အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ကူလီဘာလီနဲ့ မီလစ်ခ်တို့ကို မရောင်းချတော့ဘူးလို့ ပြောလိုက်တဲ့ နာပိုလီ အသင်းပိုင်ရှင် ဒီလော်ရန်းတစ်

နာပိုလီအသင်းပိုင်ရှင်ဖြစ်တဲ့ ဒီလော်ရန်းတစ်က အသင်းပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်နေပြီး အခြားထိပ်သီး အ သင်းကြီးတွေက ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ နောက်ခံလူ ကူလီဘာလီနဲ့ တိုက်စစ်မှူး မီလစ်ခ်တို့ကို ဒီနှစ်မှာ ရောင်းချ တော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်ကို ခေါ်ယူလိုတဲ့အသင်းကြီးတွေအနေနဲ့ ကစားသမား တွေရဲ့ ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် ခေါ်ယူဖို့ နှောင့်နှေးနေတာပဲ ဖြစ်ပါတယ်။


ဆီနီဂေါနောက်ခံလူ ဖြစ်တဲ့ ကူလီဘာလီကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊မန်စီးတီးနဲ့ ချဲလ်ဆီးတို့က စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ ကူလီဘာလီကိုခေါ်ယူဖို့ ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပေ မယ့် နာပိုလီဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ သတ်မှတ်ထားတာကြောင့် မခေါ်ယူဖြစ်တော့ဘဲ ဘုန်းမောက် နောက်ခံလူ အကီကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။


တိုက်စစ်မှူး မီလစ်ခ်က လာမယ့်ရာသီအကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူကိုခေါ်ယူဖို့အတွက် စီးရီး အေကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်နဲ့ ရိုးမားတို့က စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။အေဂျက်ဇ်ကနေ ခေါ်ယူခဲ့တုန်းက ယူရို ၃၅ သန်းပေးခဲ့တဲ့ မီလစ်ခ်ကို နာပိုလီအသင်းဘက်က ယူရိုသန်း ၅၀ ရရင်ရောင်းချမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့ကတော့ မဖြစ်မြောက်သေးတာပဲ ဖြစ်ပါတယ်။


နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်းတစ်က “ သူတို့ နှစ်ယောက်စလုံးဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားတွေမှာ ပါ။ သူတို့ကို ဆုံးရှုံးရမှာကို ကြောက်ခဲ့တယ်ဆိုပေမယ့် အပြောင်းအရွှေ့ဈေးကွက်အရတော့ မတားနိုင်ပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ သူတို့ကိုရောင်းချတော့မှာ မဟုတ်ပါဘူး” လို့ Sky Italia ကိုပြောခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်စလုံး ဟာ လာမယ့်ရာသီအကုန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကြမှာပဲ ဖြစ်ပါတယ်။

zawgyi version

အသင္းရဲ႕ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ့ ကူလီဘာလီနဲ႔ မီလစ္ခ္တို႔ကို မေရာင္းခ်ေတာ့ဘူးလို႔ ေျပာလိုက္တဲ့ နာပိုလီ အသင္းပိုင္ရွင္ ဒီေလာ္ရန္းတစ္
နာပိုလီအသင္းပိုင္ရွင္ျဖစ္တဲ့ ဒီေလာ္ရန္းတစ္က အသင္းေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြထြက္ေနၿပီး အျခားထိပ္သီး အ သင္းႀကီးေတြက ေခၚယူဖို႔ေစာင့္ၾကည့္ေနတဲ့ ေနာက္ခံလူ ကူလီဘာလီနဲ႔ တိုက္စစ္မွဴး မီလစ္ခ္တို႔ကို ဒီႏွစ္မွာ ေရာင္းခ် ေတာ့မွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ဒီကစားသမားႏွစ္ေယာက္ကို ေခၚယူလိုတဲ့အသင္းႀကီးေတြအေနနဲ႔ ကစားသမား ေတြရဲ႕ ေျပာင္းေရႊ႕ေၾကးျမင့္မားမႈေၾကာင့္ ေခၚယူဖို႔ ေႏွာင့္ေႏွးေနတာပဲ ျဖစ္ပါတယ္။
ဆီနီေဂါေနာက္ခံလူ ျဖစ္တဲ့ ကူလီဘာလီကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္တဲ့ လီဗာပူး၊မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔က စိတ္ဝင္စားခဲ့ၾကတာျဖစ္ပါတယ္။ မန္စီးတီးအေနနဲ႔ ကူလီဘာလီကိုေခၚယူဖို႔ ဆက္သြယ္မႈေတြျပဳလုပ္ခဲ့ေပ မယ့္ နာပိုလီဘက္က ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀ သတ္မွတ္ထားတာေၾကာင့္ မေခၚယူျဖစ္ေတာ့ဘဲ ဘုန္းေမာက္ ေနာက္ခံလူ အကီကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူခဲ့တယ္လို႔ သိရပါတယ္။
တိုက္စစ္မွဴး မီလစ္ခ္က လာမယ့္ရာသီအကုန္မွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ၿပီး သူကိုေခၚယူဖို႔အတြက္ စီးရီး ေအကလပ္ေတြျဖစ္တဲ့ ဂ်ဴဗင္တပ္နဲ႔ ႐ိုးမားတို႔က စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။ေအဂ်က္ဇ္ကေန ေခၚယူခဲ့တုန္းက ယူ႐ို ၃၅ သန္းေပးခဲ့တဲ့ မီလစ္ခ္ကို နာပိုလီအသင္းဘက္က ယူ႐ိုသန္း ၅၀ ရရင္ေရာင္းခ်မယ္လို႔ သတင္းေတြထြက္ခဲ့ေပမယ့္ အေျပာင္းအေရႊ႕ကေတာ့ မျဖစ္ေျမာက္ေသးတာပဲ ျဖစ္ပါတယ္။
နာပိုလီအသင္းပိုင္ရွင္ ဒီေလာ္ရန္းတစ္က “ သူတို႔ ႏွစ္ေယာက္စလံုးဟာ အသင္းအတြက္ အေရးပါတဲ့ကစားသမားေတြမွာ ပါ။ သူတို႔ကို ဆံုးရႈံးရမွာကို ေၾကာက္ခဲ့တယ္ဆိုေပမယ့္ အေျပာင္းအေရႊ႕ေစ်းကြက္အရေတာ့ မတားႏိုင္ပါဘူး။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ သူတို႔ကိုေရာင္းခ်ေတာ့မွာ မဟုတ္ပါဘူး” လို႔ Sky Italia ကိုေျပာခဲ့ပါတယ္။ ဒီကစားသမားႏွစ္ေယာက္စလံုး ဟာ လာမယ့္ရာသီအကုန္မွာေတာ့ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးၾကမွာပဲ ျဖစ္ပါတယ္။