ရာသီသစ်အတွက် အသင်းရဲ့လူစာရင်းကို ကြည့်ပြီး ကျေနပ်နေတဲ့ အင်တာမီလန်နည်းပြ ကွန်တီ

ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ ဒုတိယနေရာသာ ရခဲ့ပေမယ့် အသင်းအနေနဲ့ ခြေစွမ်းကောင်းပြနိုင်ခဲ့တာကြောင့် အင်တာမီလန်အသင်းနည်းပြ ကွန်တီအနေနဲ့ ကျေနပ်အားရမှုရှိနေတယ်လို့ သိရပါတယ်။ အင်တာမီလန်ဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီး ယူရိုပါလိဂ်ဆင်းကစားခဲ့ရပေမယ့် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာကြောင့် အောင်မြင် မှု ရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။


အင်တာမီလန်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပြီးခဲ့တဲ့နှစ်က အဌားနဲ့ လာရောက်ကစားခဲ့တဲ့ အလက်ဆစ်ဆန်း ချက်ဇ်၊ ဘာရယ်လာနဲ့ ဆန်ဆီတို့ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့သလို ရီးရဲလ်က ဟာကီမီနဲ့ ရိုးမားက ကိုလာရော့ဗ်တို့ကိုလည်း ခေါ်ယူထားတာကြောင့် နည်းပြ ကွန်တီအနေနဲ့ အသင်းရဲ့လူစာရင်းကို ကျေနပ်နေတာပဲ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေး ကွက်မပိတ်သေးတာကြောင့် အင်တာမီလန်အနေနဲ့ ဘာစီလိုနာကွင်းလယ်လူ ဗီဒယ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။


အင်တာမီလန်အသင်းနည်းပြ ကွန်တီဟာ ၃-၅-၂ ကစားကွက်ပုံစံကိုအသုံးပြုလေ့ရှိတာကြောင့် အသင်းရဲ့လက်ရှိလူစာရင်း အရ အကောင်းဆုံးကစားနိုင်ပြီး စီးရီးအေချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ ထင်ကြေးပေးခံနေရပါတယ်။ အစောပိုင်းတုန်း က ကွန်တီအနေနဲ့ အင်တာမီလန်နည်းပြ ရာထူးက ထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက် ပိုင်းမှာတော့ အင်တာမီလန်အသင်းတာဝန်ရှိသူတွေက ကွန်တီကို အသင်းနည်းပြအဖြစ်ဆက်ရှိနေမယ်လို့ အတည်ပြုခဲ့တာ ပဲ ဖြစ်ပါတယ်။


အင်တာမီလန်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်ကို အဌားချထားခဲ့တဲ့ တောင်ပံကစားသမား ပါရီဆစ်ကို ယူ နိုက်တက်နောက်ခံလူ စမောလင်းနဲ့ ကစားသမားအလဲအထပ်ပြုလုပ်ဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေသ လို ဘာစီလိုနာ၊ ရီးရဲလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး မာတီနက်ဇ်ကလည်း အသင်းမှာပဲ ဆက်နေတော့ မယ်လို့ သိရပါတယ်။

zawgyi version

ရာသီသစ္အတြက္ အသင္းရဲ႕လူစာရင္းကို ၾကည့္ၿပီး ေက်နပ္ေနတဲ့ အင္တာမီလန္နည္းျပ ကြန္တီ
ၿပီးခဲ့တဲ့ရာသီက စီးရီးေအၿပိဳင္ပြဲမွာ ဒုတိယေနရာသာ ရခဲ့ေပမယ့္ အသင္းအေနနဲ႔ ေျခစြမ္းေကာင္းျပႏိုင္ခဲ့တာေၾကာင့္ အင္တာမီလန္အသင္းနည္းျပ ကြန္တီအေနနဲ႔ ေက်နပ္အားရမႈရွိေနတယ္လို႔ သိရပါတယ္။ အင္တာမီလန္ဟာ ၿပီးခဲ့တဲ့ႏွစ္က ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရၿပီး ယူရိုပါလိဂ္ဆင္းကစားခဲ့ရေပမယ့္ ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့တာေၾကာင့္ ေအာင္ျမင္ မႈ ရခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။
အင္တာမီလန္ဟာ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ၿပီးခဲ့တဲ့ႏွစ္က အဌားနဲ႔ လာေရာက္ကစားခဲ့တဲ့ အလက္ဆစ္ဆန္း ခ်က္ဇ္၊ ဘာရယ္လာနဲ႔ ဆန္ဆီတို႔ကို အၿပီးသတ္ေခၚယူႏိုင္ခဲ့သလို ရီးရဲလ္က ဟာကီမီနဲ႔ ရိုးမားက ကိုလာေရာ့ဗ္တို႔ကိုလည္း ေခၚယူထားတာေၾကာင့္ နည္းျပ ကြန္တီအေနနဲ႔ အသင္းရဲ႕လူစာရင္းကို ေက်နပ္ေနတာပဲ ျဖစ္ပါတယ္။ အေျပာင္းအေရႊ႕ေစ်း ကြက္မပိတ္ေသးတာေၾကာင့္ အင္တာမီလန္အေနနဲ႔ ဘာစီလိုနာကြင္းလယ္လူ ဗီဒယ္ကို ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ လည္း သိရပါတယ္။
အင္တာမီလန္အသင္းနည္းျပ ကြန္တီဟာ ၃-၅-၂ ကစားကြက္ပံုစံကိုအသံုးျပဳေလ့ရွိတာေၾကာင့္ အသင္းရဲ႕လက္ရွိလူစာရင္း အရ အေကာင္းဆံုးကစားႏိုင္ၿပီး စီးရီးေအခ်န္ပီယံဆုကို စိန္ေခၚႏိုင္မယ္လို႔ ထင္ေၾကးေပးခံေနရပါတယ္။ အေစာပိုင္းတုန္း က ကြန္တီအေနနဲ႔ အင္တာမီလန္နည္းျပ ရာထူးက ထုတ္ပယ္ခံရႏိုင္တယ္ဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ေနာက္ ပိုင္းမွာေတာ့ အင္တာမီလန္အသင္းတာဝန္ရွိသူေတြက ကြန္တီကို အသင္းနည္းျပအျဖစ္ဆက္ရွိေနမယ္လို႔ အတည္ျပဳခဲ့တာ ပဲ ျဖစ္ပါတယ္။
အင္တာမီလန္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္ကို အဌားခ်ထားခဲ့တဲ့ ေတာင္ပံကစားသမား ပါရီဆစ္ကို ယူ ႏိုက္တက္ေနာက္ခံလူ စေမာလင္းနဲ႔ ကစားသမားအလဲအထပ္ျပဳလုပ္ဖို႔ လုပ္ေဆာင္ေနတယ္ဆိုတဲ့ သတင္းေတြထြက္ေနသ လို ဘာစီလိုနာ၊ ရီးရဲလ္တို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ တိုက္စစ္မွဴး မာတီနက္ဇ္ကလည္း အသင္းမွာပဲ ဆက္ေနေတာ့ မယ္လို႔ သိရပါတယ္။