ဘိုင်ယန်မြူးနစ်က ပါရီဆစ်ကို အပြီးသတ်ခေါ်ဖို့ ပေါင် ၁၁ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အင်တာမီလန်က ပယ်ချလိုက်တယ် လို့ သိရ

ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်ကနေ အဌားနဲ့ခေါ်ယူထားခဲ့တဲ့ ပါရီဆစ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် ပေါင် ၁၁ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ် အင်တာမီလန်ဘက် ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ပါရီဆစ်အနေနဲ့ ဘိုင်ယန်မြူးနစ် မှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့ဘူး ဆိုပေမယ့် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် သူကိုအပြီးသတ်ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်က ပြင်ဆင်လာခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ ပါရီဆစ်ဟာ ပြီးခဲ့တဲ့ရာသီဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်အပါအဝင် တစ်ရာသီတွင်း ဖလား ၃ လုံးရယူနိုင်ခဲ့သူဖြစ်တာကြောင့် အင်တာမီလန်အနေနဲ့ ပါရီဆစ်အတွက်ပြောင်းရွှေ့ကြေး အနည်းဆုံးပေါင် ၁၃ သန်းနဲ့အထက် ရယူချင်နေတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့နှစ်က ပါရီဆစ်က အဌားခေါ်ယူခဲ့တုန်းက ပေါင် ၄.၆ သန်း ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။


Sky Sport Italia ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းဥက္ကဌ ရူမင်နစ်ကီကတော့ ပါရီဆစ်ရဲ့အပြောင်းအရွှေ့ အတွက် ပေါင် ၁၁ သန်းနဲ့စတင်ကမ်းလှမ်းတာဖြစ်တယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်း စီအီးအို မာရော့တာက ပယ်ချခဲ့တယ်ဆိုပေမယ့် ပြောင်းရွှေ့ကြေးကွာဟမှု သိပ်မရှိတာကြောင့် ပါရီဆစ်အနေနဲ့ ဘိုင်ယန်မြူးနစ်ကို အပြီးသတ် ရောက်ရှိဖို့အတွက် များနေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။


ပါရီဆစ်ဟာ အင်တာမီလန်ကို မပြောင်းရွှေ့ခင်တုန်းက ဂျာမန်ကလပ်တွေဖြစ်တဲ့ ဒေါ့မွန်၊ ဝုဖ်ဘတ်အသင်းတွေမှာ ကစားခဲ့ ဖူးသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်မှာ ပါရီဆစ်အနေနဲ့ ပြိုင်ပွဲစုံ ၃၅ ပွဲပါဝင် ကစားပေးခဲ့ပြီး ရှစ်ဂိုးသွင်း ယူပေးနိုင်ခဲ့ပါတယ်။ခရိုအေးရှားလက်ရွေးစင်အသင်းရဲ့ အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ ပါရီဆစ်ဟာ ပြီးခဲ့တဲ့ကမ္ဘာ့ ဖလားပြိုင်ပွဲတုန်းက ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၈၈ ပွဲမှာ ၂၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

zawgyi version

ဘိုင္ယန္ျမဴးနစ္က ပါရီဆစ္ကို အၿပီးသတ္ေခၚဖို႔ ေပါင္ ၁၁ သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ အင္တာမီလန္က ပယ္ခ်လိုက္တယ္ လို႔ သိရ
ဘိုင္ယန္ျမဴးနစ္ဟာ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္ကေန အဌားနဲ႔ေခၚယူထားခဲ့တဲ့ ပါရီဆစ္ကို အၿပီးသတ္ေခၚယူဖို႔အတြက္ ေပါင္ ၁၁ သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ္ အင္တာမီလန္ဘက္ ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ပါရီဆစ္အေနနဲ႔ ဘိုင္ယန္ျမဴးနစ္ မွာ ပံုမွန္ပြဲထြက္ခြင့္မရခဲ့ဘူး ဆိုေပမယ့္ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ သူကိုအၿပီးသတ္ေခၚယူဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္က ျပင္ဆင္လာခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၃၁ ႏွစ္ရွိေနၿပီျဖစ္တဲ့ ပါရီဆစ္ဟာ ၿပီးခဲ့တဲ့ရာသီဘိုင္ယန္ျမဴးနစ္နဲ႔အတူ ခ်န္ပီယံလိဂ္အပါအဝင္ တစ္ရာသီတြင္း ဖလား ၃ လံုးရယူႏိုင္ခဲ့သူျဖစ္တာေၾကာင့္ အင္တာမီလန္အေနနဲ႔ ပါရီဆစ္အတြက္ေျပာင္းေရႊ႕ေၾကး အနည္းဆံုးေပါင္ ၁၃ သန္းနဲ႔အထက္ ရယူခ်င္ေနတာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ၿပီးခဲ့တဲ့ႏွစ္က ပါရီဆစ္က အဌားေခၚယူခဲ့တုန္းက ေပါင္ ၄.၆ သန္း ေပးခဲ့ရတယ္လို႔လည္း သိရပါတယ္။
Sky Sport Italia ရဲ႕ ေဖာ္ျပခ်က္အရ ဘိုင္ယန္ျမဴးနစ္အသင္းဥကၠဌ ႐ူမင္နစ္ကီကေတာ့ ပါရီဆစ္ရဲ႕အေျပာင္းအေရႊ႕ အတြက္ ေပါင္ ၁၁ သန္းနဲ႔စတင္ကမ္းလွမ္းတာျဖစ္တယ္လို႔ သိရပါတယ္။ အင္တာမီလန္အသင္း စီအီးအို မာေရာ့တာက ပယ္ခ်ခဲ့တယ္ဆိုေပမယ့္ ေျပာင္းေရႊ႕ေၾကးကြာဟမႈ သိပ္မရွိတာေၾကာင့္ ပါရီဆစ္အေနနဲ႔ ဘိုင္ယန္ျမဴးနစ္ကို အၿပီးသတ္ ေရာက္ရွိဖို႔အတြက္ မ်ားေနတယ္လို႔ သတင္းေတြက ေဖာ္ျပၾကပါတယ္။
ပါရီဆစ္ဟာ အင္တာမီလန္ကို မေျပာင္းေရႊ႕ခင္တုန္းက ဂ်ာမန္ကလပ္ေတြျဖစ္တဲ့ ေဒါ့မြန္၊ ဝုဖ္ဘတ္အသင္းေတြမွာ ကစားခဲ့ ဖူးသူလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္မွာ ပါရီဆစ္အေနနဲ႔ ၿပိဳင္ပြဲစံု ၃၅ ပြဲပါဝင္ ကစားေပးခဲ့ၿပီး ရွစ္ဂိုးသြင္း ယူေပးႏိုင္ခဲ့ပါတယ္။ခ႐ိုေအးရွားလက္ေရြးစင္အသင္းရဲ႕ အဓိက,ကစားသမားတစ္ဦးျဖစ္တဲ့ ပါရီဆစ္ဟာ ၿပီးခဲ့တဲ့ကမ႓ာ့ ဖလားၿပိဳင္ပြဲတုန္းက ေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းအတြက္ ပြဲေပါင္း ၈၈ ပြဲမွာ ၂၆ ဂိုးအထိသြင္းယူထားႏိုင္ခဲ့ပါတယ္။