လက်ရှိတန်ကြေးအရ စီးရီးအေမှာ တန်ဖိုးအကြီးဆုံးကစားသမားက လူကာကူ ဖြစ်နေပြီး စီရော်နယ်ဒိုက အဆင့် ၇နေရာမှာသာ ရှိနေ

လက်ရှိဈေးကွက်တန်ကြေးအရ စီးရီးအေကစားသမားတွေရဲ့ တန်ကြေးကို တွက်ချက်ရာမှာတော့ အင်တာမီလန်တိုက်စစ် မှူး လူကာကူက ပေါင် ၇၆.၅ သန်းနဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပြီး နာမည်ကြီးကစားသမားဖြစ်တဲ့ စီရော်နယ်ဒိုကတော့ ပေါင် ၅၄ သန်းနဲ့ အတူ အဆင့်-၇ နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ လူကာကူဟာ အင်တာမီလန အတွက် ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြပြီး တစ်ရာသီအတွင်း ၃၄ ဂိုးအထိသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


Transfermarkt ရဲ့ တွက်ချက်မှုအရတော့ လူကာကူအနေနဲ့ ယူနိုက်တက်ကနေ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့တဲ့ ပြောင်း ရွှေ့ကြေးထက် ပေါင် ၃.၅ သန်းပိုပြီး တန်ဖိုးတက်ခဲ့တာကြောင့် ပေါင် ၇၆.၅ သန်းနဲ့ စီးရီးအေမှာတန်ဖိုးအရှိဆုံးကစား သမား ဖြစ်နေပါတယ်။ အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုကတော့ အင်တာမီလန်ကစားသမားတွေဖြစ်တဲ့ အဲရစ် ဆင်နဲ့ဒီဗရစ်ချ်၊ အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာတို့အတူ အဆင့်-၇ နေရာမှာ ပေါင် ၅၄ သန်းနဲ့ ရှိနေတာဖြစ်ပါတယ်။

စီးရီးအေရဲ့ တန်ဖိုးအရှိဆုံးကစားသမားစာရင်းမှာ ဒုတိယနေရာရောက်နေတဲ့သူက အသင်းပြောင်းဖို့ သတင်းတွေထွက်နေ တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာ ပဲဖြစ်ပါတယ်။ ယူနိုက်တက်၊ မန်စီးတီး၊ဘာစီလိုနာနဲ့ ရီးရဲလ်တို့က စိတ်ဝင်စားနေတဲ့ ဒိုင်ဘာလာအနေနဲ့ ပေါင် ၇၂ သန်းတန်ကြေးရှိနေတာဖြစ်ပြီး တတိယနေရာမှာတော့ ဒိုင်ဘာလာရဲ့အသင်းဖော်ဖြစ်တဲ့ ဒီလစ်နဲ့ အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်က ပေါင် ၆၃ သန်းနဲ့ ရှိနေကြတာဖြစ်ပါတယ်။


မာတီနက်ဇ်ကို မန်စီးတီးက အဂူရိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ပေါင် ၈၁ သန်းနဲ့ခေါ်ယူဖို့ စီစဉ်နေတာကြောင့် လက်ရှိ တန်ကြေးထက် ပိုများနေလို့ အင်တာမီလန်အနေနဲ့ ရောင်းချဖို့ ရှိတယ်လို့သတင်းတွေက ဖော်ပြနေကြပါတယ်။ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ သတင်းတွေထွက်နေတဲ့ နာပိုလီနောက်ခံလူ ကူလီဘာလီနဲ့ လာဇီယိုကွင်းလယ် ကစားသမား ဆာဗစ်တို့က ပေါင် ၅၈.၅သန်းနဲ့ အဆင်-၅ နေရာမှာ အတူတူရပ်တည်နေတာပဲ ဖြစ်ပါတယ်။

zawgyi version

လက္ရွိတန္ေၾကးအရ စီးရီးေအမွာ တန္ဖိုးအႀကီးဆံုးကစားသမားက လူကာကူ ျဖစ္ေနၿပီး စီေရာ္နယ္ဒိုက အဆင့္ ၇ေနရာမွာသာ ရွိေန
လက္ရွိေစ်းကြက္တန္ေၾကးအရ စီးရီးေအကစားသမားေတြရဲ႕ တန္ေၾကးကို တြက္ခ်က္ရာမွာေတာ့ အင္တာမီလန္တိုက္စစ္ မွဴး လူကာကူက ေပါင္ ၇၆.၅ သန္းနဲ႔ ထိပ္ဆံုးေနရာမွာ ရွိေနၿပီး နာမည္ႀကီးကစားသမားျဖစ္တဲ့ စီေရာ္နယ္ဒိုကေတာ့ ေပါင္ ၅၄ သန္းနဲ႔ အတူ အဆင့္-၇ ေနရာမွာ ရွိေနတယ္လို႔ သိရပါတယ္။ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ လူကာကူဟာ အင္တာမီလန အတြက္ ပထမဆံုးရာသီမွာပဲ ေျခစြမ္းျပၿပီး တစ္ရာသီအတြင္း ၃၄ ဂိုးအထိသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
Transfermarkt ရဲ႕ တြက္ခ်က္မႈအရေတာ့ လူကာကူအေနနဲ႔ ယူႏိုက္တက္ကေန အင္တာမီလန္ကို ေျပာင္းေရႊ႕ခဲ့တဲ့ ေျပာင္း ေရႊ႕ေၾကးထက္ ေပါင္ ၃.၅ သန္းပိုၿပီး တန္ဖိုးတက္ခဲ့တာေၾကာင့္ ေပါင္ ၇၆.၅ သန္းနဲ႔ စီးရီးေအမွာတန္ဖိုးအရွိဆံုးကစား သမား ျဖစ္ေနပါတယ္။ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုကေတာ့ အင္တာမီလန္ကစားသမားေတြျဖစ္တဲ့ အဲရစ္ ဆင္နဲ႔ဒီဗရစ္ခ်္၊ ေအစီမီလန္ဂိုးသမား ဒြန္နာရမ္မာတို႔အတူ အဆင့္-၇ ေနရာမွာ ေပါင္ ၅၄ သန္းနဲ႔ ရွိေနတာျဖစ္ပါတယ္။
စီးရီးေအရဲ႕ တန္ဖိုးအရွိဆံုးကစားသမားစာရင္းမွာ ဒုတိယေနရာေရာက္ေနတဲ့သူက အသင္းေျပာင္းဖို႔ သတင္းေတြထြက္ေန တဲ့ ဂ်ဴဗင္တပ္တိုက္စစ္မွဴး ဒိုင္ဘာလာ ပဲျဖစ္ပါတယ္။ ယူႏိုက္တက္၊ မန္စီးတီး၊ဘာစီလိုနာနဲ႔ ရီးရဲလ္တို႔က စိတ္ဝင္စားေနတဲ့ ဒိုင္ဘာလာအေနနဲ႔ ေပါင္ ၇၂ သန္းတန္ေၾကးရွိေနတာျဖစ္ၿပီး တတိယေနရာမွာေတာ့ ဒိုင္ဘာလာရဲ႕အသင္းေဖာ္ျဖစ္တဲ့ ဒီလစ္နဲ႔ အင္တာမီလန္တိုက္စစ္မွဴး မာတီနက္ဇ္က ေပါင္ ၆၃ သန္းနဲ႔ ရွိေနၾကတာျဖစ္ပါတယ္။
မာတီနက္ဇ္ကို မန္စီးတီးက အဂူ႐ိုရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ေပါင္ ၈၁ သန္းနဲ႔ေခၚယူဖို႔ စီစဥ္ေနတာေၾကာင့္ လက္ရွိ တန္ေၾကးထက္ ပိုမ်ားေနလို႔ အင္တာမီလန္အေနနဲ႔ ေရာင္းခ်ဖို႔ ရွိတယ္လို႔သတင္းေတြက ေဖာ္ျပေနၾကပါတယ္။ ေႏြရာသီ အေျပာင္းအေရႊ႕မွာ အသင္းေျပာင္းဖို႔ သတင္းေတြထြက္ေနတဲ့ နာပိုလီေနာက္ခံလူ ကူလီဘာလီနဲ႔ လာဇီယိုကြင္းလယ္ ကစားသမား ဆာဗစ္တို႔က ေပါင္ ၅၈.၅သန္းနဲ႔ အဆင္-၅ ေနရာမွာ အတူတူရပ္တည္ေနတာပဲ ျဖစ္ပါတယ္။