နည်းပြသစ် ပီယာလိုရဲ့အစီအစဉ်တွေမှာ ဟီဂူအင်နဲ့ ခီဒီရာတို့ မပါတာကြောင့် ဂျူဗင်တပ်ကနေ ထွက်ဖို့ရှိနေ

ဂျူဗင်တပ်အသင်းရဲ့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဟီဂူအင်နဲ့ ခီဒီရာတို့ဟာ နည်းပြသစ်ပီယာလိုရဲ့ အစီအစဉ် တွေမှာ ပါဝင်တော့မှာ မဟုတ်တာကြောင့် အသင်းကနေ ထွက်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်နည်းပြအဖြစ် ပီယာလို ဖြစ်လာပြီးနောက်မှာ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ မာတူဒီကလည်း အသင်းနဲ့လမ်းခွဲပြီး မေဂျာလိဂ် ကလပ် အင်တာမီယာမီအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

နည်းပြချုပ်အဖြစ် အသင်းတစ်သင်းကို ကိုင်တွယ်ဖူးခြင်းမရှိသေးတဲ့ ပီယာလိုဟာ ဂျူဗင်တပ်ယူ-၂၃ အသင်းကိုတာဝန်ယူ ဖို့ သဘောတူညီမှုရအပြီး ကိုးရက်အကြာမှာပဲ အသင်းကြီးနဲ့ နည်းပြနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။ စီးရီးအေချန်ပီယံဆုကို ၉ နှစ်ဆက်ရယူနိုင်ထားတဲ့ ဂျူဗင်တပ်အတွက် ပီယာလိုအနေနဲ့ လာမယ့်နှစ်မှာ ၁၀ နှစ်ဆက်ချန်ပီယံဖြစ်ဖို့အတွက် ဦးစား ပေးလုပ်ဆောင်ရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ပီယာလိုအနေနဲ့ အသက် ၃၀ ကျော်နေပြီဖြစ်တဲ့ ဟီဂူအင်နဲ့ ခီဒီရာတို့ကို လာမယ့်ရာသီအသင်းရဲ့အစီအစဉ်တွေမှာ ထည့် သွင်းထားခြင်းမရှိတော့တာကြောင့် အသက် ၃၂ ရှိပြီဖြစ်တဲ့ ဟီဂူအင်နဲ့ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ခီဒီရာဟာ အသင်းသစ် ရှာဖွေရတော့မှာပဲ ဖြစ်ပါတယ်။ ဒီကစားသမားနှစ်ယောက်စလုံးဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်ပဲ ကျန်ရှိ တော့တာလည်း ဖြစ်ပါတယ်။

ဟီဂူအင်အနေနဲ့ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံ ၄၄ ပွဲအထိပါဝင်ကစားပေးခဲ့ပြီး ၁၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပါ တယ်။ သူကို အသင်းဟောင်းဖြစ်တဲ့ အာဂျင်တီးနားကလပ်ရေးဗားပလိတ်က ပြန်လည်ခေါ်ယူဖို့အတွက် ဆက်သွယ်နေ တယ်လို့ သိရပါတယ်။ ခီဒီရာကတော့ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ ၁၈ ပွဲသာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ဒဏ်ရာ မကြာ ခဏရလေ့ရှိတဲ့ ခီဒီရာကိုလည်း ပီယာလိုအနေနဲ့ အသင်းအတွက် အလိုမရှိနေတာပဲ ဖြစ်ပါတယ်။

zawgyi version

နည္းျပသစ္ ပီယာလိုရဲ႕အစီအစဥ္ေတြမွာ ဟီဂူအင္နဲ႔ ခီဒီရာတို႔ မပါတာေၾကာင့္ ဂ်ဴဗင္တပ္ကေန ထြက္ဖို႔ရွိေန
ဂ်ဴဗင္တပ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ဟီဂူအင္နဲ႔ ခီဒီရာတို႔ဟာ နည္းျပသစ္ပီယာလိုရဲ႕ အစီအစဥ္ ေတြမွာ ပါဝင္ေတာ့မွာ မဟုတ္တာေၾကာင့္ အသင္းကေန ထြက္ဖို႔ရွိေနတယ္လို႔ သိရပါတယ္။ ဂ်ဴဗင္တပ္နည္းျပအျဖစ္ ပီယာလို ျဖစ္လာၿပီးေနာက္မွာ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ မာတူဒီကလည္း အသင္းနဲ႔လမ္းခြဲၿပီး ေမဂ်ာလိဂ္ ကလပ္ အင္တာမီယာမီအသင္းကို ေျပာင္းေရႊ႕သြားခဲ့ပါတယ္။
နည္းျပခ်ဳပ္အျဖစ္ အသင္းတစ္သင္းကို ကိုင္တြယ္ဖူးျခင္းမရွိေသးတဲ့ ပီယာလိုဟာ ဂ်ဴဗင္တပ္ယူ-၂၃ အသင္းကိုတာဝန္ယူ ဖို႔ သေဘာတူညီမႈရအၿပီး ကိုးရက္အၾကာမွာပဲ အသင္းႀကီးနဲ႔ နည္းျပေနရာကို ရရွိခဲ့တာျဖစ္ပါတယ္။ စီးရီးေအခ်န္ပီယံဆုကို ၉ ႏွစ္ဆက္ရယူႏိုင္ထားတဲ့ ဂ်ဴဗင္တပ္အတြက္ ပီယာလိုအေနနဲ႔ လာမယ့္ႏွစ္မွာ ၁၀ ႏွစ္ဆက္ခ်န္ပီယံျဖစ္ဖို႔အတြက္ ဦးစား ေပးလုပ္ေဆာင္ရဖို႔ ရွိေနတယ္လို႔လည္း သိရပါတယ္။
ပီယာလိုအေနနဲ႔ အသက္ ၃၀ ေက်ာ္ေနၿပီျဖစ္တဲ့ ဟီဂူအင္နဲ႔ ခီဒီရာတို႔ကို လာမယ့္ရာသီအသင္းရဲ႕အစီအစဥ္ေတြမွာ ထည့္ သြင္းထားျခင္းမရွိေတာ့တာေၾကာင့္ အသက္ ၃၂ ရွိၿပီျဖစ္တဲ့ ဟီဂူအင္နဲ႔ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ခီဒီရာဟာ အသင္းသစ္ ရွာေဖြရေတာ့မွာပဲ ျဖစ္ပါတယ္။ ဒီကစားသမားႏွစ္ေယာက္စလံုးဟာ ဂ်ဴဗင္တပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္ပဲ က်န္ရွိ ေတာ့တာလည္း ျဖစ္ပါတယ္။
ဟီဂူအင္အေနနဲ႔ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္အတြက္ ၿပိဳင္ပြဲစံု ၄၄ ပြဲအထိပါဝင္ကစားေပးခဲ့ၿပီး ၁၁ ဂိုးအထိသြင္းယူႏိုင္ခဲ့ပါ တယ္။ သူကို အသင္းေဟာင္းျဖစ္တဲ့ အာဂ်င္တီးနားကလပ္ေရးဗားပလိတ္က ျပန္လည္ေခၚယူဖို႔အတြက္ ဆက္သြယ္ေန တယ္လို႔ သိရပါတယ္။ ခီဒီရာကေတာ့ ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစံုမွာ ၁၈ ပြဲသာ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ဒဏ္ရာ မၾကာ ခဏရေလ့ရွိတဲ့ ခီဒီရာကိုလည္း ပီယာလိုအေနနဲ႔ အသင္းအတြက္ အလိုမရွိေနတာပဲ ျဖစ္ပါတယ္။