အသင်းကပိုကောင်းလာတယ်လို့ ဘိုနူချီ ပြောခဲ့ပေမယ့် ပီယာလိုကတော့ စီရော်နယ်ဒိုကို အနားပေးဖို့ လိုအပ်တယ်လို့ ပြောကြား

စီးရီးအေအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဆမ်ဒိုးရီးယားကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူဖြစ်တဲ့ ဘိုနူချီက နည်းပြသစ် ပီယာလိုရဲ့လက်အောက်မှာ အသင်းက ပိုကောင်းလာတယ်လို့ ပြောခဲ့ပြီး ပီယာလိုကတော့ အသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုကို ဒီရာသီမှာ အနားပေးဖို့ လိုအပ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။


ပီယာလိုအနေနဲ့ ပြီးခဲ့တဲ့လက နည်းပြဟောင်း ဆာရီရဲ့နေရာကို အစားထိုးကာ ဂျူဗင်တပ်အသင်းနည်းပြဖြစ်လာခဲ့တာ ဖြစ်ပြီး သူရဲ့လက်အောက်မှာ အသင်းရဲ့တိုက်စစ်ကစားပုံ ပိုကောင်းလာတယ်လို့ ဘိုနူချီက ပြောခဲ့ပါတယ်။ ဆမ်ဒိုးရီးယား ကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဘိုနူချီအနေနဲ့ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သလို ကူလူဆက်စကီးနဲ့ စီရော်နယ်ဒိုတို့ကလည်း တစ်ဂိုးစီသွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ Sky Sport Italia ကနေတဆင့် ဘိုနူချီက “ အသင်းက နည်းပြသစ် ပီယာလိုရဲ့လက်အောက်မှာ ကစားပုံ ပိုကောင်းလာတယ်လို့ ဆိုရမှာပါ။ ဘောလုံးပိုင်ဆိုင်မှုတွေ ပိုများလာသလို တိုက်စစ်ကိုလည်း အကောင်းဆုံးပံပိုးမှုတွေ ပြုလုပ်လာနိုင်တာကို တွေ့ရပါတယ်။ တစ်ဦးချင်းလည်း လွတ်လွတ်လပ်လပ်နဲ့ ဘောလုံးကို ကစားလာနိုင်တာကို တွေ့ရမှာ ပါ” ဆိုပြီး ပြောခဲ့ပါတယ်။


ဂျူဗင်တပ်နည်းပြ ပီယာလိုကတော့ ရာသီအစပွဲစဉ်မှာ အနိုင်ရတဲ့အတွက် ကျေနပ်မိကြောင်းနဲ့ အသက် ၃၅ နှစ်ရှိနေပြီဖြစ် တဲ့ စီရော်နယ်ဒိုကို ဒီရာသီမှာ အနားပေးနိုင်ဖို့ လိုအပ်ကြောင်းပြောခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်ကို ပြောင်းရွှေ့က စားခဲ့တဲ့ နှစ်ရာသီစလုံးမှာ အသင်းအတွက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းကစားသမားအဖြစ် နှစ်ရာသီစလုံး ရှိနေခဲ့ သူလည်း ဖြစ်ပါတယ်။

zawgyi version

အသင္းကပိုေကာင္းလာတယ္လို႔ ဘိုႏူခ်ီ ေျပာခဲ့ေပမယ့္ ပီယာလိုကေတာ့ စီေရာ္နယ္ဒိုကို အနားေပးဖို႔ လိုအပ္တယ္လို႔ ေျပာၾကား
စီးရီးေအအဖြင့္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ဆမ္ဒိုးရီးယားကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲအၿပီးမွာ ဂ်ဴဗင္တပ္အသင္းရဲ႕ ေနာက္ခံလူျဖစ္တဲ့ ဘိုႏူခ်ီက နည္းျပသစ္ ပီယာလိုရဲ႕လက္ေအာက္မွာ အသင္းက ပိုေကာင္းလာတယ္လို႔ ေျပာခဲ့ၿပီး ပီယာလိုကေတာ့ အသင္းရဲ႕ အဓိကတိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ စီေရာ္နယ္ဒိုကို ဒီရာသီမွာ အနားေပးဖို႔ လိုအပ္ေၾကာင္း ေျပာခဲ့တယ္လို႔ သိရပါတယ္။
ပီယာလိုအေနနဲ႔ ၿပီးခဲ့တဲ့လက နည္းျပေဟာင္း ဆာရီရဲ႕ေနရာကို အစားထိုးကာ ဂ်ဴဗင္တပ္အသင္းနည္းျပျဖစ္လာခဲ့တာ ျဖစ္ၿပီး သူရဲ႕လက္ေအာက္မွာ အသင္းရဲ႕တိုက္စစ္ကစားပံု ပိုေကာင္းလာတယ္လို႔ ဘိုႏူခ်ီက ေျပာခဲ့ပါတယ္။ ဆမ္ဒိုးရီးယား ကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲမွာ ဘိုႏူခ်ီအေနနဲ႔ အသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးသြင္းယူေပးခဲ့သလို ကူလူဆက္စကီးနဲ႔ စီေရာ္နယ္ဒိုတို႔ကလည္း တစ္ဂိုးစီသြင္းယူခဲ့ၾကတာ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ Sky Sport Italia ကေနတဆင့္ ဘိုႏူခ်ီက “ အသင္းက နည္းျပသစ္ ပီယာလိုရဲ႕လက္ေအာက္မွာ ကစားပံု ပိုေကာင္းလာတယ္လို႔ ဆိုရမွာပါ။ ေဘာလံုးပိုင္ဆိုင္မႈေတြ ပိုမ်ားလာသလို တိုက္စစ္ကိုလည္း အေကာင္းဆံုးပံပိုးမႈေတြ ျပဳလုပ္လာႏိုင္တာကို ေတြ႕ရပါတယ္။ တစ္ဦးခ်င္းလည္း လြတ္လြတ္လပ္လပ္နဲ႔ ေဘာလံုးကို ကစားလာႏိုင္တာကို ေတြ႔ရမွာ ပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။
ဂ်ဴဗင္တပ္နည္းျပ ပီယာလိုကေတာ့ ရာသီအစပြဲစဥ္မွာ အႏိုင္ရတဲ့အတြက္ ေက်နပ္မိေၾကာင္းနဲ႔ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္ တဲ့ စီေရာ္နယ္ဒိုကို ဒီရာသီမွာ အနားေပးႏိုင္ဖို႔ လိုအပ္ေၾကာင္းေျပာခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕က စားခဲ့တဲ့ ႏွစ္ရာသီစလံုးမွာ အသင္းအတြက္ တစ္ရာသီအတြင္း ဂိုးအမ်ားဆံုးသြင္းကစားသမားအျဖစ္ ႏွစ္ရာသီစလံုး ရွိေနခဲ့ သူလည္း ျဖစ္ပါတယ္။