အင်တာမီလန်အနေနဲ့ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့ အတွက် အဆင်သင့်ဖြစ်နေပြီလို့ မာတီနက်ဇ် ကြုံးဝါး

အင်တာမီလန်အသင်းတိုက်စစ်မှူး မာတီနက်ဇ်က ရှက်တာဒိုးနက်စ်ကို ငါးဂိုးပြတ်နဲ့ အနိုင်ရပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့် အသင်းအနေနဲ့ ဆုဖလားအောင်မြင်မှုတွေရယူဖို့ အဆင်သင့်ရှိနေပြီလို့ ပြောခဲ့ပါတယ်။ အင် တာမီလန်ဟာ နည်းပြဟောင်း မော်ရင်ဟိုကိုင်တွယ်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ဖလား၃လုံးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲကို ပြန်ကစားခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ မာတီနက်ဇ်က “ အင်တာကစားသမားဖြစ်ကတည်းက ဗိုလ်လုပွဲ ကစားဖို့ အတွက် အချိန်အကြာကြီး စောင့်ခဲ့ရပါတယ်။ ရှက်တာဒိုးနက်ကို အနိုင်ရတဲ့ပွဲက ကျွန်တော်အတွက် မယုံနိုင်စရာ ကောင်းတဲ့ ညတွေထဲကတစ်ညပါပဲ။ အသင်းဟာ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းအောင်ကစားလာနိုင်ပါတယ်။ ပထမသွင်းဂိုး ကတော့ ကျွန်တော်ကလေးအတွက် ရည်ရွယ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

စီးရီးအေပြိုင်ပွဲမှာ ဒုတိယနေရာရခဲ့တဲ့ အင်တာမီလန်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ ချန်ပီယံအများဆုံးဖြစ်ထားတဲ့ ဆီဗီ လာနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ ဆီဗီလာဟာ ဗိုလ်လုပွဲကို ၆ ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲ တက်ခဲ့တဲ့အကြိမ်တိုင်း ချန်ပီယံဆုကို ရရှိတဲ့အသင်းလည်းဖြစ်ပါတယ်။ အင်တာမီလန်ကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ၅ ကြိမ်မြောက်တက်ရောက်နိုင်တာဖြစ်ပြီး အရင်အကြိမ်တွေမှာ ၃ ကြိမ်ချန်ပီယံဖြစ်ခဲ့ပေမယ့် ၁၉၉၇ ခုနှစ်မှာတော့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ရှက်တာဒိုးနက်စ်ကို ငါးဂိုးပြတ်နဲ့ အနိုင်ရအပြီးမှာတော့ အင်တာမီလန်အသင်းနည်းပြ ကွန်တီက အသင်းသားတွေရဲ့စွမ်း ဆောင်ရည်ကို အားရကြောင်းနဲ့ ဗိုလ်လုပွဲမှာ ကစားရမယ့် ဆီဗီလာက အသင်းကောင်းတစ်သင်းဖြစ်တာကြောင့် ပေါ့ဆလို့ မရကြောင်း ပြောခဲ့ပါတယ်။ ဒီအဆင့်ထိရောက်ခဲ့တာကြောင့် အသင်းနဲ့ သက်ဆိုင်သူအားလုံးပျော်ရွှင်နေကြပါမယ်။ဒါပေမဲ့ အခုမှ ပြိုင်ပွဲရဲ့အရေးအကြီးဆုံးနေရာကို ရောက်နေတာပါလို့လည်း ကွန်တီက ပြောခဲ့ပါတယ်။

zawgyi version

အင္တာမီလန္အေနနဲ႔ ဆုဖလားေအာင္ျမင္မႈေတြရယူႏိုင္ဖို႔ အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ မာတီနက္ဇ္ ၾကံဳးဝါး
အင္တာမီလန္အသင္းတိုက္စစ္မွဴး မာတီနက္ဇ္က ရွက္တာဒိုးနက္စ္ကို ငါးဂိုးျပတ္နဲ႔ အႏိုင္ရၿပီး ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာေၾကာင့္ အသင္းအေနနဲ႔ ဆုဖလားေအာင္ျမင္မႈေတြရယူဖို႔ အဆင္သင့္ရွိေနၿပီလို႔ ေျပာခဲ့ပါတယ္။ အင္ တာမီလန္ဟာ နည္းျပေဟာင္း ေမာ္ရင္ဟိုကိုင္တြယ္ခဲ့တဲ့ ၂၀၁၀ ခုႏွစ္မွာ ဖလား၃လံုးရၿပီးေနာက္ပိုင္း ပထမဆံုးအႀကိမ္ ဥေရာပၿပိဳင္ပြဲေတြမွာ ဗိုလ္လုပြဲကို ျပန္ကစားခြင့္ရခဲ့တာပဲ ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းရဲ႕ ေခၚယူဖို႔ စိတ္ဝင္စားျခင္းခံေနရတဲ့ မာတီနက္ဇ္က “ အင္တာကစားသမားျဖစ္ကတည္းက ဗိုလ္လုပြဲ ကစားဖို႔ အတြက္ အခ်ိန္အၾကာႀကီး ေစာင့္ခဲ့ရပါတယ္။ ရွက္တာဒိုးနက္ကို အႏိုင္ရတဲ့ပြဲက ကြ်န္ေတာ္အတြက္ မယံုႏိုင္စရာ ေကာင္းတဲ့ ညေတြထဲကတစ္ညပါပဲ။ အသင္းဟာ တစ္ပြဲထက္တစ္ပြဲ ပိုေကာင္းေအာင္ကစားလာႏိုင္ပါတယ္။ ပထမသြင္းဂိုး ကေတာ့ ကြ်န္ေတာ္ကေလးအတြက္ ရည္ရြယ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
စီးရီးေအၿပိဳင္ပြဲမွာ ဒုတိယေနရာရခဲ့တဲ့ အင္တာမီလန္ဟာ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာေတာ့ ခ်န္ပီယံအမ်ားဆံုးျဖစ္ထားတဲ့ ဆီဗီ လာနဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။ ဆီဗီလာဟာ ဗိုလ္လုပြဲကို ၆ ႀကိမ္ေျမာက္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ဗိုလ္လုပြဲ တက္ခဲ့တဲ့အႀကိမ္တိုင္း ခ်န္ပီယံဆုကို ရရွိတဲ့အသင္းလည္းျဖစ္ပါတယ္။ အင္တာမီလန္ကေတာ့ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို ၅ ႀကိမ္ေျမာက္တက္ေရာက္ႏိုင္တာျဖစ္ၿပီး အရင္အႀကိမ္ေတြမွာ ၃ ႀကိမ္ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ၁၉၉၇ ခုႏွစ္မွာေတာ့ ဒုတိယနဲ႔ပဲ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။
ရွက္တာဒိုးနက္စ္ကို ငါးဂိုးျပတ္နဲ႔ အႏိုင္ရအၿပီးမွာေတာ့ အင္တာမီလန္အသင္းနည္းျပ ကြန္တီက အသင္းသားေတြရဲ႕စြမ္း ေဆာင္ရည္ကို အားရေၾကာင္းနဲ႔ ဗိုလ္လုပြဲမွာ ကစားရမယ့္ ဆီဗီလာက အသင္းေကာင္းတစ္သင္းျဖစ္တာေၾကာင့္ ေပါ့ဆလို႔ မရေၾကာင္း ေျပာခဲ့ပါတယ္။ ဒီအဆင့္ထိေရာက္ခဲ့တာေၾကာင့္ အသင္းနဲ႔ သက္ဆိုင္သူအားလံုးေပ်ာ္ရႊင္ေနၾကပါမယ္။ဒါေပမဲ့ အခုမွ ၿပိဳင္ပြဲရဲ႕အေရးအႀကီးဆံုးေနရာကို ေရာက္ေနတာပါလို႔လည္း ကြန္တီက ေျပာခဲ့ပါတယ္။