အင်တာမီလန်အသင်းကို ရောက်ရှိရန် နီးစပ်နေတဲ့ ရိုးမားအသင်းရဲ့ အသက် ၃၄ နှစ်အရွယ်နောက်ခံလူ ကိုလာရော့ဗ်

မန်စီးတီးနောက်ခံလူဟောင်း ကိုလာရော့ဗ်ကို ခေါ်ယူရန် အင်တာမီလန်အသင်းအသင်းနဲ့ ရိုးမားအသင်းတို့ ဆွေးနွေးညှိနှိုင်းနေမှုဟာ နောက်ဆုံးအခြေအနေကို ရောက်ရှိနေပြီး ခေါ်ယူရန် နီးပ်နေပြီလို့ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကိုလာရော့ဗ်ဟာ မန်စီးတီးအသင်းကနေ ရိုးမားကို ၂၀၁၇ ခုနှစ်က ပြောင်းရွှေ့လာပြီး အီတလီမှာ (၃) နှစ်ကစားခဲ့သူဖြစ်ပါတယ်။

ဆားဘီးယား လက်ရွေးစင်ကစားသမားဟာ ရိုးမားအသင်းအတွက် (၁၃၂) ပွဲကစားထားပြီး (၁၉) ဂိုးသွင်းကာ ဂိုး (၂၀) ဖန်တီးပေးထားပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းကလည်း (၁) နှစ်ပဲ ကျန်ရှိနေတော့လို့ အင်တာမီလန်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ သတင်းများအရ ရိုးမား နဲ့ အင်တာမီလန်အသင်းတို့ရဲ့ ဆွေးနွေးမှုဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီး ကိုလာရော့ဗ်ကလည်း ကွန်တီရဲ့ အသင်းကို ပြောင်းချင်နေတယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းဟာ နွေရာသီအပြောင်းအရွှေ့အတွက် အစောကြီးကတည်းက ဟာကီမီ နဲ့ ဘာရယ်လာတို့ကို ခေါ်ယူထားပြီး ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ကပ်သီးလေး လက်လွှတ်ခဲ့ရတဲ့ စီးရီးအေ အမှတ်ပေးဖလားကို နောက်ရာသီမှာ ပြန်လည်ရယူရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းဟာ ပရီးမီးယားလိဂ်က ကစားသမားဟောင်းတွေကို အင်တာမီလန်အသင်းဆီကို ခေါ်ယူထားပါတယ်။ အက်ရှ်လေယန်း၊ ဗစ်တာမော့ဆက်စ်၊ အလက်ဆစ်ဆန်းချက်ဇ်၊ အဲရစ်ဆင် နဲ့ လူကာကူတို့ဟာ အင်တာမီလန်းအသင်းက ခေါ်ယူထားတဲ့ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်ပါတယ်။

အင္တာမီလန္အသင္းကို ေရာက္ရွိရန္ နီးစပ္ေနတဲ့ ရိုးမားအသင္းရဲ႕ အသက္ ၃၄ ႏွစ္အရြယ္ေနာက္ခံလူ ကိုလာေရာ့ဗ္

မန္စီးတီးေနာက္ခံလူေဟာင္း ကိုလာေရာ့ဗ္ကို ေခၚယူရန္ အင္တာမီလန္အသင္းအသင္းနဲ႔ ရိုးမားအသင္းတို႔ ေဆြးေႏြးညိွႏိႈင္းေနမႈဟာ ေနာက္ဆံုးအေျခအေနကို ေရာက္ရွိေနျပီး ေခၚယူရန္ နီးပ္ေနျပီလို႔ သိရပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ရွိေနျပီျဖစ္တဲ့ ကိုလာေရာ့ဗ္ဟာ မန္စီးတီးအသင္းကေန ရိုးမားကို ၂၀၁၇ ခုႏွစ္က ေျပာင္းေရႊ႕လာျပီး အီတလီမွာ (၃) ႏွစ္ကစားခဲ့သူျဖစ္ပါတယ္။

ဆားဘီးယား လက္ေရြးစင္ကစားသမားဟာ ရိုးမားအသင္းအတြက္ (၁၃၂) ပြဲကစားထားျပီး (၁၉) ဂိုးသြင္းကာ ဂိုး (၂၀) ဖန္တီးေပးထားပါတယ္။ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းကလည္း (၁) ႏွစ္ပဲ က်န္ရွိေနေတာ့လို႔ အင္တာမီလန္အသင္းက ေခၚယူရန္ စိတ္၀င္စားေနတာ ျဖစ္ပါတယ္။ သတင္းမ်ားအရ ရိုးမား နဲ႔ အင္တာမီလန္အသင္းတို႔ရဲ႕ ေဆြးေႏြးမႈဟာ ေနာက္ဆံုးအဆင့္ကို ေရာက္ေနျပီး ကိုလာေရာ့ဗ္ကလည္း ကြန္တီရဲ႕ အသင္းကို ေျပာင္းခ်င္ေနတယ္လို႔ သိရပါတယ္။

အင္တာမီလန္အသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕အတြက္ အေစာၾကီးကတည္းက ဟာကီမီ နဲ႔ ဘာရယ္လာတို႔ကို ေခၚယူထားျပီး ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ကပ္သီးေလး လက္လႊတ္ခဲ့ရတဲ့ စီးရီးေအ အမွတ္ေပးဖလားကို ေနာက္ရာသီမွာ ျပန္လည္ရယူရန္ ရည္ရြယ္ထားတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပေဟာင္းဟာ ပရီးမီးယားလိဂ္က ကစားသမားေဟာင္းေတြကို အင္တာမီလန္အသင္းဆီကို ေခၚယူထားပါတယ္။ အက္ရွ္ေလယန္း၊ ဗစ္တာေမာ့ဆက္စ္၊ အလက္ဆစ္ဆန္းခ်က္ဇ္၊ အဲရစ္ဆင္ နဲ႔ လူကာကူတို႔ဟာ အင္တာမီလန္းအသင္းက ေခၚယူထားတဲ့ပရီးမီးယားလိဂ္ ကစားသမားေတြျဖစ္ပါတယ္။