ပီယာလိုကို နည်းပြအဖြစ် ခန့်အပ်ပြီးနောက် ပေါင် ၃၆ သန်းတန် ဘရက်စီယာ ကွင်းလယ်လူ တိုနာလီ ကို ခေါ်ယူရန် ပြင်ဆင်လာတဲ့ ဂျူဗင်တပ်စ်အသင်း

ဂျူဗင်တပ်စ်အသင်းဟာ ပီယာလိုကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက် အင်တာမီလန်အသင်းကလည်း ပစ်မှတ်ထားနေတဲ့ ဘရက်စီယာ ကွင်းလယ်လူ တိုနာလီ ကို ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လိုင်ယွန်အသင်းကို မကျော်ဖြတ်နိုင်လို့ နည်းပြ ဆာရီကို ထုတ်ပယ်လိုက်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ စနေနေ့က ပဲ ပီယာလိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ နည်းပြသစ် ခန့်အပ်လိုက်တာနဲ့ အတူ ဂျူဗင်တပ်စ်အသင်းဟာ တိုနာလီကို အဓိက ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

သတင်းများအရ အိုးလေဒီအသင်းဟာ ချဲလ်ဆီးက ဂျောင်ဂျင်ဟိုကို ခေါ်ယူမယ့် အစီအစဉ်ကို ပယ်ချလိုက်ပြီး ပီယာလို လက်သစ်လို့ နာမည်ကြီးနေတဲ့ ဘရက်စီယာ ကွင်းလယ်ကစားသမားကိုပဲ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဘရက်စီယာအသင်းအတွက် (၃၆) ပွဲကစားထားပြီး (၁) ဂိုးသွင်း (၇) ဂိုးဖန်တီးပေးထားသူ ဖြစ်ပါတယ်။အင်တာမီလန်အသင်းကလည်း တိုနာလီကို မကြာသေးခင် အပတ်တွေတုန်းက ခေါ်ယူရန် ဆွေးနွေးညှိနှိုင်းနေပြီး ဘရက်စီယာအသင်းပိုင်ရှင်က ပေါင် ၃၆ သန်း တောင်းထားပါတယ်။

သို့သော်လည်း တိုနာလီကတော့ ပီယာလို လက်အောက်မှာ ကစားခွင့်ရမယ့် အခွင့်အရေးကိုပဲ ရယူသွားဟန် ရှိနေတာဖြစ်ပါတယ်။ နောက်ထပ်သတင်းအရ တိုနာလီ အနေနဲ့ ကွန်တီ ရဲ့ အင်တာမီလန်ကို ရွေးချယ်သွားပါက ဂျူဗင်တပ်စ်အသင်းဟာ ဆာဆူအိုလိုအသင်းက လိုကာတယ်လီ ကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ပီယာလိုကို နည္းျပအျဖစ္ ခန္႔အပ္ျပီးေနာက္ ေပါင္ ၃၆ သန္းတန္ ဘရက္စီယာ ကြင္းလယ္လူ တိုနာလီ ကို ေခၚယူရန္ ျပင္ဆင္လာတဲ့ ဂ်ဴဗင္တပ္စ္အသင္း

ဂ်ဴဗင္တပ္စ္အသင္းဟာ ပီယာလိုကို နည္းျပသစ္အျဖစ္ ခန္႔အပ္ျပီးေနာက္ အင္တာမီလန္အသင္းကလည္း ပစ္မွတ္ထားေနတဲ့ ဘရက္စီယာ ကြင္းလယ္လူ တိုနာလီ ကို ေခၚယူရန္ ျပင္ဆင္ေနျပီျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ လိုင္ယြန္အသင္းကို မေက်ာ္ျဖတ္ႏိုင္လို႔ နည္းျပ ဆာရီကို ထုတ္ပယ္လိုက္တဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ စေနေန႔က ပဲ ပီယာလိုကို နည္းျပသစ္အျဖစ္ ခန္႔အပ္လုိက္ပါတယ္။ နည္းျပသစ္ ခန္႔အပ္လိုက္တာနဲ႔ အတူ ဂ်ဴဗင္တပ္စ္အသင္းဟာ တိုနာလီကို အဓိက ပစ္မွတ္ထားလာတာ ျဖစ္ပါတယ္။

သတင္းမ်ားအရ အိုးေလဒီအသင္းဟာ ခ်ဲလ္ဆီးက ေဂ်ာင္ဂ်င္ဟိုကို ေခၚယူမယ့္ အစီအစဥ္ကို ပယ္ခ်လိုက္ျပီး ပီယာလို လက္သစ္လို႔ နာမည္ၾကီးေနတဲ့ ဘရက္စီယာ ကြင္းလယ္ကစားသမားကိုပဲ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ အသက္ ၂၀ အရြယ္ကစားသမားဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ဘရက္စီယာအသင္းအတြက္ (၃၆) ပြဲကစားထားျပီး (၁) ဂိုးသြင္း (၇) ဂိုးဖန္တီးေပးထားသူ ျဖစ္ပါတယ္။အင္တာမီလန္အသင္းကလည္း တိုနာလီကို မၾကာေသးခင္ အပတ္ေတြတုန္းက ေခၚယူရန္ ေဆြးေႏြးညိွႏိႈင္းေနျပီး ဘရက္စီယာအသင္းပိုင္ရွင္က ေပါင္ ၃၆ သန္း ေတာင္းထားပါတယ္။

သို႔ေသာ္လည္း တိုနာလီကေတာ့ ပီယာလို လက္ေအာက္မွာ ကစားခြင့္ရမယ့္ အခြင့္အေရးကိုပဲ ရယူသြားဟန္ ရွိေနတာျဖစ္ပါတယ္။ ေနာက္ထပ္သတင္းအရ တိုနာလီ အေနနဲ႔ ကြန္တီ ရဲ႕ အင္တာမီလန္ကို ေရြးခ်ယ္သြားပါက ဂ်ဴဗင္တပ္စ္အသင္းဟာ ဆာဆူအိုလိုအသင္းက လိုကာတယ္လီ ကို ေခၚယူသြားမယ္လို႔ သိရပါတယ္။