ဒေါက်ကလပ်ကော်စတာကို ဝုလ်ဗာဟမ်တန်ထံ ပြောင်းရွှေ့ဖို့အတွက် အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ် ဖိအားပေးနေတယ် လို့ သိရ


ဂျူဗင်တပ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အတွက် ရုန်းကန်နေရတဲ့ ဒေါက်ကလပ်ကော်စတာကို ပရီးမီးယားလိဂ်ကလပ်ဖြစ် တဲ့ ဝုလ်ဗာဟမ်တန်ကို ပြောင်းရွှေ့ဖို့အတွက် ပေါ်တူဂီလူမျိုးအေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်က ဖိအားပေးနေတယ်လို့ Tuttosport ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဝုလ်ဗာဟမ်တန်ဟာ လီဗာပူးကို ပြောင်းရွှေ့သွားတဲ့ ဂျိုတာရဲ့နေရာအတွက် ကစားသမားသစ် ရှာဖွေနေတယ်လို့လည်း သိရပါတယ်။


စီရော်နယ်ဒိုရဲ့အေးဂျင့်လည်းဖြစ်တဲ့ ဂျော့မန်ဒက်စ်က ဂျူဗင်တပ်မှာ အနာဂတ်မသေမချာဖြစ်နေတဲ့ ဒေါက်ကလပ်ကော် စတာအတွက် အသင်းသစ် ရှာဖွေပေးခဲ့တာဖြစ်ပါတယ်။ ဒေါက်ကလပ်ကော်စတာဟာ စီးရီးအေအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဆမ်ဒိုး ရီးယားကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ၈ မိနစ်ပဲ ကစားခွင့်ရခဲ့သလို နည်းပြသစ် ပီယာလိုကလည်း သူကို နှစ်သက်မှု မရှိ ဘူးလို့ သိရပါတယ်။


၂၀၁၈ ခုနှစ်ကို ဂျူဗင်တပ်ကို ရောက်ရှိလာခဲ့တဲ့ ဒေါက်ကလပ်ကော်စတာဟာ ပြိုင်ပွဲစုံပွဲပေါင်း ၁၀၂ ပွဲမှာ ၁၀ ဂိုးသွင်းပြီး ဂိုး ဖန်တီးမှု ၂၁ ကြိမ်အထိ ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။ ဒေါက်ကလပ်ကော်စတာအနေနဲ့ ဝုလ်ဗာဟမ်တန်ကို ပြောင်းရွှေ့ခဲ့ ပါက တောင်ပံကစားသမား ထရာအိုရေးနဲ့ အတူ တောင်ပံတွေမှာ အကောင်းဆုံးခြေစွမ်းပြနိုင်မယ်လို့လည်း သတင်းတွေက ဖော်ပြနေခဲ့ကြတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့လပိုင်းအတွင်းတုန်းကတော့ ယူနိုက်တက်က ဒေါက်ကလပ်ကော်စတာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုတွေရှိ တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းခဲ့တာမျိုးတွေတော့ မရှိခဲ့ပါဘူး။ ဂျူဗင်တပ်အသင်းဘက် ကလည်း ဒေါက်ကလပ်ကော်စတာ ထွက်သွားခဲ့ပါက ဖီအိုရင်တီးနားက ချီယေဆာနဲ့ ရှန်ဟိုင်းရှင်ဟွာ အယ်ရှာရာဝီတို့ နှစ် ဦးထဲက တစ်ဦးကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

zawgyi version

ေဒါက္ကလပ္ေကာ္စတာကို ဝုလ္ဗာဟမ္တန္ကို ေျပာင္းေရႊ႕ဖို႔အတြက္ ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္ ဖိအားေပးေနတယ္ လို႔ သိရ
ဂ်ဴဗင္တပ္အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ အတြက္ ရုန္းကန္ေနရတဲ့ ေဒါက္ကလပ္ေကာ္စတာကို ပရီးမီးယားလိဂ္ကလပ္ျဖစ္ တဲ့ ဝုလ္ဗာဟမ္တန္ကို ေျပာင္းေရႊ႕ဖို႔အတြက္ ေပၚတူဂီလူမ်ိဳးေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္က ဖိအားေပးေနတယ္လို႔ Tuttosport ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဝုလ္ဗာဟမ္တန္ဟာ လီဗာပူးကို ေျပာင္းေရႊ႕သြားတဲ့ ဂ်ိဳတာရဲ႕ေနရာအတြက္ ကစားသမားသစ္ ရွာေဖြေနတယ္လို႔လည္း သိရပါတယ္။
စီေရာ္နယ္ဒိုရဲ႕ေအးဂ်င့္လည္းျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္က ဂ်ဴဗင္တပ္မွာ အနာဂတ္မေသမခ်ာျဖစ္ေနတဲ့ ေဒါက္ကလပ္ေကာ္ စတာအတြက္ အသင္းသစ္ ရွာေဖြေပးခဲ့တာျဖစ္ပါတယ္။ ေဒါက္ကလပ္ေကာ္စတာဟာ စီးရီးေအအဖြင့္ပြဲစဥ္ျဖစ္တဲ့ ဆမ္ဒိုး ရီးယားကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲမွာ ၈ မိနစ္ပဲ ကစားခြင့္ရခဲ့သလို နည္းျပသစ္ ပီယာလိုကလည္း သူကို ႏွစ္သက္မႈ မရွိ ဘူးလို႔ သိရပါတယ္။
၂၀၁၈ ခုႏွစ္ကို ဂ်ဴဗင္တပ္ကို ေရာက္ရွိလာခဲ့တဲ့ ေဒါက္ကလပ္ေကာ္စတာဟာ ၿပိဳင္ပြဲစံုပြဲေပါင္း ၁၀၂ ပြဲမွာ ၁၀ ဂိုးသြင္းၿပီး ဂိုး ဖန္တီးမႈ ၂၁ ၾကိမ္အထိ ျပဳလုပ္ထားႏိုင္သူျဖစ္ပါတယ္။ ေဒါက္ကလပ္ေကာ္စတာအေနနဲ႔ ဝုလ္ဗာဟမ္တန္ကို ေျပာင္းေရႊ႕ခဲ့ ပါက ေတာင္ပံကစားသမား ထရာအိုေရးနဲ႔ အတူ ေတာင္ပံေတြမွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္မယ္လို႔လည္း သတင္းေတြက ေဖာ္ျပေနခဲ့ၾကတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လပိုင္းအတြင္းတုန္းကေတာ့ ယူႏိုက္တက္က ေဒါက္ကလပ္ေကာ္စတာကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားမႈေတြရွိ တယ္ဆိုၿပီး သတင္းေတြထြက္ေပၚခဲ့ေပမယ့္ တရားဝင္ကမ္းလွမ္းခဲ့တာမ်ိဳးေတြေတာ့ မရွိခဲ့ပါဘူး။ ဂ်ဴဗင္တပ္အသင္းဘက္ ကလည္း ေဒါက္ကလပ္ေကာ္စတာ ထြက္သြားခဲ့ပါက ဖီအိုရင္တီးနားက ခ်ီေယဆာနဲ႔ ရွန္ဟိုင္းရွင္ဟြာ အယ္ရွာရာဝီတို႔ ႏွစ္ ဦးထဲက တစ္ဦးကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။