အင်တာမီလန်အတွက် မက်ဆီကိုခေါ်ယူဖို့ မလိုအပ်ဘူးလို့ ပြောခဲ့တဲ့ နည်းပြ ကွန်တီ

အင်တာမီလန်နည်းပြ ကွန်တီက ဘာစီလိုနာကနေထွက်ဖို့ တောင်းဆိုထားပြီး အသင်းပြောင်းရွှေ့မယ်သတင်းတွေထွက်နေ တဲ့ မက်ဆီကို ခေါ်ယူဖို့အတွက် အသင်းအနေနဲ့ မလိုအပ်ကြောင်း ပြောခဲ့ပါတယ်။ ကွန်တီအနေနဲ့ ရာထူးက ထုတ်ပယ်ခံရ နိုင်တဲ့ အနေအထားတွေမှာ ရှိခဲ့ပေမယ့် လာမယ့်ရာသီမှာ အသင်းနည်းပြအဖြစ် ဆက်ရှိဖို့ သေချာသွားပြီးနောက်မှာတော့ အခုလို ပြောခဲ့တာပဲ ဖြစ်ပါတယ်။


ကွန်တီအနေနဲ့ ပြီးခဲ့တဲ့ရာသီကတုန်းက ကစားသမားခေါ်ယူမှုအတွက် ပေါင် သန်း ၁၅၀ ကျော်အသုံးပြုခဲ့ပေမယ့် အောင် မြင်မှု မရခဲ့ဘဲ စီးရီးအေမှာ ဒုတိယနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဒုတိယသာ ရရှိခဲ့တာကြောင့် ထုတ်ပယ်ခံရနိုင်တဲ့သတင်း တွေ ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ အစောပိုင်းတုန်းက အင်တာမီလန်အနေနဲ့ မက်ဆီကိုခေါ်ယူဖို့ သတင်းတွေထွက် ခဲပေမယ့် အသင်းပိုင်ရှင်တွေအနေနဲ့ ငွေကြေးရင်းနှီးမြုပ်နှံတာတွေ မလုပ်ချင်တာကြောင့် မခေါ်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။


အင်တာမီလန်အသင်းရဲ့ စီအီးအိုဖြစ်တဲ့ မာရော့တာက “ အသင်းရဲ့ အိပ်မက်အပြောင်းအရွှေ့တစ်ခုဖြစ်တဲ့ မက်ဆီကိုခေါ် ဖို့ဆိုတာ တကယ်ဖြစ်လာဖို့ မလွယ်တော့ပါဘူး။ဒါဟာ စိတ်ကူးယဉ်သက်သက်အဖြစ်တစ်ခုပဲ ကျန်ရှိတော့မှာပါ” လို့ ပြောခဲ့ ပါတယ်။ ဘာစီလိုနာက မက်ဆီရဲ့ စာချုပ်ပါလျော်ကြေးကို ပေါင်း သန်း ၇၀၀ အထိ သတ်မှတ်ထားတာကြောင့် ခေါ်ယူလို တဲ့ အသင်းတွေအနေနဲ့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။


မက်ဆီနဲ့ဘာစီလိုနာမှာ အတူရှိခဲ့ဖူးတဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကြောင့် မီဒီယာတွေက မက်ဆီအနေနဲ့ ကွန်တီရဲ့လက်အောက်မှာ ကစားတာထက် ဂွါဒီယိုလာနဲ့ ပြန်ပူးပေါင်းဖို့များတယ် လို့ ဖော်ပြခဲ့ကြပါတယ်။ ဒီသတင်းတွေကြောင့် ကွန်တီက အင်တာမီလန်အတွက် မက်ဆီကို မလိုအပ်ဘူးလို့ ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။

zawgyi version

အင္တာမီလန္အတြက္ မက္ဆီကိုေခၚယူဖို႔ မလိုအပ္ဘူးလို႔ ေျပာခဲ့တဲ့ နည္းျပ ကြန္တီ
အင္တာမီလန္နည္းျပ ကြန္တီက ဘာစီလိုနာကေနထြက္ဖို႔ ေတာင္းဆိုထားၿပီး အသင္းေျပာင္းေရႊ႕မယ္သတင္းေတြထြက္ေန တဲ့ မက္ဆီကို ေခၚယူဖို႔အတြက္ အသင္းအေနနဲ႔ မလိုအပ္ေၾကာင္း ေျပာခဲ့ပါတယ္။ ကြန္တီအေနနဲ႔ ရာထူးက ထုတ္ပယ္ခံရ ႏိုင္တဲ့ အေနအထားေတြမွာ ရွိခဲ့ေပမယ့္ လာမယ့္ရာသီမွာ အသင္းနည္းျပအျဖစ္ ဆက္ရွိဖို႔ ေသခ်ာသြားၿပီးေနာက္မွာေတာ့ အခုလို ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
ကြန္တီအေနနဲ႔ ၿပီးခဲ့တဲ့ရာသီကတုန္းက ကစားသမားေခၚယူမႈအတြက္ ေပါင္ သန္း ၁၅၀ ေက်ာ္အသံုးျပဳခဲ့ေပမယ့္ ေအာင္ ျမင္မႈ မရခဲ့ဘဲ စီးရီးေအမွာ ဒုတိယနဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း ဒုတိယသာ ရရွိခဲ့တာေၾကာင့္ ထုတ္ပယ္ခံရႏိုင္တဲ့သတင္း ေတြ ထြက္ေပၚခဲ့တာလည္း ျဖစ္ပါတယ္။ အေစာပိုင္းတုန္းက အင္တာမီလန္အေနနဲ႔ မက္ဆီကိုေခၚယူဖို႔ သတင္းေတြထြက္ ခဲေပမယ့္ အသင္းပိုင္ရွင္ေတြအေနနဲ႔ ေငြေၾကးရင္းႏွီးျမဳပ္ႏွံတာေတြ မလုပ္ခ်င္တာေၾကာင့္ မေခၚျဖစ္ခဲ့ဘူးလို႔ သိရပါတယ္။
အင္တာမီလန္အသင္းရဲ႕ စီအီးအိုျဖစ္တဲ့ မာေရာ့တာက “ အသင္းရဲ႕ အိပ္မက္အေျပာင္းအေရႊ႕တစ္ခုျဖစ္တဲ့ မက္ဆီကိုေခၚ ဖို႔ဆိုတာ တကယ္ျဖစ္လာဖို႔ မလြယ္ေတာ့ပါဘူး။ဒါဟာ စိတ္ကူးယဥ္သက္သက္အျဖစ္တစ္ခုပဲ က်န္ရွိေတာ့မွာပါ” လို႔ ေျပာခဲ့ ပါတယ္။ ဘာစီလိုနာက မက္ဆီရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးကို ေပါင္း သန္း ၇၀၀ အထိ သတ္မွတ္ထားတာေၾကာင့္ ေခၚယူလို တဲ့ အသင္းေတြအေနနဲ႔ အခက္အခဲျဖစ္ေနတယ္လို႔ သိရပါတယ္။
မက္ဆီနဲ႔ဘာစီလိုနာမွာ အတူရွိခဲ့ဖူးတဲ့ ဂြါဒီယိုလာရဲ႕ မန္စီးတီးက ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့သတင္းေတြေၾကာင့္ မီဒီယာေတြက မက္ဆီအေနနဲ႔ ကြန္တီရဲ႕လက္ေအာက္မွာ ကစားတာထက္ ဂြါဒီယိုလာနဲ႔ ျပန္ပူးေပါင္းဖို႔မ်ားတယ္ လို႔ ေဖာ္ျပခဲ့ၾကပါတယ္။ ဒီသတင္းေတြေၾကာင့္ ကြန္တီက အင္တာမီလန္အတြက္ မက္ဆီကို မလိုအပ္ဘူးလို႔ ျပန္ေျပာခဲ့တာ ျဖစ္ပါတယ္။