ရာသီသစ်စဖို့ ၁၇ ရက်လိုနေသေးပေမယ့် လေ့ကျင့်ခန်း ပြုလုပ်နေပြီဖြစ်တဲ့ ဂျူဗင်တပ်အသင်းသားများ

ဘောလုံးရာသီသစ် ပြန်စဖို့အတွက် ၁၇ ရက်လိုနေသေးပေမယ့် စီးရီးအေကလပ် ဂျူဗင်တပ်အသင်းကတော့ လေ့ကျင့်မှု တွေပြုလုပ်နေပြီလို့ သိရပါတယ်။ ဂျူဗင်တပ်နည်းပြသစ် ပီယာလိုနဲ့ အသင်းသားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ပထ မဆုံးအကြိမ်ပြန်ပြီး လေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။ ကစားသမားဘဝတုန်းက အမြဲကြိုးစားတယ်လို့ နာမည်ကြီးခဲ့တဲ့ ပီယာ လိုအနေနဲ့ နည်းပြဘဝမှာလည်း နာမည်ကောင်းရဖို့အတွက် လုပ်ဆောင်နေတာလို့ သတင်းတွေက ဖော်ပြကြပါတယ်။


ဂျူဗင်တပ်နည်းပြသစ် ပီယာလိုရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ စီရော်နယ်ဒို၊ ချီရယ်လီနီ၊ ဘတ်ဖွန်တို့လိုကစားသမားတွေ ပါ ဝင်ခဲ့သလို အသင်းမှာဆက်ရှိဖို့ မသေချာနေတဲ့ ရမ်ဆေးတို့လည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။ ပီယာလိုရဲ့နည်းပြအဖွဲ့ဝင် ထဲမှာ အီတလီနဲ့ အေစီမီလန်အသင်းဖော်ဟောင်း နက်စတာက လက်ထောက်နည်းပြနေရာကနေ ပါဝင်လာတယ်လို့လည်း သိရပါတယ်။


Corriere dello Sport ရဲ့ ဖော်ပြချက်အရ နက်စတာဟာ စီးရီဘီကလပ် ဖရိုဆီနိုနီအသင်းကို ကိုင်တွယ်နေသူဖြစ်ပြီး တန်း တက်ခွင့်အတွက် စပီဇီယာကို ရှုံးပြီးနောက်မှာ ပီယာလိုရဲ့လက်ထောက်အဖြစ် ဆောင်ရွက်ဖို့အတွက် ဂျူဗင်တပ်ကို ပြောင်း ရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ ပီယာလိုအနေနဲ့ နက်စတာကို ခေါ်ယူဖို့အတွက် အစောပိုင်းကတည်းက ဆက်သွယ်ခဲ့တာဖြစ် ပေမယ့် နက်စတာအနေနဲ့ တန်းတက်ခွင့်လွဲချော်ပြီးမှသာ ပြောင်းရွှေ့လာတာဖြစ်တယ်လို့ သိရပါတယ်။

BERLIN, GERMANY – JUNE 06: Arturo Vidal and Andrea Pirlo of Juventus line up prior to the UEFA Champions League Final between Juventus and FC Barcelona at Olympiastadion on June 6, 2015 in Berlin, Germany. (Photo by Shaun Botterill/Getty Images)

ဂျူဗင်တပ်နည်းပြ ပီယာလိုနဲ့ ဝါရင့်ကစားသမား ဘတ်ဖွန်တို့အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသက် ၃၃ နှစ်ရှိနေပြီ ဖြစ်တဲ့ ကွင်းလယ်လူဟောင်း ဗီဒယ်ကို ပြန်လည်ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ဗီဒယ်ဟာ ၂၀၁၅ ခုနှစ်က ဂျူဗင်တပ် ကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားပြီးနောက် ဘာစီလိုနာကို ထပ်မံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဗီဒယ်ဟာ ဂျူဗင် တပ်မှာ ကစားခဲ့တဲ့ ၄ရာသီအတွင်းမှာ စီးရီးအေချန်ပီယံဆုကို ၄ကြိမ်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

ရာသီသစ္စဖို႔ ၁၇ ရက္လိုေနေသးေပမယ့္ ေလ့က်င့္ခန္း ျပဳလုပ္ေနၿပီျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းသားမ်ား
ေဘာလံုးရာသီသစ္ ျပန္စဖို႔အတြက္ ၁၇ ရက္လိုေနေသးေပမယ့္ စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းကေတာ့ ေလ့က်င့္မႈ ေတြျပဳလုပ္ေနၿပီလို႔ သိရပါတယ္။ ဂ်ဴဗင္တပ္နည္းျပသစ္ ပီယာလိုနဲ႔ အသင္းသားေတြဟာ ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းက ပထ မဆံုးအႀကိမ္ျပန္ၿပီး ေလ့က်င့္ခဲ့ၾကတာျဖစ္ပါတယ္။ ကစားသမားဘဝတုန္းက အၿမဲႀကိဳးစားတယ္လို႔ နာမည္ႀကီးခဲ့တဲ့ ပီယာ လိုအေနနဲ႔ နည္းျပဘဝမွာလည္း နာမည္ေကာင္းရဖို႔အတြက္ လုပ္ေဆာင္ေနတာလို႔ သတင္းေတြက ေဖာ္ျပၾကပါတယ္။
ဂ်ဴဗင္တပ္နည္းျပသစ္ ပီယာလိုရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ စီေရာ္နယ္ဒို၊ ခ်ီရယ္လီနီ၊ ဘတ္ဖြန္တို႔လိုကစားသမားေတြ ပါ ဝင္ခဲ့သလို အသင္းမွာဆက္ရွိဖို႔ မေသခ်ာေနတဲ့ ရမ္ေဆးတို႔လည္း ပါဝင္ခဲ့တယ္လို႔သိရပါတယ္။ ပီယာလိုရဲ႕နည္းျပအဖြဲ႕ဝင္ ထဲမွာ အီတလီနဲ႔ ေအစီမီလန္အသင္းေဖာ္ေဟာင္း နက္စတာက လက္ေထာက္နည္းျပေနရာကေန ပါဝင္လာတယ္လို႔လည္း သိရပါတယ္။
Corriere dello Sport ရဲ႕ ေဖာ္ျပခ်က္အရ နက္စတာဟာ စီးရီဘီကလပ္ ဖ႐ိုဆီႏိုနီအသင္းကို ကိုင္တြယ္ေနသူျဖစ္ၿပီး တန္း တက္ခြင့္အတြက္ စပီဇီယာကို ရႈံးၿပီးေနာက္မွာ ပီယာလိုရဲ႕လက္ေထာက္အျဖစ္ ေဆာင္ရြက္ဖို႔အတြက္ ဂ်ဴဗင္တပ္ကို ေျပာင္း ေရႊ႕လာခဲ့တာပဲ ျဖစ္ပါတယ္။ ပီယာလိုအေနနဲ႔ နက္စတာကို ေခၚယူဖို႔အတြက္ အေစာပိုင္းကတည္းက ဆက္သြယ္ခဲ့တာျဖစ္ ေပမယ့္ နက္စတာအေနနဲ႔ တန္းတက္ခြင့္လြဲေခ်ာ္ၿပီးမွသာ ေျပာင္းေရႊ႕လာတာျဖစ္တယ္လို႔ သိရပါတယ္။
ဂ်ဴဗင္တပ္နည္းျပ ပီယာလိုနဲ႔ ဝါရင့္ကစားသမား ဘတ္ဖြန္တို႔အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသက္ ၃၃ ႏွစ္ရွိေနၿပီ ျဖစ္တဲ့ ကြင္းလယ္လူေဟာင္း ဗီဒယ္ကို ျပန္လည္ေခၚယူလိုေနတယ္လို႔ သိရပါတယ္။ ဗီဒယ္ဟာ ၂၀၁၅ ခုႏွစ္က ဂ်ဴဗင္တပ္ ကေန ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕သြားၿပီးေနာက္ ဘာစီလိုနာကို ထပ္မံေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ဗီဒယ္ဟာ ဂ်ဴဗင္ တပ္မွာ ကစားခဲ့တဲ့ ၄ရာသီအတြင္းမွာ စီးရီးေအခ်န္ပီယံဆုကို ၄ႀကိမ္ရရွိခဲ့သူလည္း ျဖစ္ပါတယ္။