ပီယာလိုက သူရဲ့အစီအစဉ်မှာ ဒေါက်ကလပ်ကော်စတာ မပါဘူးလို့ ပြောခဲ့တာကြောင့် ပေါင် ၁၈ သန်းနဲ့ ယူနိုက်တက် တို့ ခေါ်ယူနိုင်တော့မယ်

ဂျူဗင်တပ်နည်းပြ ပီယာလိုက သူရဲ့အစီအစဉ်မှာ ဒေါက်ကလပ်ကော်စတာ မပါတာကြောင့် သူကိုခေါ်ယူဖို့ စိတ်ဝင်စားနေ တဲ့ ယူနိုက်တက်အနေနဲ့ ပေါင် ၁၈ သန်းနဲ့ခေါ်ယူနိုင်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာ ကြောင့် ဂျူဗင်တပ်အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့ ဒေါက်ကလပ်ကော်စတာဟာ ပြိုင်ပွဲစုံ ၂၉ ပွဲမှာ သွင်းဂိုး ၃ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။


၂၀၁၈ ခုနှစ်တုန်းက ဂျူဗင်တပ်ဟာ ဒေါက်ကလပ်ကော်စတာကို ဘိုင်ယန်မြူးနစ်ကနေ ပေါင် ၃၆သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ် ပြီး ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ဒေါက်ကလပ်ကော်စတာကို ခေါ်ယူဖို့အတွက် ပေါင် ၅၄ သန်းနဲ့ ကမ်းလှမ်း ခဲ့ဖူးတယ်လို့ Tuttosport ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်အသင်းက လက်မခံခဲ့တာကြောင့် ဒေါက် ကလပ်ကော်စတာအနေနဲ့ ဂျူဗင်တပ်မှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။


အခြားဆက်စပ်သတင်းတွေအရတော့ ဂျူဗင်တပ်ဟာ ပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့အတွက် ဒေါက်ကလပ်ကော်စတာ၊ အဲလက်ဆန်ဒရိုတို့ကို ပေးပြီး ယူနိုက်တက်ဘက်ကို ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့သိရပါတယ်။ ပေါ့ဘာအနေနဲ့ အစော ပိုင်းတုန်းက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဖာနန်ဒက်စ်နဲ့ တွဲကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ရှိနေတယ်လို့ သိရပါတယ်။


ယူနိုက်တက်အနေနဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဆန်ချိုကို ခေါ်ယူဖို့ ဦးစားပေးလုပ်ဆောင်ခဲ့ပေမယ့် ကလပ် နှစ်သင်းကြားပြောင်းရွှေ့ကြေး ညှိနှိုင်းမှုအဆင်မပြေတာကြောင့် လက်ရှိအချိန်ထိ မခေါ်ယူနိုင်သေးဘဲ ရှိနေပါတယ်။ ဆန်ချို ကို မခေါ်ဖြစ်ခဲ့ရင် ယူနိုက်တက်အနေနဲ့ အခြားတောင်ပံကစားသမားတွေ စောင့်ကြည့်နေပြီး ဘုန်းမောက်က ဒေးဗစ် ဘရွတ်ခ်နဲ့ ဒေါက်ကလပ်ကော်စတာတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

ပီယာလိုက သူရဲ႕အစီအစဥ္မွာ ေဒါက္ကလပ္ေကာ္စတာ မပါဘူးလို႔ ေျပာခဲ့တာေၾကာင့္ ေပါင္ ၁၈ သန္းနဲ႔ ယူႏိုက္တက္ တို႔ ေခၚယူႏိုင္ေတာ့မယ္
ဂ်ဴဗင္တပ္နည္းျပ ပီယာလိုက သူရဲ႕အစီအစဥ္မွာ ေဒါက္ကလပ္ေကာ္စတာ မပါတာေၾကာင့္ သူကိုေခၚယူဖို႔ စိတ္ဝင္စားေန တဲ့ ယူႏိုက္တက္အေနနဲ႔ ေပါင္ ၁၈ သန္းနဲ႔ေခၚယူႏိုင္မွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာျပႆနာ ေၾကာင့္ ဂ်ဴဗင္တပ္အသင္းရဲ႕ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ရတဲ့ ေဒါက္ကလပ္ေကာ္စတာဟာ ၿပိဳင္ပြဲစံု ၂၉ ပြဲမွာ သြင္းဂိုး ၃ ဂိုးပဲ သြင္းယူႏိုင္ခဲ့ပါတယ္။
၂၀၁၈ ခုႏွစ္တုန္းက ဂ်ဴဗင္တပ္ဟာ ေဒါက္ကလပ္ေကာ္စတာကို ဘိုင္ယန္ျမဴးနစ္ကေန ေပါင္ ၃၆သန္းနဲ႔ ေခၚယူခဲ့တာ ျဖစ္ ၿပီး ယူႏိုက္တက္အေနနဲ႔ ၿပီးခဲ့တဲ့ရာသီတုန္းက ေဒါက္ကလပ္ေကာ္စတာကို ေခၚယူဖို႔အတြက္ ေပါင္ ၅၄ သန္းနဲ႔ ကမ္းလွမ္း ခဲ့ဖူးတယ္လို႔ Tuttosport ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒါေပမယ့္ ဂ်ဴဗင္တပ္အသင္းက လက္မခံခဲ့တာေၾကာင့္ ေဒါက္ ကလပ္ေကာ္စတာအေနနဲ႔ ဂ်ဴဗင္တပ္မွာပဲ ဆက္ရွိေနခဲ့တာ ျဖစ္ပါတယ္။
အျခားဆက္စပ္သတင္းေတြအရေတာ့ ဂ်ဴဗင္တပ္ဟာ ေပါ့ဘာကို ျပန္လည္ေခၚယူဖို႔အတြက္ ေဒါက္ကလပ္ေကာ္စတာ၊ အဲလက္ဆန္ဒ႐ိုတို႔ကို ေပးၿပီး ယူႏိုက္တက္ဘက္ကို ကမ္းလွမ္းသြားဖို႔ ရွိေနတယ္လို႔သိရပါတယ္။ ေပါ့ဘာအေနနဲ႔ အေစာ ပိုင္းတုန္းက အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ဖာနန္ဒက္စ္နဲ႔ တြဲကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ရွိေနတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ဆန္ခ်ိဳကို ေခၚယူဖို႔ ဦးစားေပးလုပ္ေဆာင္ခဲ့ေပမယ့္ ကလပ္ ႏွစ္သင္းၾကားေျပာင္းေရႊ႕ေၾကး ညွိႏိႈင္းမႈအဆင္မေျပတာေၾကာင့္ လက္ရွိအခ်ိန္ထိ မေခၚယူႏိုင္ေသးဘဲ ရွိေနပါတယ္။ ဆန္ခ်ိဳ ကို မေခၚျဖစ္ခဲ့ရင္ ယူႏိုက္တက္အေနနဲ႔ အျခားေတာင္ပံကစားသမားေတြ ေစာင့္ၾကည့္ေနၿပီး ဘုန္းေမာက္က ေဒးဗစ္ ဘရြတ္ခ္နဲ႔ ေဒါက္ကလပ္ေကာ္စတာတို႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။