အင်တာမီလန်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တွေ့ခဲ့ရင် ကစားသမားဟောင်းတွေအနေနဲ့ လက်စားချေလိမ့်မယ်လို့ ဘာဘာတော့ဗ် သတိပေးခဲ့

ယူနိုက်တက်ကစားသမားဟောင်း ဘာဘာတော့ဗ်က အသင်းအနေနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ကစားခဲ့ရ မယ်ဆိုရင် ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ လူကာကူ၊ဆန်းချက်ဇ်နဲ့ အက်ရှ်လေယန်းတို့အနေနဲ့ လက်ရှိအ သင်းအတွက် အကောင်းဆုံးကစားပေးပြီး အသင်းဟောင်းကို လက်စားချေလာမယ်လို့ သတိပေးခဲ့ပါတယ်။ လူကာကူ ၊ ဆန်းချက်ဇ်နဲ့ အက်ရှ်လေယန်းတို့ဟာ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပေမယ့် အင်တာမီလန်မှာတော့ ခြေစွမ်းပြကစားနေကြ ပါတယ်။

လာမယ့် တနင်္လာနေ့မှာ ကစားမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အင်တာမီလန်က ရှက်တာဒိုးနက်ကို အနိုင်ရခဲ့ပြီး ယူနိုက်တက်က ဆီဗီလာကို အနိုင်ရခဲ့မယ်ဆိုရင် ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ယူနိုက်တက်တို့တွေ့ဆုံဖို့ ရှိနေတာကြောင့် ဘာဘာတော့ဗ်က အခုလိုပြောခဲ့တာပဲ ဖြစ်ပါတယ်။လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီက အင်တာမီလန်ကို ပြောင်းရွှေ့လာပြီး နောက် စီးရီးအေမှာ ၂၃ ဂိုးသွင်းယူနိုင်ခဲ့သလို ပြိုင်ပွဲစုံမှာလည်း ၃၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၃၉ နှစ်ရှိနေပြီဖြစ်တဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က “ လူကာကူက ဒီရာသီမှာ အင်တာမီ လန် အတွက် ခြေစွမ်းပြနေတဲ့သူပါ။ သူရဲ့ကစားပုံကို ကျွန်တော်ကြိုက်ပါတယ်။ လူကောင်ကြီးပေမယ့် မြန်လည်းမြန်သလို သန်လည်း သန်မာတဲ့ လူကာကူက ပြိုင်ဘက်နောက်တန်းတွေကို ဖိအားပေးနိုင်တဲ့သူပါ။ တကယ်လို့ ယူနိုက်တက်အနေနဲ့ သူနဲ့ ပြန်ပြီး ယှဉ်ပြိုင်ကစားရတဲ့အချိန်မှာ သူရဲ့လုပ်ဆောင်နိုင်မှုတွေကို မေ့ထားလို့ မရပါဘူး” လို့ ပြောခဲ့ပါတယ်။

ဆန်းချက်ဇ်ကလည်း အင်တာမီလန်ကို အဌားနဲ့ပြောင်းရွှေ့ကစားပြီးနောက်မှာ ခြေစွမ်းပြနိုင်မှုကြောင့် ပြီးခဲ့တဲ့လပိုင်း အတွင်းမှာပဲ အပြီးသတ်ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။အက်ရှ်လေယန်းကတော့ ပြီးခဲ့တဲ့ ဇန်နဝါ ရီအပြောင်းအရွှေ့တုန်းက ၉နှစ်ကြာကစားခဲ့တဲ့ ယူနိုက်တက်ကနေ အင်တာမီလန်ကိုပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၃ ပွဲမှာ ၄ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

zawgyi version

အင္တာမီလန္နဲ႔ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ေတြ႕ခဲ့ရင္ ကစားသမားေဟာင္းေတြအေနနဲ႔ လက္စားေခ်လိမ့္မယ္လို႔ ဘာဘာေတာ့ဗ္ သတိေပးခဲ့
ယူႏိုက္တက္ကစားသမားေဟာင္း ဘာဘာေတာ့ဗ္က အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ အင္တာမီလန္နဲ႔ ကစားခဲ့ရ မယ္ဆိုရင္ ယူႏိုက္တက္ကစားသမားေဟာင္းေတြျဖစ္တဲ့ လူကာကူ၊ဆန္းခ်က္ဇ္နဲ႔ အက္ရွ္ေလယန္းတို႔အေနနဲ႔ လက္ရွိအ သင္းအတြက္ အေကာင္းဆံုးကစားေပးၿပီး အသင္းေဟာင္းကို လက္စားေခ်လာမယ္လို႔ သတိေပးခဲ့ပါတယ္။ လူကာကူ ၊ ဆန္းခ်က္ဇ္နဲ႔ အက္ရွ္ေလယန္းတို႔ဟာ ယူႏိုက္တက္မွာ ႐ုန္းကန္ခဲ့ရေပမယ့္ အင္တာမီလန္မွာေတာ့ ေျခစြမ္းျပကစားေနၾက ပါတယ္။
လာမယ့္ တနလၤာေန႔မွာ ကစားမယ့္ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္ေတြမွာ အင္တာမီလန္က ရွက္တာဒိုးနက္ကို အႏိုင္ရခဲ့ၿပီး ယူႏိုက္တက္က ဆီဗီလာကို အႏိုင္ရခဲ့မယ္ဆိုရင္ ဗိုလ္လုပြဲမွာ အင္တာမီလန္နဲ႔ ယူႏိုက္တက္တို႔ေတြ႕ဆံုဖို႔ ရွိေနတာေၾကာင့္ ဘာဘာေတာ့ဗ္က အခုလိုေျပာခဲ့တာပဲ ျဖစ္ပါတယ္။လူကာကူဟာ ၿပီးခဲ့တဲ့ေႏြရာသီက အင္တာမီလန္ကို ေျပာင္းေရႊ႕လာၿပီး ေနာက္ စီးရီးေအမွာ ၂၃ ဂိုးသြင္းယူႏိုင္ခဲ့သလို ၿပိဳင္ပြဲစံုမွာလည္း ၃၁ ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။
အသက္ ၃၉ ႏွစ္ရွိေနၿပီျဖစ္တဲ့ ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က “ လူကာကူက ဒီရာသီမွာ အင္တာမီ လန္ အတြက္ ေျခစြမ္းျပေနတဲ့သူပါ။ သူရဲ႕ကစားပံုကို ကြ်န္ေတာ္ႀကိဳက္ပါတယ္။ လူေကာင္ႀကီးေပမယ့္ ျမန္လည္းျမန္သလို သန္လည္း သန္မာတဲ့ လူကာကူက ၿပိဳင္ဘက္ေနာက္တန္းေတြကို ဖိအားေပးႏိုင္တဲ့သူပါ။ တကယ္လို႔ ယူႏိုက္တက္အေနနဲ႔ သူနဲ႔ ျပန္ၿပီး ယွဥ္ၿပိဳင္ကစားရတဲ့အခ်ိန္မွာ သူရဲ႕လုပ္ေဆာင္ႏိုင္မႈေတြကို ေမ့ထားလို႔ မရပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဆန္းခ်က္ဇ္ကလည္း အင္တာမီလန္ကို အဌားနဲ႔ေျပာင္းေရႊ႕ကစားၿပီးေနာက္မွာ ေျခစြမ္းျပႏိုင္မႈေၾကာင့္ ၿပီးခဲ့တဲ့လပိုင္း အတြင္းမွာပဲ အၿပီးသတ္ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီမႈ ရခဲ့တာျဖစ္ပါတယ္။အက္ရွ္ေလယန္းကေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါ ရီအေျပာင္းအေရႊ႕တုန္းက ၉ႏွစ္ၾကာကစားခဲ့တဲ့ ယူႏိုက္တက္ကေန အင္တာမီလန္ကိုေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ၂၃ ပြဲမွာ ၄ဂိုး သြင္းၿပီး ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။