စီရော်နယ်ဒိုနဲ့ တွဲပြီး ဘောလုံးကစားရမှာ တကယ်ကို ဂုဏ်ယူစရာကောင်းတယ်လို့ ပြောခဲ့တဲ့ မက္ကင်နီ

ရှော်ကေးကနေ ဂျူဗင်တပ်ကို အဌားနဲ့ရောက်ရှိလာတဲ့ မက္ကင်နီဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၅ ကြိမ်ရရှိ ထားတဲ့ စီရော်နယ်ဒိုတွဲပြီး ဘောလုံးကစားရမှာ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောခဲ့ပါတယ်။ မက္ကင်နီဟာ ဂျူဗင်တပ်ကို တစ်နှစ်အဌားစာချုပ်နဲ့ ရောက်ရှိလာသူဖြစ်ပြီး ဂျူဗင်တပ်အသင်းအတွက် ပထမဆုံးကစားခွင့်ရခဲ့တဲ့ အမေရိကန်ကစားသ မားလည်း ဖြစ်ခဲ့ပါတယ်။


ဂျူဗင်တပ်ဟာ မက္ကင်နီကို အဌားနဲ့တစ်နှစ်ခေါ်ယူပြီးနောက် အပြီးသတ်ခေါ်ယူမယ်ဆိုရင် ယူရိုပေါင် ၁၈.၅ သန်းနဲ့ခေါ်ယူနိုင် မှာဖြစ်တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းကို အဌားနဲ့ရောက်ရှိလာခဲ့တဲ့ မက္ကင်နီက စီရော်နယ်ဒိုနဲ့ တွဲကစားချင်တဲ့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ကြောင်းနဲ့ ဒီလိုတွဲကစားခွင့်ရတာဟာ ဂုဏ်ယူစရာကောင်းကြောင်းလည်း ပြောခဲ့ပါတယ်။


ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဆောက်သမ်တန်၊နယူးကာဆယ်၊ အဲဗာတန်၊လက်စတာနဲ့ ဝုလ်ဗာဟမ်တန်တို့က မက္ကင် နီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြသလို ရှော်ကေးအသင်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဟာသာဘာလင်ကလည်း ခေါ်ယူချင်ခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် မက္ကင်နီဟာ သူရဲ့ခြေစွမ်းတိုးတက်ဖို့အတွက် စီးရီးအေကလပ်ဖြစ်တဲ့ ဂျူဗင်တပ်ကိုပဲ ပြောင်းရွှေ့ဖို့ အတွက် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။


ဂျူဗင်တပ်ကို ပြောင်းရွှေ့ပြီးနောက် တနင်္လာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မက္ကင်နီက “ ဂျူဗင်တပ် အသင်းကောင်းတစ်သင်းဖြစ်ပြီး ကစားသမားကောင်းတွေလည်း အများကြီးရှိပါတယ်။ဒီကို ပြောင်းရွှေ့ခွင့်ရတာဟာ ကျွန် တော်အတွက်တော့ ကျေနပ်စရာပါပဲ။အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော်ကို လူတွေပို ပြီး သိလာနိုင်ပါတယ်။ စီရော်နယ်ဒိုနဲ့ အတူတွဲကစားရတာက ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

စီေရာ္နယ္ဒိုနဲ႔ တြဲၿပီး ေဘာလံုးကစားရမွာ တကယ္ကို ဂုဏ္ယူစရာေကာင္းတယ္လို႔ ေျပာခဲ့တဲ့ မကၠင္နီ
ေရွာ္ေကးကေန ဂ်ဴဗင္တပ္ကို အဌားနဲ႔ေရာက္ရွိလာတဲ့ မကၠင္နီဟာ ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ၅ ႀကိမ္ရရွိ ထားတဲ့ စီေရာ္နယ္ဒိုတြဲၿပီး ေဘာလံုးကစားရမွာ ဂုဏ္ယူစရာေကာင္းတယ္လို႔ ေျပာခဲ့ပါတယ္။ မကၠင္နီဟာ ဂ်ဴဗင္တပ္ကို တစ္ႏွစ္အဌားစာခ်ဳပ္နဲ႔ ေရာက္ရွိလာသူျဖစ္ၿပီး ဂ်ဴဗင္တပ္အသင္းအတြက္ ပထမဆံုးကစားခြင့္ရခဲ့တဲ့ အေမရိကန္ကစားသ မားလည္း ျဖစ္ခဲ့ပါတယ္။
ဂ်ဴဗင္တပ္ဟာ မကၠင္နီကို အဌားနဲ႔တစ္ႏွစ္ေခၚယူၿပီးေနာက္ အၿပီးသတ္ေခၚယူမယ္ဆိုရင္ ယူ႐ိုေပါင္ ၁၈.၅ သန္းနဲ႔ေခၚယူႏိုင္ မွာျဖစ္တယ္လို႔ သိရပါတယ္။ ဂ်ဴဗင္တပ္အသင္းကို အဌားနဲ႔ေရာက္ရွိလာခဲ့တဲ့ မကၠင္နီက စီေရာ္နယ္ဒိုနဲ႔ တြဲကစားခ်င္တဲ့ အိပ္မက္ေတြ တကယ္ျဖစ္လာခဲ့ေၾကာင္းနဲ႔ ဒီလိုတြဲကစားခြင့္ရတာဟာ ဂုဏ္ယူစရာေကာင္းေၾကာင္းလည္း ေျပာခဲ့ပါတယ္။
ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ေဆာက္သမ္တန္၊နယူးကာဆယ္၊ အဲဗာတန္၊လက္စတာနဲ႔ ဝုလ္ဗာဟမ္တန္တို႔က မကၠင္ နီကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ၾကသလို ေရွာ္ေကးအသင္းရဲ႕ၿပိဳင္ဘက္ျဖစ္တဲ့ ဟာသာဘာလင္ကလည္း ေခၚယူခ်င္ခဲ့တယ္လို႔ သိရပါတယ္။ဒါေပမယ့္ မကၠင္နီဟာ သူရဲ႕ေျခစြမ္းတိုးတက္ဖို႔အတြက္ စီးရီးေအကလပ္ျဖစ္တဲ့ ဂ်ဴဗင္တပ္ကိုပဲ ေျပာင္းေရႊ႕ဖို႔ အတြက္ ဆံုးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ၿပီးေနာက္ တနလၤာေန႔ကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ မကၠင္နီက “ ဂ်ဴဗင္တပ္ အသင္းေကာင္းတစ္သင္းျဖစ္ၿပီး ကစားသမားေကာင္းေတြလည္း အမ်ားႀကီးရွိပါတယ္။ဒီကို ေျပာင္းေရႊ႕ခြင့္ရတာဟာ ကြ်န္ ေတာ္အတြက္ေတာ့ ေက်နပ္စရာပါပဲ။အသင္းရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ခြင့္ရတဲ့အတြက္ ကြ်န္ေတာ္ကို လူေတြပို ၿပီး သိလာႏိုင္ပါတယ္။ စီေရာ္နယ္ဒိုနဲ႔ အတူတြဲကစားရတာက ဂုဏ္ယူစရာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။