ပီယာလိုကို ဂျူဗင်တပ်နည်းပြအဖြစ် ခန့်ခဲ့တာကြောင့် အံသြခဲ့ရတယ်လို့ ဇိုလာပြောကြားခဲ့

ချဲလ်ဆီးအသင်းရဲ့ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဇိုလာက ဂျူဗင်တပ်အသင်းအနေနဲ့ နည်းပြဆာရီကို ထုတ်ပယ် ပြီး အတွေ့အကြုံနည်းသေးတဲ့ ပီယာလိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာကြောင့် အံသြသင့်ခဲ့ရကြောင်း ပြောခဲ့ပါတယ်။ ဇိုလာဟာ ချဲလ်ဆီးကို ဆာရီကိုင်တွယ်ခဲ့တုန်းက လက်ထောက်နည်းပြအဖြစ် အတူလုပ်ကိုင်ခဲ့တဲ့သူဖြစ်သလို အင်္ဂလန် ကလပ်တွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ ဝက်ဖို့ဒ်နဲ့ ဘာမင်ဂမ်တို့ရဲ့ နည်းပြအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။

Sky Sport Italia ကနေတဆင့် ဇိုလာက “ ဒီအဖြစ်အပျက်ကို ကျွန်တော်အနေနဲ့ မအံသြဘူးလို့ပြောရင် ကျွန်တော်လိမ် တာပါ။ ဂျူဗင်တပ်အနေနဲ့ အသင်းရဲ့အောင်မြင်မှုပုံရိပ်တွေကို ဆွဲချလိုက်သလိုပါပဲ။ဂျူဗင်တပ်ဟာ ဒီဆုံးဖြတ်ချက်ကိုတော့ အလွယ်တကူချမှတ်ခဲ့တာမဟုတ်ပါဘူး။ အသင်းမှာကစားသမားကောင်းတွေရှိတယ်ဆိုပေမယ့် ပီယာလိုအနေနဲ့ ဒီကစား သမားတွေကို ဦးဆောင်နိုင်ဖို့ လိုပါတယ်” လို့ ပြောခဲ့ပါတယ်။

ပီယာလိုဟာ စီးရီးအေချန်ပီယံဆုကို အေစီမီလန်နဲ့နှစ်ကြိမ်၊ ဂျူဗင်တပ်နဲ့လေးကြိမ် ရရှိခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် နည်းပြချုပ်အဖြစ် အသင်းကြီးတစ်သင်းကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံမရှိသေးတဲ့ သူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းက မှ ပီယာလိုအနေနဲ့ ဂျူဗင်တပ်ယူ-၂၃ အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရထားခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်တိုက်စစ် မှူးဟောင်း ဒယ်ပီယာရိုကတော့ ပီယာလိုအနေနဲ့ ရီးရဲလ်ကိုအောင်မြင်မှုရအောင်လုပ်နိုင်ခဲ့တဲ့ ဇီဒန်းလိုမျိုး ဂျူဗင်တပ်ကို လုပ်ဆောင်နိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဒယ်ပီယာရိုက “ ဇီဒန်းနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုမယ်ဆိုရင်တော့ ပီယာလိုအတွက် မမျှတဘူးလို့ ဆိုရမှာပါ။ပီယာလိုအနေနဲ့ ဂျူ ဗင်တပ်နည်းပြဖြစ်လာတာ ကျွန်တော်အနေနဲ့လည်း အံသြမိပါတယ်။ဒါပေမယ့် စဉ်းစားမိတာတစ်ခုက အီတလီမှာ အားလုံး ပြောင်းလဲနေပါပြီ။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ လူငယ်နည်းပြတွေဖြစ်တဲ့ အင်ဇာဂီညီနောင်၊ ဂတ်တူဆို တို့ဟာအောင်မြင်တဲ့ နည်းပြတွေဖြစ်ခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ပီယာလိုကို ဂ်ဴဗင္တပ္နည္းျပအျဖစ္ ခန္႔ခဲ့တာေၾကာင့္ အံၾသခဲ့ရတယ္လို႔ ဇိုလာေျပာၾကားခဲ့
ခ်ဲလ္ဆီးအသင္းရဲ႕ဂႏၲဝင္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဇိုလာက ဂ်ဴဗင္တပ္အသင္းအေနနဲ႔ နည္းျပဆာရီကို ထုတ္ပယ္ ၿပီး အေတြ႕အၾကံဳနည္းေသးတဲ့ ပီယာလိုကို နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့တာေၾကာင့္ အံၾသသင့္ခဲ့ရေၾကာင္း ေျပာခဲ့ပါတယ္။ ဇိုလာဟာ ခ်ဲလ္ဆီးကို ဆာရီကိုင္တြယ္ခဲ့တုန္းက လက္ေထာက္နည္းျပအျဖစ္ အတူလုပ္ကိုင္ခဲ့တဲ့သူျဖစ္သလို အဂၤလန္ ကလပ္ေတြျဖစ္တဲ့ ဝက္စ္ဟမ္း၊ ဝက္ဖို႔ဒ္နဲ႔ ဘာမင္ဂမ္တို႔ရဲ႕ နည္းျပအျဖစ္လည္း တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။
Sky Sport Italia ကေနတဆင့္ ဇိုလာက “ ဒီအျဖစ္အပ်က္ကို ကြ်န္ေတာ္အေနနဲ႔ မအံၾသဘူးလို႔ေျပာရင္ ကြ်န္ေတာ္လိမ္ တာပါ။ ဂ်ဴဗင္တပ္အေနနဲ႔ အသင္းရဲ႕ေအာင္ျမင္မႈပံုရိပ္ေတြကို ဆြဲခ်လိုက္သလိုပါပဲ။ဂ်ဴဗင္တပ္ဟာ ဒီဆံုးျဖတ္ခ်က္ကိုေတာ့ အလြယ္တကူခ်မွတ္ခဲ့တာမဟုတ္ပါဘူး။ အသင္းမွာကစားသမားေကာင္းေတြရွိတယ္ဆိုေပမယ့္ ပီယာလိုအေနနဲ႔ ဒီကစား သမားေတြကို ဦးေဆာင္ႏိုင္ဖို႔ လိုပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ပီယာလိုဟာ စီးရီးေအခ်န္ပီယံဆုကို ေအစီမီလန္နဲ႔ႏွစ္ႀကိမ္၊ ဂ်ဴဗင္တပ္နဲ႔ေလးႀကိမ္ ရရွိခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ေပမယ့္ နည္းျပခ်ဳပ္အျဖစ္ အသင္းႀကီးတစ္သင္းကို ကိုင္တြယ္ဖူးတဲ့အေတြ႕အၾကံဳမရွိေသးတဲ့သူလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လပိုင္းက မွ ပီယာလိုအေနနဲ႔ ဂ်ဴဗင္တပ္ယူ-၂၃ အသင္းကို ကိုင္တြယ္ဖို႔ သေဘာတူညီမႈရထားခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္တိုက္စစ္ မွဴးေဟာင္း ဒယ္ပီယာ႐ိုကေတာ့ ပီယာလိုအေနနဲ႔ ရီးရဲလ္ကိုေအာင္ျမင္မႈရေအာင္လုပ္ႏိုင္ခဲ့တဲ့ ဇီဒန္းလိုမ်ိဳး ဂ်ဴဗင္တပ္ကို လုပ္ေဆာင္ႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။
ဒယ္ပီယာ႐ိုက “ ဇီဒန္းနဲ႔ ႏႈိင္းယွဥ္ၿပီး ေျပာဆိုမယ္ဆိုရင္ေတာ့ ပီယာလိုအတြက္ မမွ်တဘူးလို႔ ဆိုရမွာပါ။ပီယာလိုအေနနဲ႔ ဂ်ဴ ဗင္တပ္နည္းျပျဖစ္လာတာ ကြ်န္ေတာ္အေနနဲ႔လည္း အံၾသမိပါတယ္။ဒါေပမယ့္ စဥ္းစားမိတာတစ္ခုက အီတလီမွာ အားလံုး ေျပာင္းလဲေနပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္းမွာ လူငယ္နည္းျပေတြျဖစ္တဲ့ အင္ဇာဂီညီေနာင္၊ ဂတ္တူဆို တို႔ဟာေအာင္ျမင္တဲ့ နည္းျပေတြျဖစ္ခဲ့ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။