အင်တာအနေနဲ့ အရာအားလုံးရအောင် စွမ်းဆောင်နိုင်တယ်ဆိုပြီး လေဗာကူဆင်နဲ့ပွဲမတိုင်ခင် စိတ်အားထက်သန်စွာ ပြောဆိုခဲ့တဲ့ ကွန်တီ

အင်တာမီလန်နည်းပြကွန်တီအနေနဲ့ ဒီနေ့ညမှာ ကစားမယ့်လေဗာကူဆင်နဲ့ ပွဲမတိုင်ခင်မှာ အသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင် ပွဲမှာ အရာအားလုံးရအောင်စွမ်းဆောင်နိုင်ကြောင်းပြောခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ပြောင်းလဲလိုက်တဲ့ပုံစံကြောင့် ကွာတားဖိုင်နယ် ကနေစပြီး ဗိုလ်လုပွဲအထိ ပွဲစဉ်များကို ဂျာမနီနိုင်ငံမှာ ကစားမှာဖြစ်တာကြောင့် လေဗာကူဆင်အနေနဲ့ အိမ်ကွင်းမှာ ကစား ရတာမဟုတ်ပေမယ့် အားသာချက်ရှိနေတာဖြစ်ပါတယ်။

အင်တာမီလန်ဟာ ရှုံးထွက်၁၆ သင်းအဆင့်မှာ ဂီတာဖေးကို နှစ်ဂိုးပြတ်အနိုင်ရပြီးနောက် ဒီနှစ်ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းစားမှုမှာ ဒုတိယနေရာရောက်လာခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်ထက် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းက ယူနိုက်တက်ပဲဖြစ်ပါတယ်။ကိုဗစ်အလွန်ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အင်တာမီလန်အနေနဲ့ ယူရိုပါလိဂ်မှာ လည်း ခြေစွမ်းပြနိုင်မယ်လို့ ကွန်တီအနေနဲ့ ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။

အင်တာမီလန်နည်းပြကွန်တီက “ ကျွန်တော်တို့အနေနဲ့ အကောင်းမြင်တတ်ဖို့လိုပါတယ်။ ကွာတားဖိုင်နယ်ကနေပြီး ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေအထိရောက်နိုင်သလို ချန်ပီယံဆုကိုလည်း ရယူနိုင်ပါတယ်။ အသင်းအနေနဲ့ပွဲအများကြီး ကစားပြီးမှ ဒီကိုရောက်လာခဲ့တာပါ။ အသင်းမှာရှိတဲ့သူအားလုံးကြိုးစားပြီးတော့ အသင်းရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဆုဖလား ရရှိဖို့ အတွက် လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ဒါအပြင် အင်တာမီလန်နည်းပြကွန်တီက အသင်းဟောင်းချဲလ်ဆီးကိုပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်နေတဲ့ လေ ဗာကူဆင်တောင်ပံကစားသမား ကိုင်ဟာဗက်ဇ်ကိုချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ကွန်တီက “ ကိုင်ဟာဗက်ဇ်ဟာ ခြေစွမ်းကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး နည်းစနစ်ပိုင်းကျွမ်းကျင်သူဆိုတာ သူရဲ့ကစားသမားဘဝဖြတ်သန်းခဲ့ တာကိုကြည့်ရင် သိနိုင်ပါတယ်။ဒါပေမယ့် အင်တာနဲ့ကစားမယ့်ပွဲမှာတော့ သူအနေနဲ့ ခြေစွမ်းမပြနိုင်ဖို့ မျှော်လင့်မိပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

အင္တာအေနနဲ႔ အရာအားလံုးရေအာင္ စြမ္းေဆာင္ႏိုင္တယ္ဆိုၿပီး ေလဗာကူဆင္နဲ႔ပြဲမတိုင္ခင္ စိတ္အားထက္သန္စြာ ေျပာဆိုခဲ့တဲ့ ကြန္တီ
အင္တာမီလန္နည္းျပကြန္တီအေနနဲ႔ ဒီေန႔ညမွာ ကစားမယ့္ေလဗာကူဆင္နဲ႔ ပြဲမတိုင္ခင္မွာ အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ ပြဲမွာ အရာအားလံုးရေအာင္စြမ္းေဆာင္ႏိုင္ေၾကာင္းေျပာခဲ့ပါတယ္။ ၿပိဳင္ပြဲရဲ႕ေျပာင္းလဲလိုက္တဲ့ပံုစံေၾကာင့္ ကြာတားဖိုင္နယ္ ကေနစၿပီး ဗိုလ္လုပြဲအထိ ပြဲစဥ္မ်ားကို ဂ်ာမနီႏိုင္ငံမွာ ကစားမွာျဖစ္တာေၾကာင့္ ေလဗာကူဆင္အေနနဲ႔ အိမ္ကြင္းမွာ ကစား ရတာမဟုတ္ေပမယ့္ အားသာခ်က္ရွိေနတာျဖစ္ပါတယ္။
အင္တာမီလန္ဟာ ရႈံးထြက္၁၆ သင္းအဆင့္မွာ ဂီတာေဖးကို ႏွစ္ဂိုးျပတ္အႏိုင္ရၿပီးေနာက္ ဒီႏွစ္ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ အတြက္ ေရပန္းစားမႈမွာ ဒုတိယေနရာေရာက္လာခဲ့တာျဖစ္ပါတယ္။ အင္တာမီလန္ထက္ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆံုး အသင္းက ယူႏိုက္တက္ပဲျဖစ္ပါတယ္။ကိုဗစ္အလြန္ပြဲစဥ္ေတြမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ အင္တာမီလန္အေနနဲ႔ ယူ႐ိုပါလိဂ္မွာ လည္း ေျခစြမ္းျပႏိုင္မယ္လို႔ ကြန္တီအေနနဲ႔ ယံုၾကည္မႈရွိေနတာျဖစ္ပါတယ္။
အင္တာမီလန္နည္းျပကြန္တီက “ ကြ်န္ေတာ္တို႔အေနနဲ႔ အေကာင္းျမင္တတ္ဖို႔လိုပါတယ္။ ကြာတားဖိုင္နယ္ကေနၿပီး ဆီမီးဖိုင္နယ္၊ ဗိုလ္လုပြဲေတြအထိေရာက္ႏိုင္သလို ခ်န္ပီယံဆုကိုလည္း ရယူႏိုင္ပါတယ္။ အသင္းအေနနဲ႔ပြဲအမ်ားႀကီး ကစားၿပီးမွ ဒီကိုေရာက္လာခဲ့တာပါ။ အသင္းမွာရွိတဲ့သူအားလံုးႀကိဳးစားၿပီးေတာ့ အသင္းရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့ ဆုဖလား ရရွိဖို႔ အတြက္ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါအျပင္ အင္တာမီလန္နည္းျပကြန္တီက အသင္းေဟာင္းခ်ဲလ္ဆီးကိုေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြထြက္ေနတဲ့ ေလ ဗာကူဆင္ေတာင္ပံကစားသမား ကိုင္ဟာဗက္ဇ္ကိုခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ ကြန္တီက “ ကိုင္ဟာဗက္ဇ္ဟာ ေျခစြမ္းေကာင္းတဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး နည္းစနစ္ပိုင္းကြ်မ္းက်င္သူဆိုတာ သူရဲ႕ကစားသမားဘဝျဖတ္သန္းခဲ့ တာကိုၾကည့္ရင္ သိႏိုင္ပါတယ္။ဒါေပမယ့္ အင္တာနဲ႔ကစားမယ့္ပြဲမွာေတာ့ သူအေနနဲ႔ ေျခစြမ္းမျပႏိုင္ဖို႔ ေမွ်ာ္လင့္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။