ကလေးတစ်ယောက်အမေဆိုပေမယ့်အနက်ရောင်ရေကူးဝတ်စုံနဲ့မယုံကြည်နိုင်လောက်တဲ့အလှတွေကိုပြခဲ့တဲ့ စီရော်နယ်ဒိုရဲ့ ချစ်သူဂျော်ဂျီနာ

စီရော်နယ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွတ်ဇ်အနေနဲ့ သူရဲ့ထင်ရှားကျော်ကြားမှုတွေကို ပေါ်လွင်စေမယ့် အကြောင်းအရာ တစ်ခုကို ထပ်မံပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ အဲ့တာကတော့ ဂျော်ဂျီနာဟာ အားလပ်ရက်ရနေတဲ့ စီရော်နယ်ဒိုနဲ့ အတူ မီဒီတာရေနီယန်ပင်လယ်မှာ အနားယူနေတာဖြစ်ပြီး အနက်ရောင်ရေကူးဝတ်စုံနဲ့ သူမရဲ့ အလှဓာတ်ပုံတွေကို တင်ခဲ့ တာကြောင့်ပဲဖြစ်ပါတယ်။
ဂျော်ဂျီနာ ရိုဒရီဂွတ်ဇ်ဟာ စီရော်နယ်ဒိုနဲ့ အတူ ရရှိထားတဲ့ ၂နှစ်အရွယ် သမီးလေး အဲလ်လာနာရဲ့ အမေဆိုပေမယ့် သူမ အနေနဲ့ အလှတွေက အားလုံးကို ဖမ်းစားနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဂျော်ဂျီနာဟာ ၂၀၁၆ ခုနှစ်ကတည်းက စီရော် နယ်ဒိုနဲ့ ချစ်သူတွေအဖြစ်တွဲနေခဲ့တာလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ ချစ်သူဖြစ်လာပြီးနောက်မှာတော့ ဂျော်ဂျီနာဟာ မော်ဒယ်တစ်ယောက်ဖြစ်လာပြီး အင်စတာဂရမ်မှာ Followers သန်း ၂၀ ကျော်အထိ ရှိနေသူလည်း ဖြစ်ပါတယ်။
စီရော်နယ်ဒိုက ဘောလုံးရာသီတစ်ခု ပြီးဆုံးချိန်ကြောင့် အားလပ်ရက်ရနေတာဖြစ်ပေမယ့် ဂျော်ဂျီနာကတော့ အလုပ်တွေ ရဲ့ အဝေးမှာဆိုပေမယ့် သူတို့နှစ်ယောက်စလုံးဟာ ပျော်ရွှင်နေတဲ့ပုံ ရတယ်လို့ မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ မော်ဒယ် တစ်ဦးဖြစ်တဲ့ ဂျော်ဂျီနာဟာ သူမရဲ့တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဗီဒီယိုရိုက်ကူးကာ သူမရဲ့အင် စတာဂရမ်မှာ တင်လေ့ရှိသူလည်း ဖြစ်ပါတယ်။
စီရော်နယ်ဒိုကတော့ ဂျူဗင်တပ်ကို ပြောင်းရွှေ့လာပြီးနောက်မှာ အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကို ၂ နှစ်ဆက်ရယူနိုင် ပေမယ့် အသင်းပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေသူလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ အစောပိုင်းတုန်းက နေမာ၊ အမ်ဘတ်ပီတို့လို ကစားသမားတွေနဲ့ တွဲကစားချင်တာကြောင့် ပီအက်စ်ဂျီအသင်းကိုပြောင်းရွှေ့ ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။