နာပိုလီအသင်းပေါ်ထားရှိတဲ့ သစ္စာတရားကြောင့် ဂျူဗင်တပ်စ်က ကမ်းလှမ်းတာကို ပယ်ချလိုက်တဲ့ ကာဗာနီ

ကာဗာနီဟာ အသင်းဟောင်း နာပိုလီအသင်းပေါ်မှာ ထားတဲ့သစ္စာတရားကြောင့် ဂျူဗင်တပ်စ်အသင်းက ကမ်းလှမ်းလိုက်တာကို ပယ်ချလိုက်တယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။ အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ထွက်ခွာလာပြီးနောက် လက်ရှိမှာ စိန်ခေါ်မှုအသစ် ရှာဖွေနေသူဖြစ်ပါတယ်။

သို့သော်လည်း အီတလီက စကိုင်းစပေါ့ သတင်းဌာနက အဆိုအရ ကာဗာနီဟာ ဂျူဗင်တပ်စ်နည်းပြသစ် ပီယာလိုရဲ့ အသင်းက ကမ်းလှမ်းတာကို ပယ်ချလိုက်ပြီး အခြားအသင်းကိုပဲ စဉ်းစားမယ်လို့ သိရပါတယ်။ ကာဗာနီဟာ နာပိုလီအသင်းမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ (၁၃၈) ပွဲ ကစားခဲ့ပြီး (၁၀၄) ဂိုးသွင်းပေးခဲ့ကာ သူ့ရဲ့ပထမဆုံးရာသီမှာ ကိုပါအီတလီယာ ဖလားကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

အဲ့ဒီကတည်းက သူ့ကို ဥရောပက ထိပ်သီးအသင်းတွေက ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ခဲ့ပေမယ့် သူဟာ ပြင်သစ်လီဂူး ၁ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပါတယ်။ မကြာသေးခင်တုန်းကလည်း ဘင်ဖီကာအသင်းဟာ သူ့ကို ခေါ်ယူရန် ဆက်သွယ်ခဲ့ပေမယ့် လစာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။

ဥရုဂွေး လက်ရွေးစင်ကစားသမားဟာ တစ်နှစ် ပေါင် ၈.၈ သန်း နဲ့ (၃) နှစ်စာချုပ်ချုပ်ချင်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ကာဗာနီကို စိတ်ဝင်စားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ စပိန်လာလီဂါ ချန်ပီယံအသင်းဟာ ဇန်နဝါရီတုန်းက ကာဗာနီကို ပုဂ္ဂိုလ်ရေးအရ ခေါ်ယူရန် သဘောတူညီမှု ရခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ပေါင် ၂၇ သန်း တောင်းခဲ့လို့ မပြောင်းခဲ့ရပါဘူး။ ကာဗာနီဟာ လက်ရှိအချိန်အထိ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ရန် စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

နာပိုလီအသင္းေပၚထားရွိတဲ့ သစၥာတရားေၾကာင့္ ဂ်ဴဗင္တပ္စ္က ကမ္းလွမ္းတာကို ပယ္ခ်လိုက္တဲ့ ကာဗာနီ

ကာဗာနီဟာ အသင္းေဟာင္း နာပိုလီအသင္းေပၚမွာ ထားတဲ့သစၥာတရားေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းက ကမ္းလွမ္းလိုက္တာကို ပယ္ခ်လိုက္တယ္လို႔ သတင္းမ်ား ထြက္ေပၚလာပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးျပီး ထြက္ခြာလာျပီးေနာက္ လက္ရွိမွာ စိန္ေခၚမႈအသစ္ ရွာေဖြေနသူျဖစ္ပါတယ္။

သုိ႔ေသာ္လည္း အီတလီက စကိုင္းစေပါ့ သတင္းဌာနက အဆိုအရ ကာဗာနီဟာ ဂ်ဴဗင္တပ္စ္နည္းျပသစ္ ပီယာလိုရဲ႕ အသင္းက ကမ္းလွမ္းတာကို ပယ္ခ်လိုက္ျပီး အျခားအသင္းကိုပဲ စဥ္းစားမယ္လို႔ သိရပါတယ္။ ကာဗာနီဟာ နာပိုလီအသင္းမွာ ၂၀၁၀ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အထိ (၁၃၈) ပြဲ ကစားခဲ့ျပီး (၁၀၄) ဂိုးသြင္းေပးခဲ့ကာ သူ႔ရဲ႕ပထမဆံုးရာသီမွာ ကိုပါအီတလီယာ ဖလားကို ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

အဲ့ဒီကတည္းက သူ႔ကို ဥေရာပက ထိပ္သီးအသင္းေတြက ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ခဲ့ေပမယ့္ သူဟာ ျပင္သစ္လီဂူး ၁ ပီအက္စ္ဂ်ီကို ေျပာငး္ေရႊ႕ခဲ့ပါတယ္။ မၾကာေသးခင္တုန္းကလည္း ဘင္ဖီကာအသင္းဟာ သူ႔ကို ေခၚယူရန္ ဆက္သြယ္ခဲ့ေပမယ့္ လစာေၾကာင့္ အေျပာင္းအေရႊ႕ မျဖစ္ေျမာက္ခဲ့ပါဘူး။

ဥရုေဂြး လက္ေရြးစင္ကစားသမားဟာ တစ္ႏွစ္ ေပါင္ ၈.၈ သန္း နဲ႔ (၃) ႏွစ္စာခ်ဳပ္ခ်ဳပ္ခ်င္ေနတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းကလည္း ကာဗာနီကို စိတ္၀င္စားေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။ စပိန္လာလီဂါ ခ်န္ပီယံအသင္းဟာ ဇန္န၀ါရီတုန္းက ကာဗာနီကို ပုဂၢိဳလ္ေရးအရ ေခၚယူရန္ သေဘာတူညီမႈ ရခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းက ေပါင္ ၂၇ သန္း ေတာင္းခဲ့လို႔ မေျပာင္းခဲ့ရပါဘူး။ ကာဗာနီဟာ လက္ရွိအခ်ိန္အထိ ရီးရဲလ္မက္ဒရစ္ကုိ ေျပာင္းေရႊ႕ရန္ စိတ္၀င္စားေနဆဲျဖစ္တယ္လို႔ သိရပါတယ္။