အနာဂတ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်၊ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ကို သေချာမေးခဲ့သင့်ကြောင်း ကူလီဘာလီကို ပြောခဲ့တဲ့ ဒီလော်ရန်းတစ်

နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်းတစ်က နောက်ခံလူ ကူလီဘာလီအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေခဲ့ပေ မယ့် အနာဂတ်အတွက် ခေါ်ယူလိုတဲ့အသင်းတွေကို သေချာမေးခဲ့သင့်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ ကူလီဘာလီ ကိုခေါ်ယူဖို့ အတွက် အစောပိုင်းတုန်းက ကလပ်အသင်းတွေအနေနဲ့ စိတ်ဝင်စားမှုရှိခဲ့ကြပေမယ့် ပြောင်းရွှေ့ကြေးမြင့်မားမှု ကြောင့် မခေါ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။


နာပိုလီအနေနဲ့ လိုင်လီတိုက်စစ်မှူး အိုဆမ်ဟန်ကို ယူရိုသန်း ၇၀ နဲ့ ဝယ်ယူပြီးနောက်မှာတော့ အသင်းရဲ့အပြောင်းအရွှေ့ စရိတ်အတွက် ကူလီဘာလီကိုရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး ဈေးလျော့ခဲ့ပေမယ့်လည်း သူကိုခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ကမ်းလှမ်းမှု မရှိသေးဘူးလို့ သိရပါတယ်။ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ ကူလီဘာလီကို ခေါ်ယူဖို့အတွက် မန်စီးတီးက အစောပိုင်းမှာဆက်သွယ်ခဲ့ပေမယ့် နသန်အကီကိုခေါ်ပြီးနောက်မှာ ထပ်ကမ်းလှမ်းတာမျိုး မလုပ်တော့ဘူးလို့ သိရပါတယ်။


ဒီလော်ရန်းတစ်က “ ကူလီဘာလီက ကစားသမားကောင်းတစ်ယောက်ပါ။ သူကို ဆုံးရှုံးရမှာကို ကြောက်ခဲ့ပေမယ့် အသင်း ပြောင်းဖို့ ဆန္ဒရှိနေတဲ့သူကို မတားခဲ့နိုင်ပါဘူး။ ဒါပေမဲ့ ကူလီဘာလီအနေနဲ့ အသင်းကထွက်ဖို့ မပြောခင်မှာ ခေါ်ယူလိုတဲ့ အသင်းတွေနဲ့ စကားသေချာပြောခဲ့သင့်ပါတယ်။ သူရဲ့အပြောင်းအရွှေ့က ကြောက်စရာကြီးဖြစ်ခဲ့ပေမယ့် အခုတော့ သတင်းတွေ သိပ်မကြားရတော့ပါဘူး” လို့ Sky Italia ကနေတဆင့်ပြောခဲ့ပါတယ်။


မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ရစ်ချက်ဒန်းကတော့ နည်းပြဂွါဒီယိုလာအနေနဲ့ အသင်းကထွက်သွားတဲ့ ကွန်ပနီရဲ့ နေရာအတွက် ကူလီဘာလီကို ခေါ်ယူသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ရစ်ချက်ဒန်းက “ ကူလီဘာလီနဲ့ ပတ်သက်ပြီး အမြဲ ပြောဖြစ်ပါတယ်။ သူက အသင်းကိုဦးဆောင်နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ကွန်ပနီလိုမျိုး ကစားနိုင်တဲ့ သူတစ်ဦး ပါ။” လို့ Sky Sports ကို ပြောခဲ့ပါတယ်။

zawgyi version
