အံအားသင့်ဖွယ် ဖြစ်လာနိုင်တဲ့ စီရော်နယ်ဒိုရဲ့ ပေါင် ၅၄ သန်းတန် အပြောင်းအရွှေ့

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုကို ခေါ်ယူလိုတဲ့အသင်းတွေ ရှိပေမယ့် သူရဲ့ ပြောင်း ရွှေ့ကြေးကြောင့် ခေါ်ယူနိုင်တဲ့အသင်းတွေ အနည်းငယ်ပဲရှိခဲ့ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ အသက် ၃၅ နှစ်ရောက်ရှိနေပြီ ဖြစ်တာကြောင့် ကစားသမားဘဝက အနားယူဖို့ နီးစပ်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် စီရော်နယ်ဒိုရဲ့ ခြေစွမ်းပြနိုင် မှုကြောင့် ဘောလုံးဆက်ကစားနိုင်တဲ့ အနေအထားတွေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ရီးရဲလ်ကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့လာပြီးနောက် စီးရီးအေချန်ပီယံဆုကို ၂နှစ်ဆက်ရယူနိုင်ခဲ့ပေမယ့် အီတလီစူပါဖလားနဲ့ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲတွေမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဂျူဗင်တပ် ထွက်ခဲ့ရပြီးနောက်မှာတော့ နည်းပြဆာရီကို ထုတ်ပယ်ခဲ့သလို ကစားသမားဟောင်းပီယာလိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့ တာကြောင့် စီရော်နယ်ဒိုအနေနဲ့ အသင်းပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေထွက်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်မဖြစ်ခင်တုန်းက စီရော်နယ်ဒိုအနေနဲ့ နေမာ၊ အမ်ဘတ်ပီတို့လို ကစားတွေနဲ့ တွဲကစားချင်တာကြောင့် ပီအက်စ်ဂျီမှာ ပြောင်းရွှေ့ကစားချင်တယ်လို့ ပြောခဲ့ဖူးတာကြောင့် ပြင်သစ်ထိပ်သီးကလပ်အနေနဲ့ စီရော်နယ်ဒိုကိုခေါ်ယူမလားဆိုတာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ကနေ ဂျူဗင်တပ်ထွက်ခဲ့ပြီးနောက်မှာတော့ စီရော်နယ်ဒိုအတွက် ဥရောပ အသင်းကြီးတွေဆီကနေ ကမ်းလှမ်းမှုတွေရထားတယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်က ပြောခဲ့ပါတယ်။

လက်ရှိဈေးကွက်တန်ကြေးအရ စီရော်နယ်ဒိုဟာ ပေါင် ၅၄ သန်းတန်ကြေးရှိနေတာကြောင့် ဂျူဗင်တပ်အနေနဲ့ ဒီတန်ဖိုးအ တိုင်းရမယ်ဆိုရင် စီရော်နယ်ဒိုကို လက်လွှတ်ခံရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ စပိန်ဘောလုံးကျွမ်းကျင်သူတစ်ဦးဖြစ် တဲ့ ဂူလမ်ဘလာဂူကတော့ စီရော်နယ်ဒိုအနေနဲ့ စပိန်မြေကို တစ်ကျော့ပြန်ရောက်ရှိနိုင်ပြီး ဘာစီလိုနာကိုရောက်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

zawgyi version

အံအားသင့္ဖြယ္ ျဖစ္လာႏိုင္တဲ့ စီေရာ္နယ္ဒိုရဲ႕ ေပါင္ ၅၄ သန္းတန္ အေျပာင္းအေရႊ႕
ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားတစ္ေယာက္ျဖစ္တဲ့ စီေရာ္နယ္ဒိုကို ေခၚယူလိုတဲ့အသင္းေတြ ရွိေပမယ့္ သူရဲ႕ ေျပာင္း ေရႊ႕ေၾကးေၾကာင့္ ေခၚယူႏိုင္တဲ့အသင္းေတြ အနည္းငယ္ပဲရွိခဲ့ပါတယ္။ စီေရာ္နယ္ဒိုအေနနဲ႔ အသက္ ၃၅ ႏွစ္ေရာက္ရွိေနၿပီ ျဖစ္တာေၾကာင့္ ကစားသမားဘဝက အနားယူဖို႔ နီးစပ္ေနၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။ ဒါေပမယ့္ စီေရာ္နယ္ဒိုရဲ႕ ေျခစြမ္းျပႏိုင္ မႈေၾကာင့္ ေဘာလံုးဆက္ကစားႏိုင္တဲ့ အေနအထားေတြမွာ ရွိေနဆဲ ျဖစ္ပါတယ္။
စီေရာ္နယ္ဒိုဟာ ရီးရဲလ္ကေန ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕လာၿပီးေနာက္ စီးရီးေအခ်န္ပီယံဆုကို ၂ႏွစ္ဆက္ရယူႏိုင္ခဲ့ေပမယ့္ အီတလီစူပါဖလားနဲ႔ ကိုပါအီတာလီယာဖလား ဗိုလ္လုပြဲေတြမွာေတာ့ ရႈံးနိမ့္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ဂ်ဴဗင္တပ္ ထြက္ခဲ့ရၿပီးေနာက္မွာေတာ့ နည္းျပဆာရီကို ထုတ္ပယ္ခဲ့သလို ကစားသမားေဟာင္းပီယာလိုကို နည္းျပအျဖစ္ ခန္႔အပ္ခဲ့ တာေၾကာင့္ စီေရာ္နယ္ဒိုအေနနဲ႔ အသင္းေျပာင္းေရႊ႕မယ္ဆိုတဲ့ သတင္းေတြထြက္ေဖာ္ခဲ့တာ ျဖစ္ပါတယ္။
ကိုဗစ္မျဖစ္ခင္တုန္းက စီေရာ္နယ္ဒိုအေနနဲ႔ ေနမာ၊ အမ္ဘတ္ပီတို႔လို ကစားေတြနဲ႔ တြဲကစားခ်င္တာေၾကာင့္ ပီအက္စ္ဂ်ီမွာ ေျပာင္းေရႊ႕ကစားခ်င္တယ္လို႔ ေျပာခဲ့ဖူးတာေၾကာင့္ ျပင္သစ္ထိပ္သီးကလပ္အေနနဲ႔ စီေရာ္နယ္ဒိုကိုေခၚယူမလားဆိုတာ စိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ကေန ဂ်ဴဗင္တပ္ထြက္ခဲ့ၿပီးေနာက္မွာေတာ့ စီေရာ္နယ္ဒိုအတြက္ ဥေရာပ အသင္းႀကီးေတြဆီကေန ကမ္းလွမ္းမႈေတြရထားတယ္လို႔ ကစားသမားရဲ႕ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္က ေျပာခဲ့ပါတယ္။
လက္ရွိေစ်းကြက္တန္ေၾကးအရ စီေရာ္နယ္ဒိုဟာ ေပါင္ ၅၄ သန္းတန္ေၾကးရွိေနတာေၾကာင့္ ဂ်ဴဗင္တပ္အေနနဲ႔ ဒီတန္ဖိုးအ တိုင္းရမယ္ဆိုရင္ စီေရာ္နယ္ဒိုကို လက္လႊတ္ခံရဖို႔ ရွိေနတယ္လို႔လည္း သိရပါတယ္။ စပိန္ေဘာလံုးကြ်မ္းက်င္သူတစ္ဦးျဖစ္ တဲ့ ဂူလမ္ဘလာဂူကေတာ့ စီေရာ္နယ္ဒိုအေနနဲ႔ စပိန္ေျမကို တစ္ေက်ာ့ျပန္ေရာက္ရွိႏိုင္ၿပီး ဘာစီလိုနာကိုေရာက္ႏိုင္ေၾကာင္း သံုးသပ္ထားပါတယ္။