အခုအသက်အရွယ်မှာ နှစ်ဂိုးသွင်းနိုင်ပေမယ့် အသက် ၂၀ တုန်းကဆိုရင် လေးဂိုးအထိ သွင်းနိုင်မယ်လို့ ပြောခဲ့တဲ့ အေဘရာဟီမိုဗစ်

၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ စီးရီးအေအဖွင့်ပွဲစဉ်အဖြစ် ဘိုလော့ဂ်နာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ အေစီမီ လန်ကတော့ တိုက်စစ်မှူး အေဘရာဟီမိုဗစ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နည်းပြ ပိုင်အိုလီရဲ့လက်အောက်မှာ ပုံစံ ကောင်းရနေတဲ့ အေစီမီလန်ဟာ အိမ်ကွင်းပွဲစဉ်မှာတော့ အမှားအယွင်းမရှိဘဲ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံ နောက်ဆုံး ၁၉ ပွဲဆက် ရှုံးပွဲ မရှိခဲ့တာပဲ ဖြစ်ပါတယ်။


ဘိုလော့ဂ်နာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ အေစီမီလန်အတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးသွင်းယူပေးခဲ့တဲ့ အေဘရာဟီမိုဗစ်က သူရဲ့လက်ရှိအသက်အရွယ်ကြောင့် နှစ်ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် အသက် ၂၀ ပဲရှိဦးမယ်ဆိုရင် ဘိုလော့ဂ်နာနဲ့ပွဲမှာ လေးဂိုး အထိ သွင်းယူနိုင်မယ်လို့ ပြောခဲ့ပါတယ်။ အေဘရာဟီမိုဗစ်ဟာ ဟက်ထရစ် ရယူနိုင်ဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် နောက်ထပ်တစ်ဂိုး မသွင်းယူနိုင်တာကို ရည်ရွယ်ပြီးပြောခဲ့တာဖြစ်ပါတယ်။


အေဘရာဟီမိုဗစ်အနေနဲ့ ဘိုလော့ဂ်နာနဲ့ ပွဲမှာသာ ဟက်ထရစ်သွင်းယူနိုင်ခဲ့မယ်ဆိုရင် စီးရီးအေပြိုင်ပွဲရဲ့ အသက်အကြီးဆုံး ဟက်ထရစ်ရသူအဖြစ်လည်း မှတ်တမ်းဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ပွဲအပြီးမှာတော့ အေဘရာဟီမိုဗစ်က “ ဒါက ဒီရာ သီအတွက် ဒုတိယမြောက် တရားဝင်ပြိုင်ပွဲပါ။ ကျွန်တော်တို့ အနိုင်ရခဲ့ပြီး ဒီထက် ဂိုးပိုသွင်းနိုင်ရမှာပါ။ ဒီပွဲမှာ နှစ်ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် အသက် ၂၀ တုန်းကသာ အခုပွဲကို ကစားခွင့်ရခဲ့မယ်ဆိုရင် လေးဂိုးအထိ သွင်းယူနိုင်မှာပါ” လို့ ပြောခဲ့ပါ တယ်။


အေစီမီလန်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ယူရိုပါလိဂ်ခြေစစ်ပွဲစဉ်အဖြစ် အိုင်ယာလန်ကလပ် ရှမ်ရော့ရိုဗာနဲ့ ကစားခဲ့ရပြီး အီဘရာဟီမိုဗစ်၊ ကယ်ဟာနိုဂလူတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာလည်း အေစီ မီလန်ဟာ ယူရိုပါလိဂ်တတိယအဆင့် ခြေစစ်ပွဲစဉ်အဖြစ် နော်ဝေကလပ် ဘိုဒိုဂျီမက် ကို အိမ်ကွင်းမှာလက်ခံကစားရမှာ ဖြစ် ပါတယ်။ ယူအီးအက်ဖ်အေက ခြေစစ်ပွဲအဆင့်ပွဲစဉ်တွေကို တစ်ကျော့တည်းယှဉ်ပြိုင်ကစားဖို့ ညွှန်ကြားထားတယ်လို့ သိရ ပါတယ်။

zawgyi version

အခုအသက္အရြယ္မွာ ႏွစ္ဂိုးသြင္းႏိုင္ေပမယ့္ အသက္ ၂၀ တုန္းကဆိုရင္ ေလးဂိုးအထိ သြင္းႏိုင္မယ္လို႔ ေျပာခဲ့တဲ့ ေအဘရာဟီမိုဗစ္
၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ စီးရီးေအအဖြင့္ပြဲစဥ္အျဖစ္ ဘိုေလာ့ဂ္နာအသင္းကို အိမ္ကြင္းမွာ လက္ခံကစားခဲ့တဲ့ ေအစီမီ လန္ကေတာ့ တိုက္စစ္မွဴး ေအဘရာဟီမိုဗစ္ရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ နည္းျပ ပိုင္အိုလီရဲ႕လက္ေအာက္မွာ ပံုစံ ေကာင္းရေနတဲ့ ေအစီမီလန္ဟာ အိမ္ကြင္းပြဲစဥ္မွာေတာ့ အမွားအယြင္းမရွိဘဲ အႏိုင္ရခဲ့တာေၾကာင့္ ၿပိဳင္ပြဲစံု ေနာက္ဆံုး ၁၉ ပြဲဆက္ ရႈံးပြဲ မရွိခဲ့တာပဲ ျဖစ္ပါတယ္။
ဘိုေလာ့ဂ္နာကို ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲမွာ ေအစီမီလန္အတြက္ အႏိုင္ဂိုးႏွစ္ဂိုးစလံုးသြင္းယူေပးခဲ့တဲ့ ေအဘရာဟီမိုဗစ္က သူရဲ႕လက္ရွိအသက္အရြယ္ေၾကာင့္ ႏွစ္ဂိုးသာ သြင္းႏိုင္ခဲ့ေပမယ့္ အသက္ ၂၀ ပဲရွိဦးမယ္ဆိုရင္ ဘိုေလာ့ဂ္နာနဲ႔ပြဲမွာ ေလးဂိုး အထိ သြင္းယူႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ ေအဘရာဟီမိုဗစ္ဟာ ဟက္ထရစ္ ရယူႏိုင္ဖို႔ အခြင့္အေရးရရွိခဲ့ေပမယ့္ ေနာက္ထပ္တစ္ဂိုး မသြင္းယူႏိုင္တာကို ရည္ရြယ္ၿပီးေျပာခဲ့တာျဖစ္ပါတယ္။
ေအဘရာဟီမိုဗစ္အေနနဲ႔ ဘိုေလာ့ဂ္နာနဲ႔ ပြဲမွာသာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့မယ္ဆိုရင္ စီးရီးေအၿပိဳင္ပြဲဲရဲ႕ အသက္အၾကီးဆံုး ဟက္ထရစ္ရသူအျဖစ္လည္း မွတ္တမ္းဝင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ပြဲအၿပီးမွာေတာ့ ေအဘရာဟီမိုဗစ္က “ ဒါက ဒီရာ သီအတြက္ ဒုတိယေျမာက္ တရားဝင္ၿပိဳင္ပြဲပါ။ ကြ်န္ေတာ္တို႔ အႏိုင္ရခဲ့ၿပီး ဒီထက္ ဂိုးပိုသြင္းႏိုင္ရမွာပါ။ ဒီပြဲမွာ ႏွစ္ဂိုးသာ သြင္းႏိုင္ခဲ့ေပမယ့္ အသက္ ၂၀ တုန္းကသာ အခုပြဲကို ကစားခြင့္ရခဲ့မယ္ဆိုရင္ ေလးဂိုးအထိ သြင္းယူႏိုင္မွာပါ” လို႔ ေျပာခဲ့ပါ တယ္။
ေအစီမီလန္ဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ယူရိုပါလိဂ္ေျခစစ္ပြဲစဥ္အျဖစ္ အိုင္ယာလန္ကလပ္ ရွမ္ေရာ့ရိုဗာနဲ႔ ကစားခဲ့ရၿပီး အီဘရာဟီမိုဗစ္၊ ကယ္ဟာႏိုဂလူတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ လာမယ့္ ၾကာသပေတးေန႔မွာလည္း ေအစီ မီလန္ဟာ ယူရိုပါလိဂ္တတိယအဆင့္ ေျခစစ္ပြဲစဥ္အျဖစ္ ေနာ္ေဝကလပ္ ဘိုဒိုဂ်ီမက္ ကို အိမ္ကြင္းမွာလက္ခံကစားရမွာ ျဖစ္ ပါတယ္။ ယူအီးအက္ဖ္ေအက ေျခစစ္ပြဲအဆင့္ပြဲစဥ္ေတြကို တစ္ေက်ာ့တည္းယွဥ္ၿပိဳင္ကစားဖို႔ ညႊန္ၾကားထားတယ္လို႔ သိရ ပါတယ္။