားရက္က စီးရီးေအ အဖြင့္ပြဲျဖစ္တဲ့ ဘိုေလာ့ဂ္နာအသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာလည္း (၂) ဂိုးစလံုး သြင္းေပးခဲ့သူ ျဖစ္ပါတယ္။ မိုဗစ္ဟာ ခရိုတိုနီအသင္းနဲ႔ စီးရီးေအပြဲကို လြဲေခ်ာ္ရမွာျဖစ္ျပီး ေနာက္တစ္ပတ္ ယူရိုပါလိဂ္ ရႈံးထြက္အဆင့္ ပြဲကိုလည္း လြဲေခ်ာ္ရဖြယ္ရွိေနပါတယ္။