ဘာစီလိုနာ၊ ရီးရဲလ်တို့က အလိုရှိနေတဲ့ မာတီနက်ဇ်အနေနဲ့ အင်တာမီလန်မှာပဲ ဆက်နေမယ်လို့ အေးဂျင့်ဖြစ်သူ ပြောကြား

အင်တာမီလန်အသင်းတိုက်စစ်မှူး မာတီနက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူက သူရဲ့ကစားသမားကို လာလီဂါထိပ်သီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် လက်ရှိအသင်းမှာပဲ ဆက်ကစားသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က အင်တာမီလန်အသင်းတာဝန်ရှိသူတွေက မာတီနက်ဇ်ကို ခေါ်ယူဖို့ ရီးရဲလ်က စိတ် ဝင်စားနေတယ်လို့ အတည်ပြုခဲ့ပြီးနောက်မှာ အေးဂျင့် ကားလို့စ်ဘီတိုယာကွေး က အခုလိုပြောခဲ့တာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့လပိုင်းတုန်းက ဘာစီလိုနာဟာ မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်ဆိုပေမယ့် တရားဝင်ကမ်းလှမ်းခဲ့တာမျိုး တွေတော့ လုပ်ဆောင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ရာသီကြိုအစည်းအဝေးအပြီးမှာတော့ မာတီ နက်ဇ်ရဲ့ အေးဂျင်းက ၎င်းရဲ့ကစားသမားမှာ လာမယ့်ရာသီ အင်တာမီလန်အသင်းမှာပဲ ဆက်နေဖို့အတွက် သေချာနေခဲ့ပြီ လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။


အင်တာမီလန်အသင်းရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ ဂျာဗီးယားဇနက်တီက မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအနေနဲ့ တရားဝင်ကမ်းလှမ်းခဲ့တာမျိုးတွေ တစ်ခါမှလုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ ဇနက်တီက မာတီနက်ဇ် လို တိုက်စစ်မှူးကောင်းတစ်ယောက်ကို အသင်းကြီးတွေအနေနဲ့ လိုချင်တာကို နားလည်မှုရှိကြောင်းလည်း ပြောခဲ့ပါတယ်။ မာတီနက်ဇ်ရဲ့ စာချုပ်ပါလျော်ကြေး ယူရို ၁၁၁ သန်းကလည်း ပြီးခဲ့တဲ့ဇူလိုင်က ပြီးဆုံးသွားပေမယ့် စာချုပ်သက်တမ်းက သုံးနှစ်ကျန်ရှိနေသေးတာပဲ ဖြစ်ပါတယ်။


Tyc Sports ကနေပြီး ဇနက်တီက “ မာတီနက်ဇ်က အသက်ငယ်သေးပြီး ကစားသမားကောင်းတစ်ယောက်ဖြစ်လို့ သူကို ခေါ်ယူချင်တဲ့ အသင်းတွေရှိတာ နားလည်ပါတယ်။ ဒါပေမယ့် မာတီနက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် အင်တာမီလန်ဟာ ဘာစီလိုနာနဲ့ တစ်ခါမှ မဆွေးနွေးဖူးပါဘူး။ လက်ရှိမှာ မာတီနက်ဇ်အနေနဲ့ အီတလီမှာ ပျော်ရွှင်နေပြီး နည်းပြကွန်တီက လည်း သူရဲ့ ခြေစွမ်းတိုးတက်အောင် ကူညီပေးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာ၊ ရီးရဲလ္တို႔က အလိုရွိေနတဲ့ မာတီနက္ဇ္အေနနဲ႔ အင္တာမီလန္မွာပဲ ဆက္ေနမယ္လို႔ ေအးဂ်င့္ျဖစ္သူ ေျပာၾကား
အင္တာမီလန္အသင္းတိုက္စစ္မွဴး မာတီနက္ဇ္ရဲ႕ ေအးဂ်င့္ျဖစ္သူက သူရဲ႕ကစားသမားကို လာလီဂါထိပ္သီးအသင္းေတြ ျဖစ္တဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္တို႔က ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ လက္ရွိအသင္းမွာပဲ ဆက္ကစားသြားမွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔က အင္တာမီလန္အသင္းတာဝန္ရွိသူေတြက မာတီနက္ဇ္ကို ေခၚယူဖို႔ ရီးရဲလ္က စိတ္ ဝင္စားေနတယ္လို႔ အတည္ျပဳခဲ့ၿပီးေနာက္မွာ ေအးဂ်င့္ ကားလို႔စ္ဘီတိုယာေကြး က အခုလိုေျပာခဲ့တာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လပိုင္းတုန္းက ဘာစီလိုနာဟာ မာတီနက္ဇ္ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့တယ္ဆိုေပမယ့္ တရားဝင္ကမ္းလွမ္းခဲ့တာမ်ိဳး ေတြေတာ့ လုပ္ေဆာင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။ တနလၤာေန႔က ျပဳလုပ္ခဲ့တဲ့ ရာသီၾကိဳအစည္းအေဝးအၿပီးမွာေတာ့ မာတီ နက္ဇ္ရဲ႕ ေအးဂ်င္းက ၄င္းရဲ႕ကစားသမားမွာ လာမယ့္ရာသီ အင္တာမီလန္အသင္းမွာပဲ ဆက္ေနဖို႔အတြက္ ေသခ်ာေနခဲ့ၿပီ လို႔ ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
အင္တာမီလန္အသင္းရဲ႕ ဒုတိယဥကၠဌျဖစ္တဲ့ ဂ်ာဗီးယားဇနက္တီက မာတီနက္ဇ္ကို ေခၚယူဖို႔အတြက္ ဘာစီလိုနာအေနနဲ႔ တရားဝင္ကမ္းလွမ္းခဲ့တာမ်ိဳးေတြ တစ္ခါမွလုပ္ေဆာင္ခဲ့ျခင္းမရွိဘူးလို႔ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ ဇနက္တီက မာတီနက္ဇ္ လို တိုက္စစ္မွဴးေကာင္းတစ္ေယာက္ကို အသင္းၾကီးေတြအေနနဲ႔ လိုခ်င္တာကို နားလည္မႈရွိေၾကာင္းလည္း ေျပာခဲ့ပါတယ္။ မာတီနက္ဇ္ရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကး ယူရို ၁၁၁ သန္းကလည္း ၿပီးခဲ့တဲ့ဇူလိုင္က ၿပီးဆံုးသြားေပမယ့္ စာခ်ဳပ္သက္တမ္းက သံုးႏွစ္က်န္ရွိေနေသးတာပဲ ျဖစ္ပါတယ္။
Tyc Sports ကေနၿပီး ဇနက္တီက “ မာတီနက္ဇ္က အသက္ငယ္ေသးၿပီး ကစားသမားေကာင္းတစ္ေယာက္ျဖစ္လို႔ သူကုိ ေခၚယူခ်င္တဲ့ အသင္းေတြရွိတာ နားလည္ပါတယ္။ ဒါေပမယ့္ မာတီနက္ဇ္ရဲ႕ အေျပာင္းအေရႊ႕အတြက္ အင္တာမီလန္ဟာ ဘာစီလိုနာနဲ႔ တစ္ခါမွ မေဆြးေႏြးဖူးပါဘူး။ လက္ရွိမွာ မာတီနက္ဇ္အေနနဲ႔ အီတလီမွာ ေပ်ာ္ရႊင္ေနၿပီး နည္းျပကြန္တီက လည္း သူရဲ႕ ေျခစြမ္းတိုးတက္ေအာင္ ကူညီေပးသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။