စီးရီးအေနဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့အတွက် ဂျူဗင်တပ်အနေနဲ့ အဆင်သင့်ဖြစ်နေပြီလို့ စီရော်နယ်ဒို သတိပေးခဲ့

ဂျူဗင်တပ်ကစားသမား စီရော်နယ်ဒိုက လာမယ့်ရာသီမှာ စီးရီးအေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူဖို့ အတွက် အဆင်သင့်ဖြစ်နေပြီလို့ အခြားကလပ်အသင်းတွေကို သတိပေးခဲ့ပါတယ်။ဂျူဗင်တပ်အနေနဲ့ လာမယ့်ရာသီမှာ စီးရီးအေချန်ပီယံဆုကို ရရှိခဲ့မယ်ဆိုရင် နောက်ဆုံး ၁၀ နှစ်ရယူနိုင်မှာဖြစ်ပြီး ၁၉၉၅-၉၆ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် ချန်ပီယံဆုကိုလည်း ပြန်လည်ရယူဖို့အတွက် အလိုရှိနေတာ ဖြစ်ပါတယ်။


ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေချန်ပီယံဆု ရခဲ့တယ်ဆိုပေမယ့် ကိုပါအီတလီယားဖလားပြိုင်ပွဲမှာလည်း ရှုံးခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ရှုံးထွက် ၁၆ သင်းအဆင့်နဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက စီးရီးအေချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဂျူဗင်တပ်ဟာ ဒုတိယနေရာက အင်တာမီလန်နဲ့ တစ်မှတ်ပဲ ကွာဟခဲ့တာကြောင့် ၂၀၁၈-၁၉ ဘောလုံးရာသီ မှာ ဒုတိယဖြစ်ခဲ့တဲ့ နာပိုလီကို ၁၁ မှတ်ဖြတ်ထားနိုင်တာနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။


စီရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အတွက် သူရဲ့ဒုတိယမြောက်ရာသီကို ကစားခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံမှာသွင်းဂိုး ၃၇ ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ စီရော်နယ်ဒိုက “ ဂျူဗင်တပ်ဟာ ချန်ပီယံ၊အတောင့်တင်း ဆုံးပုံစံနဲ့ ဂျူဗင်တပ်ပြန်လာပြီ။ အသင်းသားအားလုံးစုပေါင်းပြီး စံချိန်တွေကို ချိုးဖျက်နိုင်မှာပါ” လို့ ရေးပြီးတင်ခဲ့တာ ဖြစ်ပါ တယ်။


၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ စီးရီးအေပွဲစဉ်တွေကိုတော့ လာမယ့်စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ၁၀ နှစ် ဆက် ချန်ပီယံဆုကို ရယူဖို့ ကြိုးစားလာမယ့် ဂျူဗင်တပ်က မီလန်မြို့ခံနှစ်သင်းဖြစ်တဲ့ အင်တာမီလန်နဲ့ အေစီမီလန်ထက် ချန်ပီယံဖြစ်ဖို့ ပိုပြီးရေပန်းစားနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်ဟာ လာမယ့်ရာသီအတွက်တော့ ပီယာလိုကိုနည်းပြ အဖြစ် ခန့်အပ်ထားပြီး အသင်းကို ပြောင်းလဲမှု ပြုလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

zawgyi version

စီးရီးေအနဲ႔ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္ဖို႔အတြက္ ဂ်ဴဗင္တပ္အေနနဲ႔ အဆင္သင့္ျဖစ္ေနၿပီလို႔ စီေရာ္နယ္ဒို သတိေပးခဲ့
ဂ်ဴဗင္တပ္ကစားသမား စီေရာ္နယ္ဒိုက လာမယ့္ရာသီမွာ စီးရီးေအနဲ႔ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈရယူဖို႔ အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ အျခားကလပ္အသင္းေတြကို သတိေပးခဲ့ပါတယ္။ဂ်ဴဗင္တပ္အေနနဲ႔ လာမယ့္ရာသီမွာ စီးရီးေအခ်န္ပီယံဆုကို ရရွိခဲ့မယ္ဆိုရင္ ေနာက္ဆံုး ၁၀ ႏွစ္ရယူႏိုင္မွာျဖစ္ၿပီး ၁၉၉၅-၉၆ ခုႏွစ္ေနာက္ပိုင္း ခ်န္ပီယံလိဂ္ ခ်န္ပီယံဆုကိုလည္း ျပန္လည္ရယူဖို႔အတြက္ အလိုရွိေနတာ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္ဟာ ၿပီးခဲ့တဲ့ရာသီက စီးရီးေအခ်န္ပီယံဆု ရခဲ့တယ္ဆိုေပမယ့္ ကိုပါအီတလီယားဖလားၿပိဳင္ပြဲမွာလည္း ရႈံးခဲ့ၿပီး ခ်န္ပီယံလိဂ္မွာလည္း ရႈံးထြက္ ၁၆ သင္းအဆင့္နဲ႔ ၿပိဳင္ပြဲက ထြက္ခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက စီးရီးေအခ်န္ပီယံ ျဖစ္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္ဟာ ဒုတိယေနရာက အင္တာမီလန္နဲ႔ တစ္မွတ္ပဲ ကြာဟခဲ့တာေၾကာင့္ ၂၀၁၈-၁၉ ေဘာလံုးရာသီ မွာ ဒုတိယျဖစ္ခဲ့တဲ့ နာပိုလီကို ၁၁ မွတ္ျဖတ္ထားႏိုင္တာနဲ႔ ႏႈိင္းယွဥ္ၿပီး ေဝဖန္ခံေနရတာပဲ ျဖစ္ပါတယ္။
စီေရာ္နယ္ဒိုအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္အတြက္ သူရဲ႕ဒုတိယေျမာက္ရာသီကို ကစားခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲစံုမွာသြင္းဂိုး ၃၇ ဂိုးအထိသြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဆိုရွယ္မီဒီယာမွာ စီေရာ္နယ္ဒိုက “ ဂ်ဴဗင္တပ္ဟာ ခ်န္ပီယံ၊အေတာင့္တင္း ဆံုးပံုစံနဲ႔ ဂ်ဴဗင္တပ္ျပန္လာၿပီ။ အသင္းသားအားလံုးစုေပါင္းၿပီး စံခ်ိန္ေတြကို ခ်ိဳးဖ်က္ႏိုင္မွာပါ” လို႔ ေရးၿပီးတင္ခဲ့တာ ျဖစ္ပါ တယ္။
၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ စီးရီးေအပြဲစဥ္ေတြကိုေတာ့ လာမယ့္စက္တင္ဘာလ ၁၉ ရက္ေန႔မွာ စတင္မွာျဖစ္ၿပီး ၁၀ ႏွစ္ ဆက္ ခ်န္ပီယံဆုကို ရယူဖို႔ ႀကိဳးစားလာမယ့္ ဂ်ဴဗင္တပ္က မီလန္ၿမိဳ႕ခံႏွစ္သင္းျဖစ္တဲ့ အင္တာမီလန္နဲ႔ ေအစီမီလန္ထက္ ခ်န္ပီယံျဖစ္ဖို႔ ပိုၿပီးေရပန္းစားေနတယ္လို႔ သိရပါတယ္။ ဂ်ဴဗင္တပ္ဟာ လာမယ့္ရာသီအတြက္ေတာ့ ပီယာလိုကိုနည္းျပ အျဖစ္ ခန္႔အပ္ထားၿပီး အသင္းကို ေျပာင္းလဲမႈ ျပဳလုပ္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။