စပို့တင်းလစ္စဘွန်း လူငယ်အကယ်ဒမီကို စီရော်နယ်ဒို လို့ အမည်ပြောင်းပြီး ဂုဏ်ပြုခဲ့တယ်လို့ သိရ

ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းက လူငယ်အကယ်ဒမီရဲ့ အမည်ကို ကစားသမားဟောင်း စီရော်နယ်ဒိုရဲ့အမည်ပြောင်း လဲပြီး ဂုဏ်ပြုခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၅ ကြိမ် ရရှိ ထားတဲ့ စီရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းလူငယ်အကယ်ဒမီက ထွက်ပေါ်လာတဲ့သူဖြစ်ပြီး လူငယ်တွေအနေနဲ့ စီရော် နယ်ဒိုကို အားကျအတုယူနိုင်အောင် အခုလို အမည်ပြောင်းလဲလိုက်တာ ဖြစ်ကြောင်းလည်း သိရပါတယ်။


စီရော်နယ်ဒိုဟာ အသက် ၁၂ နှစ်ကတည်းက စပို့တင်းလစ္စဘွန်းအသင်းကို ရောက်ရှိနေခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ စပို့တင်းလစ္စ ဘွန်းဘီ အသင်းမှာကစားခဲ့ပြီး အသင်းကြီးထံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းမှာ တစ်နှစ်တာ ကစားပြီး နောက်မှာ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ပထမဆုံးအကြိမ်ရရှိခဲ့ တာလည်း ဖြစ်ပါတယ်။


ယူနိုက်တက်မှာ ၆ နှစ်တာ ကစားခဲ့တဲ့အချိန်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို သုံးကြိမ်အထိရရှိခဲ့တဲ့ စီရော်နယ်ဒို ဟာ ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်ကို ပြောင်းရွှေ့သွားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို နောက်ထပ် လေးကြိမ်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရီးရဲလ်မှာ ၉ နှစ်တာ ကစားပြီးနောက်မှာတော့ စီရော်နယ်ဒိုဟာ စီးရီးအေကလပ် ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့ တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်၊လာလီဂါနဲ့ စီးရီးအေပြိုင်ပွဲတွေမှာ အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။


စပိုတင်းလစ္စဘွန်း အကယ်ဒမီရဲ့ တာဝန်ရှိသူတွေကတော့ အခုလို စီရော်နယ်ဒိုရဲ့အမည်ပြောင်းလဲပြီး ဂုဏ်ပြုခဲ့ရခြင်းက အကယ်ဒမီမှာရှိတဲ့ လူငယ်ကစားသမားတွေအနေနဲ့ စီရော်နယ်ဒိုကို အားကျအတုယူပြီး သူလိုမျိုးဖြစ်အောင်အတွက် ရည် ရွယ်တယ်လို့ ပြောခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်းရဲ့ လူငယ်အကယ်ဒမီရဲ့ အမည်ဖြစ်တဲ့ Sporting Clube de Portugal ကနေ Academia Cristiano Ronaldo ဆိုပြီး ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

စပို႔တင္းလစၥဘြန္း လူငယ္အကယ္ဒမီကို စီေရာ္နယ္ဒို လို႔ အမည္ေျပာင္းၿပီး ဂုဏ္ျပဳခဲ့တယ္လို႔ သိရ
ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္းက လူငယ္အကယ္ဒမီရဲ႕ အမည္ကို ကစားသမားေဟာင္း စီေရာ္နယ္ဒိုရဲ႕အမည္ေျပာင္း လဲၿပီး ဂုဏ္ျပဳခဲ့တယ္လို႔ ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ သိရပါတယ္။ ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ၅ ၾကိမ္ ရရွိ ထားတဲ့ စီေရာ္နယ္ဒိုဟာ စပို႔တင္းလစၥဘြန္းလူငယ္အကယ္ဒမီက ထြက္ေပၚလာတဲ့သူျဖစ္ၿပီး လူငယ္ေတြအေနနဲ႔ စီေရာ္ နယ္ဒိုကို အားက်အတုယူႏိုင္ေအာင္ အခုလို အမည္ေျပာင္းလဲလိုက္တာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။
စီေရာ္နယ္ဒိုဟာ အသက္ ၁၂ ႏွစ္ကတည္းက စပို႔တင္းလစၥဘြန္းအသင္းကို ေရာက္ရွိေနခဲ့ၿပီး ၂၀၀၂ ခုႏွစ္မွာ စပို႔တင္းလစၥ ဘြန္းဘီ အသင္းမွာကစားခဲ့ၿပီး အသင္းၾကီးထံကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ စပို႔တင္းလစၥဘြန္းမွာ တစ္ႏွစ္တာ ကစားၿပီး ေနာက္မွာ ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ပထမဆံုးအၾကိမ္ရရွိခဲ့ တာလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္မွာ ၆ ႏွစ္တာ ကစားခဲ့တဲ့အခ်ိန္အတြင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို သံုးၾကိမ္အထိရရွိခဲ့တဲ့ စီေရာ္နယ္ဒို ဟာ ၂၀၀၉ ခုႏွစ္မွာ ရီးရဲလ္ကို ေျပာင္းေရႊ႕သြားခဲ့ၿပီး ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ေနာက္ထပ္ ေလးၾကိမ္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ရီးရဲလ္မွာ ၉ ႏွစ္တာ ကစားၿပီးေနာက္မွာေတာ့ စီေရာ္နယ္ဒိုဟာ စီးရီးေအကလပ္ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ခဲ့ တာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္၊လာလီဂါနဲ႔ စီးရီးေအၿပိဳင္ပြဲေတြမွာ အမွတ္ေပးခ်န္ပီယံဆုကို ရရွိခဲ့တဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္။
စပိုတင္းလစၥဘြန္း အကယ္ဒမီရဲ႕ တာဝန္ရွိသူေတြကေတာ့ အခုလို စီေရာ္နယ္ဒိုရဲ႕အမည္ေျပာင္းလဲၿပီး ဂုဏ္ျပဳခဲ့ရျခင္းက အကယ္ဒမီမွာရွိတဲ့ လူငယ္ကစားသမားေတြအေနနဲ႔ စီေရာ္နယ္ဒိုကို အားက်အတုယူၿပီး သူလိုမ်ိဳးျဖစ္ေအာင္အတြက္ ရည္ ရြယ္တယ္လို႔ ေျပာခဲ့ပါတယ္။ စပို႔တင္းလစၥဘြန္းရဲ႕ လူငယ္အကယ္ဒမီရဲ႕ အမည္ျဖစ္တဲ့ Sporting Clube de Portugal ကေန Academia Cristiano Ronaldo ဆိုၿပီး ေျပာင္းလဲခဲ့တာပဲ ျဖစ္ပါတယ္။