ပခုံးဒဏ်ရာ ခွဲစိတ်ခဲ့ရတာကြောင့် မွေးနေ့ပွဲကို ဆေးရုံပေါ်မှာပဲ ကျင်းပခဲ့ရတဲ့ ဂျူဗင်တပ်နောက်ခံလူ ဒီလစ်

ဂျူဗင်တပ်နောက်ခံလူ ဒီလစ်အနေနဲ့ ပခုံးဒဏ်ရာကို ခွဲစိတ်ခဲ့ရတာကြောင့် သုံးလလောက်အနားယူရဖို့ရှိနေပြီး သူရဲ့ ၂၁ မြောက်မွေးနေ့ကို သူရဲ့ပရိသတ်တွေက ဆေးရုံပေါ်မှာပဲ ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလစ်အနေနဲ့ ခွဲစိတ်ထားတဲ့ ဒဏ်ရာကြောင့် လာမယ့်နိုဝင်ဘာလအထိ ဂျူဗင်တပ်အသင်းအတွက် ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီလစ်အနေနဲ့ သူရဲ့အင်စတာဂရမ်အကောင့်မှာ မွေးနေ့ဆုတောင်းပေးတဲ့သူတွေနဲ့ အားပေးတဲ့သူတွေကို ကျေးဇူးတင်သလို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့တယ်လို့ ရေးပြီး တင်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းဘက်ကလည်း ဒီလစ်ရဲ့ခွဲစိတ်မှု အောင်မြင် ကြောင်း ပြောခဲ့ပြီး သူအနေနဲ့ လာမယ့်ရာသီအစပွဲစဉ်များကို လွဲချော်မှာဖြစ်ကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ ဒီလစ်ဟာ ဒီရာသီပြိုင်ပွဲစုံမှာ ၃၉ ပွဲပါဝင်ကစားခဲ့ပြီး ပခုံးဒဏ်ရာကြောင့် ဂျူဗင်တပ်ရဲ့ နောက်ဆုံးစီးရီးအေပွဲစဉ် ၂ပွဲကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်နည်းပြသစ် ပီယာလိုအနေနဲ့ အသင်းရဲ့တိုက်စစ်အတွက် အတ္တလန္တာတိုက်စစ်မှူး ဇာပါတာနဲ့ အာဆင်နယ်တိုက် စစ်မှူး လာကာဇက်တီတို့ကို ခေါ်ယူဖို့အတွက်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ ဇာပါ တာ အနေနဲ့ အတ္တလန္တာအသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်တာကြောင့် ဂျူဗင်တပ်အနေနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေးနည်း နေပေမယ့် အာဆင်နယ်ကထွက်ဖို့ရှိနေတဲ့ လာကာဇက်တီကိုတော့ ခေါ်ယူနိုင်ဖို့ များနေတာပဲ ဖြစ်ပါတယ်။

အီတလီက လာတဲ့သတင်းတွေအရတော့ ဂျူဗင်တပ်ဟာ လာကာဇက်တီကိုခေါ်ယူဖို့အတွက် ဟီဂူအင်၊ ဒေါက်ကလပ်ကော် စတာ၊ ရိုမီယို တို့ ၃ယောက်ထဲက တစ်ယောက်ကို အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အသုံးပြုပြီး ကမ်းလှမ်းသွားဖို့ ရှိနေ တယ်လို့ သိရပါတယ်။ လာကာဇက်တီဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂နှစ်ကျန်နေသေးတယ်ဆိုပေမယ့် အသင်းပြောင်းမယ့် သတင်းတွေထွက်ပေါ်နေတဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

ပခံုးဒဏ္ရာ ခြဲစိတ္ခဲ့ရတာေၾကာင့္ ေမြးေန႔ပြဲကို ေဆးရံုေပၚမွာပဲ က်င္းပခဲ့ရတဲ့ ဂ်ဴဗင္တပ္ေနာက္ခံလူ ဒီလစ္
ဂ်ဴဗင္တပ္ေနာက္ခံလူ ဒီလစ္အေနနဲ႔ ပခံုးဒဏ္ရာကို ခြဲစိတ္ခဲ့ရတာေၾကာင့္ သံုးလေလာက္အနားယူရဖို႔ရွိေနၿပီး သူရဲ႕ ၂၁ ေျမာက္ေမြးေန႔ကို သူရဲ႕ပရိသတ္ေတြက ေဆးရံုေပၚမွာပဲ က်င္းပေပးခဲ့တယ္လို႔ သိရပါတယ္။ ဒီလစ္အေနနဲ႔ ခြဲစိတ္ထားတဲ့ ဒဏ္ရာေၾကာင့္ လာမယ့္ႏိုဝင္ဘာလအထိ ဂ်ဴဗင္တပ္အသင္းအတြက္ ကစားေပးႏိုင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။
ဒီလစ္အေနနဲ႔ သူရဲ႕အင္စတာဂရမ္အေကာင့္မွာ ေမြးေန႔ဆုေတာင္းေပးတဲ့သူေတြနဲ႔ အားေပးတဲ့သူေတြကို ေက်းဇူးတင္သလို ေအာင္ျမင္စြာ ခြဲစိတ္ႏိုင္ခဲ့တယ္လို႔ ေရးၿပီး တင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္အသင္းဘက္ကလည္း ဒီလစ္ရဲ႕ခြဲစိတ္မႈ ေအာင္ျမင္ ေၾကာင္း ေျပာခဲ့ၿပီး သူအေနနဲ႔ လာမယ့္ရာသီအစပြဲစဥ္မ်ားကို လြဲေခ်ာ္မွာျဖစ္ေၾကာင္းလည္း အတည္ျပဳခဲ့ပါတယ္။ ဒီလစ္ဟာ ဒီရာသီၿပိဳင္ပြဲစံုမွာ ၃၉ ပြဲပါဝင္ကစားခဲ့ၿပီး ပခံုးဒဏ္ရာေၾကာင့္ ဂ်ဴဗင္တပ္ရဲ႕ ေနာက္ဆံုးစီးရီးေအပြဲစဥ္ ၂ပြဲကို လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္နည္းျပသစ္ ပီယာလိုအေနနဲ႔ အသင္းရဲ႕တိုက္စစ္အတြက္ အတၱလႏၲာတိုက္စစ္မွဴး ဇာပါတာနဲ႔ အာဆင္နယ္တိုက္ စစ္မွဴး လာကာဇက္တီတို႔ကို ေခၚယူဖို႔အတြက္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ အသက္ ၂၉ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဇာပါ တာ အေနနဲ႔ အတၱလႏၲာအသင္းရဲ႕ အဓိကတိုက္စစ္မွဴးျဖစ္တာေၾကာင့္ ဂ်ဴဗင္တပ္အေနနဲ႔ ေခၚယူႏိုင္ဖို႔ အခြင့္အေရးနည္း ေနေပမယ့္ အာဆင္နယ္ကထြက္ဖို႔ရွိေနတဲ့ လာကာဇက္တီကိုေတာ့ ေခၚယူႏိုင္ဖို႔ မ်ားေနတာပဲ ျဖစ္ပါတယ္။
အီတလီက လာတဲ့သတင္းေတြအရေတာ့ ဂ်ဴဗင္တပ္ဟာ လာကာဇက္တီကိုေခၚယူဖို႔အတြက္ ဟီဂူအင္၊ ေဒါက္ကလပ္ေကာ္ စတာ၊ ႐ိုမီယို တို႔ ၃ေယာက္ထဲက တစ္ေယာက္ကို အေျပာင္းအေရႊ႕အစိတ္အပိုင္းအျဖစ္ အသံုးျပဳၿပီး ကမ္းလွမ္းသြားဖို႔ ရွိေန တယ္လို႔ သိရပါတယ္။ လာကာဇက္တီဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္း ၂ႏွစ္က်န္ေနေသးတယ္ဆိုေပမယ့္ အသင္းေျပာင္းမယ့္ သတင္းေတြထြက္ေပၚေနတဲ့သူလည္း ျဖစ္ပါတယ္။