ရာသီသစ်အတွက် ယူရိုပါလိဂ်နိုင်ပွဲက အရေးပါတယ်ဆိုပြီး ဝန်ခံခဲ့တဲ့ အေစီမီလန်နည်းပြ ပိုင်အိုလီ

အေစီမီလန်နည်းပြ ပိုင်အိုလီက ပြီးခဲ့တဲ့ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အနိုင်ရခဲ့တာဟာ အသင်းရဲ့ ရာသီသစ်အတွက် အရေးပါတဲ့ စွမ်းဆောင်မှုကို ပြုလုပ်နိုင်ခဲ့တယ်ဆိုပြီး ဝန်ခံသွားခဲ့ပါတယ်။ အေစီမီလန်ဟာ ယူရိုပါလိဂ် ဒုတိယအဆင့်ခြေစစ်ပွဲစဉ်မှာ အိုင်ယာလန်ကလပ် ရှမ်ရော့ခ်ရိုဗာကို အေဘရာဟီမိုဗစ်၊ ကယ်ဟာနိုဂလူတို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။


အေစီမီလန်ဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် နည်းပြ ပိုင်အိုလီကို ခန့်အပ်ခဲ့တာဖြစ်ပြီး ကိုဗစ်အလွန်ပွဲ စဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ရာသီအကုန်မှာတော့ ယူရိုပါလိဂ်ပြိုင်ပွဲကို ကစားခွင့်ရရှိခဲ့သလို အေစီမီလန်အသင်း တာဝန်ရှိသူတွေကလည်း နည်းပြပိုင်အိုလီကို စာချုပ်သစ်ထပ်မံ ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ရှမ်ရော့ခ်ရိုဗာကို အနိုင်ရခဲ့တာ ကြောင့် အေစီမီလန်ဟာ ၂၀၀၈ ခုနှစ်က ရရှိခဲ့တဲ့ တရားဝင်ပြိုင်ပွဲတွေမှာ ၁၄ ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့တယ် လို့လည်း သိရပါတယ်။


ပွဲအပြီးမှာတော့ အေစီမီလန်နည်းပြ ပိုင်အိုလီက “ ရာသီသစ်အတွက် ပထမဆုံးပွဲစဉ်ဖြစ်သလို ပြိုင်ဘက်ကလည်း အိမ် ကွင်း ကောင်းတဲ့အသင်းဖြစ်တာကြောင့် အလွယ်တကူတော့ အနိုင်ရခဲ့တာမဟုတ်ပါဘူး။ အနိုင်ရခဲ့တာကြောင့် တကယ်ကို ကျေနပ်မိပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည် တိုးတက်လာတာကိုလည်း တွေ့ရပါတယ်။ တစ်ရာသီလုံး အကောင်းဆုံး က စားနိုင်ဖို့ဆိုရင် ပထမဆုံးကစားတဲ့ပွဲမှာ အနိုင်ရဖို့လိုအပ်တာကြောင့် နိုင်ပွဲရအောင်ကစားပေးခဲ့တဲ့အသင်းသားတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။


အေစီမီလန်ဟာ လာမယ့် တနင်္လာနေ့ညမှာတော့ စီးရီးအေအဖွင့်ပွဲစဉ်အဖြစ် ဘိုလော့ဂ်နာအသင်းကို အိမ်ကွင်းမှာလက်ခံ ကစားရမှာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ ယူရိုပါလိဂ်တတိယအဆင့် ခြေစစ်ပွဲစဉ်အဖြစ် နော်ဝေကလပ် ဘိုဒိုဂျီလစ်နဲ့ ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဘိုဒိုဂျီလစ် ဟာ လက်ရှိအချိန်မှာ ခြေစွမ်းကောင်းရနေပြီး နော်ဝေလိဂ်မှာ မိုလ်ဒီကို ၁၃ မှတ် အထိ ဖြတ်ထားနိုင်တယ်လို့ သိရပါတယ်။

zawgyi version

ရာသီသစ္အတြက္ ယူရိုပါလိဂ္ႏိုင္ပြဲက အေရးပါတယ္ဆိုၿပီး ဝန္ခံခဲ့တဲ့ ေအစီမီလန္နည္းျပ ပိုင္အိုလီ
ေအစီမီလန္နည္းျပ ပိုင္အိုလီက ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ ယူရိုပါလိဂ္ပြဲစဥ္မွာ အႏိုင္ရခဲ့တာဟာ အသင္းရဲ႕ ရာသီသစ္အတြက္ အေရးပါတဲ့ စြမ္းေဆာင္မႈကို ျပဳလုပ္ႏိုင္ခဲ့တယ္ဆိုၿပီး ဝန္ခံသြားခဲ့ပါတယ္။ ေအစီမီလန္ဟာ ယူရိုပါလိဂ္ ဒုတိယအဆင့္ေျခစစ္ပြဲစဥ္မွာ အိုင္ယာလန္ကလပ္ ရွမ္ေရာ့ခ္ရိုဗာကို ေအဘရာဟီမိုဗစ္၊ ကယ္ဟာႏိုဂလူတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ႏွစ္ဂိုးျပတ္ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။
ေအစီမီလန္ဟာ ၿပီးခဲ့တဲ့ရာသီက ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ နည္းျပ ပိုင္အိုလီကို ခန္႔အပ္ခဲ့တာျဖစ္ၿပီး ကိုဗစ္အလြန္ပြဲ စဥ္ေတြမွာ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ရာသီအကုန္မွာေတာ့ ယူရိုပါလိဂ္ၿပိဳင္ပြဲကို ကစားခြင့္ရရွိခဲ့သလို ေအစီမီလန္အသင္း တာဝန္ရွိသူေတြကလည္း နည္းျပပိုင္အိုလီကို စာခ်ဳပ္သစ္ထပ္မံ ခ်ဳပ္ဆိုခဲ့တာပဲ ျဖစ္ပါတယ္။ ရွမ္ေရာ့ခ္ရိုဗာကို အႏိုင္ရခဲ့တာ ေၾကာင့္ ေအစီမီလန္ဟာ ၂၀၀၈ ခုႏွစ္က ရရွိခဲ့တဲ့ တရားဝင္ၿပိဳင္ပြဲေတြမွာ ၁၄ ပြဲဆက္ ရႈံးပြဲမရွိတဲ့ စံခ်ိန္ကို လိုက္မီႏိုင္ခဲ့တယ္ လို႔လည္း သိရပါတယ္။
ပြဲအၿပီးမွာေတာ့ ေအစီမီလန္နည္းျပ ပိုင္အိုလီက “ ရာသီသစ္အတြက္ ပထမဆံုးပြဲစဥ္ျဖစ္သလို ၿပိဳင္ဘက္ကလည္း အိမ္ ကြင္း ေကာင္းတဲ့အသင္းျဖစ္တာေၾကာင့္ အလြယ္တကူေတာ့ အႏိုင္ရခဲ့တာမဟုတ္ပါဘူး။ အႏိုင္ရခဲ့တာေၾကာင့္ တကယ္ကို ေက်နပ္မိပါတယ္။ အသင္းရဲ႕ စြမ္းေဆာင္ရည္ တိုးတက္လာတာကိုလည္း ေတြ႕ရပါတယ္။ တစ္ရာသီလံုး အေကာင္းဆံုး က စားႏိုင္ဖို႔ဆိုရင္ ပထမဆံုးကစားတဲ့ပြဲမွာ အႏိုင္ရဖို႔လိုအပ္တာေၾကာင့္ ႏိုင္ပြဲရေအာင္ကစားေပးခဲ့တဲ့အသင္းသားေတြကိုလည္း ေက်းဇူးတင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေအစီမီလန္ဟာ လာမယ့္ တနလၤာေန႔ညမွာေတာ့ စီးရီးေအအဖြင့္ပြဲစဥ္အျဖစ္ ဘိုေလာ့ဂ္နာအသင္းကို အိမ္ကြင္းမွာလက္ခံ ကစားရမွာျဖစ္ၿပီး ၾကာသပေတးေန႔မွာေတာ့ ယူရိုပါလိဂ္တတိယအဆင့္ ေျခစစ္ပြဲစဥ္အျဖစ္ ေနာ္ေဝကလပ္ ဘိုဒိုဂ်ီလစ္နဲ႔ ကစားရဖို႔ ရွိေနတာ ျဖစ္ပါတယ္။ ဘိုဒိုဂ်ီလစ္ ဟာ လက္ရွိအခ်ိန္မွာ ေျခစြမ္းေကာင္းရေနၿပီး ေနာ္ေဝလိဂ္မွာ မိုလ္ဒီကို ၁၃ မွတ္ အထိ ျဖတ္ထားႏုိင္တယ္လို႔ သိရပါတယ္။