ယူနိုက်တက်ကနေ ၄ ယောက်မြောက်ကစားသမားခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အင်တာမီလန်နည်းပြ ကွန်တီ

အင်တာမီလန်အသင်းနည်းပြ ကွန်တီက ရိုးမားအသင်းနဲ့ အဌားစာချုပ်သက်တမ်းပြည့်ပြီး ယူနိုက်တက်အသင်းကိုပြန်လည် ရောက်ရှိနေတဲ့ စမောလင်းကိုခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အတွက် ရုန်းကန်ခဲ့ရပေမယ့် စမောလင်းဟာ ရိုးမားမှာတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး စီးရီးအေပွဲပေါင်း ၃၀ မှာ ၃ဂိုးသွင်းပြီး ဂိုး ဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရိုးမားမှာ စမောလင်းရဲ့စွမ်းဆောင်ရည်ကြောင့် အီတလီမီဒီယာတွေက ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ မာလ်ဒီနီနဲ့ နှိုင်း ယှဉ်ပြီး စမောဒီနီ လို့တောင်တင်စားခဲ့ကြပါတယ်။ ရိုးမားအသင်းနဲ့ စမောလင်းကို ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ကစားဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်က ငြင်းဆိုခဲ့တာကြောင့် ကစားခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ ရိုးမားအနေနဲ့ စမောလင်း ကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းကလည်း သူတို့ရဲ့နောက်ခံလူတွေဖြစ်တဲ့ ချီရယ်လီနီ၊ ဘိုနူချီတို့ရဲ့နေရာမှာအစားထိုးဖို့ အတွက် စမောလင်းကို စိတ်ဝင်စားနေပါတယ်။ အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ Gazetta ကတော့ အင်တာမီလန် နည်းပြကွန်တီအနေနဲ့ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ စမောလင်းကို အသင်းထံခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့သိရပြီး စမောလင်းရဲ့ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းအတိုင်းပေးချေဖို့ ရှိနေတယ်လို့ သိရပါတယ်။

အင်တာမီလန်ဟာ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ တုန်းက ခေါ်ယူခဲ့ပြီး အက်ရှ်လေယန်းကိုတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒီကစားသမားတွေ ဟာ အင်တာမီလန်မှာ ခြေစွှမ်းပြနေနိုင်တာကြောင့် ကွန်တီအနေနဲ့ စမောလင်းကိုလည်းခေါ်ယူဖို့ အလိုရှိနေတာပဲ ဖြစ်ပါ တယ်။ စမောလင်းကိုခေါ်နိုင်ခဲ့မယ်ဆိုရင် အင်တာမီလန်မှာ ယူနိုက်တက်ကစားသမား ဟောင်း ၄ဦးအထိရှိနေမှာဖြစ်ပါတယ်။

zawgyi version

ယူႏိုက္တက္ကေန ၄ ေယာက္ေျမာက္ကစားသမားေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အင္တာမီလန္နည္းျပ ကြန္တီ
အင္တာမီလန္အသင္းနည္းျပ ကြန္တီက ႐ိုးမားအသင္းနဲ႔ အဌားစာခ်ဳပ္သက္တမ္းျပည့္ၿပီး ယူႏိုက္တက္အသင္းကိုျပန္လည္ ေရာက္ရွိေနတဲ့ စေမာလင္းကိုေခၚယူဖို႔ အတြက္ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္မွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ အတြက္ ႐ုန္းကန္ခဲ့ရေပမယ့္ စေမာလင္းဟာ ႐ိုးမားမွာေတာ့ ေျခစြမ္းျပႏိုင္ခဲ့ၿပီး စီးရီးေအပြဲေပါင္း ၃၀ မွာ ၃ဂိုးသြင္းၿပီး ဂိုး ဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
႐ိုးမားမွာ စေမာလင္းရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ အီတလီမီဒီယာေတြက ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္တဲ့ မာလ္ဒီနီနဲ႔ ႏႈိင္း ယွဥ္ၿပီး စေမာဒီနီ လို႔ေတာင္တင္စားခဲ့ၾကပါတယ္။ ႐ိုးမားအသင္းနဲ႔ စေမာလင္းကို ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာ ကစားဖို႔အတြက္ ကမ္းလွမ္းခဲ့ေပမယ့္ ယူႏိုက္တက္က ျငင္းဆိုခဲ့တာေၾကာင့္ ကစားခြင့္မရခဲ့ဘူးလို႔ သိရပါတယ္။ ႐ိုးမားအေနနဲ႔ စေမာလင္း ကို အၿပီးသတ္ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔လည္း သိရပါတယ္။
စီးရီးေအခ်န္ပီယံဂ်ဴဗင္တပ္အသင္းကလည္း သူတို႔ရဲ႕ေနာက္ခံလူေတြျဖစ္တဲ့ ခ်ီရယ္လီနီ၊ ဘိုႏူခ်ီတို႔ရဲ႕ေနရာမွာအစားထိုးဖို႔ အတြက္ စေမာလင္းကို စိတ္ဝင္စားေနပါတယ္။ အီတလီသတင္းစာတစ္ေစာင္ျဖစ္တဲ့ Gazetta ကေတာ့ အင္တာမီလန္ နည္းျပကြန္တီအေနနဲ႔ အသက္ ၃၀ ရွိေနၿပီျဖစ္တဲ့ စေမာလင္းကို အသင္းထံေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔သိရၿပီး စေမာလင္းရဲ႕ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၁ သန္းအတိုင္းေပးေခ်ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။
အင္တာမီလန္ဟာ ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ လူကာကူနဲ႔ ဆန္းခ်က္ဇ္တို႔ကို ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ တုန္းက ေခၚယူခဲ့ၿပီး အက္ရွ္ေလယန္းကိုေတာ့ ဇန္နဝါရီအေျပာင္းအေရႊ႕မွာေခၚယူခဲ့တာျဖစ္ပါတယ္။ ဒီကစားသမားေတြ ဟာ အင္တာမီလန္မွာ ေျခစႊမ္းျပေနႏိုင္တာေၾကာင့္ ကြန္တီအေနနဲ႔ စေမာလင္းကိုလည္းေခၚယူဖို႔ အလိုရွိေနတာပဲ ျဖစ္ပါ တယ္။ စေမာလင္းကိုေခၚႏိုင္ခဲ့မယ္ဆိုရင္ အင္တာမီလန္မွာယူႏိုက္တက္ကစားသမားေဟာင္း ၄ဦးအထိရွိေနမွာျဖစ္ပါတယ္။