ယူရို ၇သန်းအတွက် စကားတွေ မတည်နိုင်တာလားဆိုပြီး မေးခွန်းထုတ်ခံရမယ့် အေဘရာဟီမိုဗစ်

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အေစီမီလန်ကို ကာလတိုအပြောင်းအရွှေ့နဲ့ ရောက်ရှိလာခဲ့ပြီး အသင်းကို ယူရိုပါ လိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အေဘရာဟီမိုဗစ်ဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ သူလိုကစားသမားမျိုး အနေနဲ့ ယူရိုပါလိဂ်ကစားရတဲ့အသင်းမျိုးမှာ ကစားရမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ အေဘ ရာဟီမိုဗစ်ကို ခေါ်ယူလိုတဲ့အသင်းတွေရှိပေမယ့် ထိပ်သီအသင်းတွေတော့ ပါဝင်ခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။


အေစီမီလန်က အစောပိုင်းမှာ စာချုပ်သစ်ချုပ်ဆိုဖို့ အေဘရာဟီမိုဗစ်ကို ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ တယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ပေမယ့် နောက်ဆုံးမှာတော့ အေဘရာဟီမိုဗစ်အနေနဲ့ အေစီမီလန်နဲ့ တစ်နှစ်စာချုပ် သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ စာချုပ်သစ်ကြောင့် အေဘရာဟီမိုဗစ်အနေနဲ့ ယူရို ၇ သန်းရရှိမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်နွေရာသီကုန်အထိ အေစီမီလန်မှာ ရှိနေမှာပဲ ဖြစ်ပါတယ်။


အေစီမီလန်ဟာ နည်းပြပိုင်အိုလီလက်အောက်မှာ ခြေစွမ်းကောင်းပြန်ရနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ ၉ပွဲနိုင်ပြီး ၃ပွဲသရေကျခဲ့ပါတယ်။ အေဘရာဟီမိုဗစ်ကလည်း ဇန်နဝါရီလကမှ ရောက်ရှိလာခဲ့ပေမယ့် လိဂ် ၁၈ ပွဲမှာ ၁၀ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီအကုန်မှာ အမှတ်ပေးဇယားအဆင့်-၆ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ အေ စီမီလန်ဟာ ယူရိုပါလိဂ်ကို ဒုတိယအဆင့် ခြေစစ်ပွဲကနေ ဝင်ရောက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။


အေစီမီလန်အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ဆူဆို၊ရေနာ၊ဘီဂလီယာ၊ ရီကာဒိုရိုဒရီဂွတ်ဇ်နဲ့ ဘိုနာဗန်တူ ရာတို့လို ကစားသမားကောင်းတွေကို ဆုံးရှုံးထားရတာကြောင့် ကစားသမားခေါ်ယူဖို့အတွက် လိုအပ်နေတယ်လို့ သတင်း တွေဖော်ပြကြပါတယ်။ အေစီမီလန်ဟာ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ အိုင်ယာလန်ကလပ် ရှမ်ရော့ခ်ရိုဗာနဲ့ ယူရိုပါ လိဂ် ဒုတိယအကျော့ပွဲစဉ်ကို အဝေးကွင်းမှာ ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ယူ႐ို ၇သန္းအတြက္ စကားေတြ မတည္ႏိုင္တာလားဆိုၿပီး ေမးခြန္းထုတ္ခံရမယ့္ ေအဘရာဟီမိုဗစ္
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ေအစီမီလန္ကို ကာလတိုအေျပာင္းအေရႊ႕နဲ႔ ေရာက္ရွိလာခဲ့ၿပီး အသင္းကို ယူ႐ိုပါ လိဂ္ဝင္ခြင့္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ ေအဘရာဟီမိုဗစ္ဟာ စာခ်ဳပ္သက္တမ္းကုန္ဆံုးခ်ိန္မွာ သူလိုကစားသမားမ်ိဳး အေနနဲ႔ ယူ႐ိုပါလိဂ္ကစားရတဲ့အသင္းမ်ိဳးမွာ ကစားရမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ့ ေအဘ ရာဟီမိုဗစ္ကို ေခၚယူလိုတဲ့အသင္းေတြရွိေပမယ့္ ထိပ္သီအသင္းေတြေတာ့ ပါဝင္ခဲ့ျခင္းမရွိတာ ေတြ႕ရပါတယ္။
ေအစီမီလန္က အေစာပိုင္းမွာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေအဘရာဟီမိုဗစ္ကို ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားဘက္က ပယ္ခ်ခဲ တယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ေပမယ့္ ေနာက္ဆံုးမွာေတာ့ ေအဘရာဟီမိုဗစ္အေနနဲ႔ ေအစီမီလန္နဲ႔ တစ္ႏွစ္စာခ်ဳပ္ သက္တမ္းတိုးဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔ သိရပါတယ္။ စာခ်ဳပ္သစ္ေၾကာင့္ ေအဘရာဟီမိုဗစ္အေနနဲ႔ ယူ႐ို ၇ သန္းရရွိမွာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ေႏြရာသီကုန္အထိ ေအစီမီလန္မွာ ရွိေနမွာပဲ ျဖစ္ပါတယ္။
ေအစီမီလန္ဟာ နည္းျပပိုင္အိုလီလက္ေအာက္မွာ ေျခစြမ္းေကာင္းျပန္ရေနၿပီး ေနာက္ဆံုးကစားခဲ့တဲ့ ၁၂ ပြဲမွာ ၉ပြဲႏိုင္ၿပီး ၃ပြဲသေရက်ခဲ့ပါတယ္။ ေအဘရာဟီမိုဗစ္ကလည္း ဇန္နဝါရီလကမွ ေရာက္ရွိလာခဲ့ေပမယ့္ လိဂ္ ၁၈ ပြဲမွာ ၁၀ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၅ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီအကုန္မွာ အမွတ္ေပးဇယားအဆင့္-၆ ေနရာမွာ ရပ္တည္ႏိုင္ခဲ့တဲ့ ေအ စီမီလန္ဟာ ယူ႐ိုပါလိဂ္ကို ဒုတိယအဆင့္ ေျခစစ္ပြဲကေန ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။
ေအစီမီလန္အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကေန ဆူဆို၊ေရနာ၊ဘီဂလီယာ၊ ရီကာဒို႐ိုဒရီဂြတ္ဇ္နဲ႔ ဘိုနာဗန္တူ ရာတို႔လို ကစားသမားေကာင္းေတြကို ဆံုးရႈံးထားရတာေၾကာင့္ ကစားသမားေခၚယူဖို႔အတြက္ လိုအပ္ေနတယ္လို႔ သတင္း ေတြေဖာ္ျပၾကပါတယ္။ ေအစီမီလန္ဟာ စက္တင္ဘာ ၁၇ ရက္ေန႔မွာေတာ့ အိုင္ယာလန္ကလပ္ ရွမ္ေရာ့ခ္႐ိုဗာနဲ႔ ယူ႐ိုပါ လိဂ္ ဒုတိယအေက်ာ့ပြဲစဥ္ကို အေဝးကြင္းမွာ ကစားရမွာပဲ ျဖစ္ပါတယ္။