ဂျူဗင်တပ်စ်ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းလို့ အမြဲတမ်း တွေးနေရမယ်လို့ ဆိုလိုက်တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်က ထွက်ခဲ့ရပြီးနောက် အီတလီစီးရီးအေချန်ပီယံအနေနဲ့ တစ်ခုခု တုံ့ပြန်သင့်တယ်လို့ ရော်နယ်ဒိုက တိုက်တွန်းပြောသွားခဲ့ပါတယ်။ သောကြာနေ့က ကစားခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ ဒုတိယအကျော့ပွဲမှာ ရော်နယ်ဒိုဟာ နှစ်ဂိုး သွင်းပေးခဲ့ပြီး (၂-၁) နဲ့ အနိုင်ရခဲ့ပေမယ့် အဝေးဂိုး စည်းမျဉ်းကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။

၁၉၉၆ နောက်ပိုင်းကတည်းက ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားအောင်မြင်မှုကို လိုက်နေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ မနှစ်က ရော်နယ်ဒိုရဲ့ ပွဲဦးထွက် ရာသီမှာလည်း အေဂျက်အသင်းကို ကွာတားဖိုင်နယ်မှာ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ဒီရာသီမှာ ပြိုင်ပွဲစုံ (၄၆) ပွဲကစားပြီး (၃၇) ဂိုးသွင်းပေးခဲ့တဲ့ ရေ်ာနယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းတစ်ရာသီ ဂိုးအများဆုံး သွင်းယူထားတဲ့ (၉၄) နှစ်ကြာ စံချိန်ကို ရိုက်ချိုး ခဲ့နိုင်သော်လည်း အသက် (၃၅) နှစ်အရွယ်ကစားသမားဟာ ကစားသမားဘဝမှာ နောက်ထပ် ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ထပ်လိုချင်နေတာ ဖြစ်ပါတယ်။

“၂၀၁၉-၂၀ ဘောလုံးရာသီဟာ ကျွန်တော်တို့အတွက်ပြီးသွားပါပြီ၊ ထင်ထားတာထက် ဖြစ်ပျက်တာတွေ များပေမယ့် မျှော်လင့်သလို မဖြစ်လာတာတွေလည်း ရှိပါတယ်။ အခုအချိန်ကတော့ ပြန်လည်တုံ့ပြန်ရမယ့် အချိန်ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်လို အသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်တယ်လို့ အမြဲတမ်း တွေးနေရမှာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းလို့ ကြိုးစားရပါမယ်။

စီးရီးအေ ဖလားကို ဆွတ်ခူးနိုင်ခဲ့တာ ခက်ခဲပေမယ့် ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ပရိသတ်တွေ နဲ့ ကျွန်တော်တို့ ရည်မှန်းထားတာတွေ ပိုလုပ်ရပါမယ်။ အခု နားချိန်အနည်းငယ်ရမှာဖြစ်ပြီး အနာဂတ်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေနဲ့အတူ ဒီထက် ပိုကောင်းအောင်ပြန်လာသွားမှာပါ” လို့ ရော်နယ်ဒိုက အင်စတာဂရမ်မှာ ရေးသွားခဲ့တာဖြစ်ပါတယ်။

ဂ်ဴဗင္တပ္စ္ဟာ ကမာၻ႕အေကာင္းဆံုး အသင္းတစ္သင္းလို႔ အျမဲတမ္း ေတြးေနရမယ္လို႔ ဆိုလိုက္တဲ့ ေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္အသင္း ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္က ထြက္ခဲ့ရျပီးေနာက္ အီတလီစီးရီးေအခ်န္ပီယံအေနနဲ႔ တစ္ခုခု တံု႔ျပန္သင့္တယ္လို႔ ေရာ္နယ္ဒိုက တိုက္တြန္းေျပာသြားခဲ့ပါတယ္။ ေသာၾကာေန႔က ကစားခဲ့တဲ့ လိုင္ယြန္အသင္းနဲ႔ ဒုတိယအေက်ာ့ပြဲမွာ ေရာ္နယ္ဒိုဟာ ႏွစ္ဂိုး သြင္းေပးခဲ့ျပီး (၂-၁) နဲ႔ အႏိုင္ရခဲ့ေပမယ့္ အေ၀းဂိုး စည္းမ်ဥ္းေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းဟာ ျပဳိင္ပြဲကို လက္ျပႏႈတ္ဆက္ခဲ့ရတာျဖစ္ပါတယ္။

၁၉၉၆ ေနာက္ပိုင္းကတည္းက ေ၀းကြာေနတဲ့ ခ်န္ပီယံလိဂ္ဖလားေအာင္ျမင္မႈကို လိုက္ေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ မႏွစ္က ေရာ္နယ္ဒိုရဲ႕ ပြဲဦးထြက္ ရာသီမွာလည္း ေအဂ်က္အသင္းကို ကြာတားဖိုင္နယ္မွာ မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။ဒီရာသီမွာ ျပိဳင္ပြဲစံု (၄၆) ပြဲကစားျပီး (၃၇) ဂိုးသြင္းေပးခဲ့တဲ့ ေရ္ာနယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းတစ္ရာသီ ဂိုးအမ်ားဆံုး သြင္းယူထားတဲ့ (၉၄) ႏွစ္ၾကာ စံခ်ိန္ကို ရိုက္ခ်ိဳး ခဲ့ႏိုင္ေသာ္လည္း အသက္ (၃၅) ႏွစ္အရြယ္ကစားသမားဟာ ကစားသမားဘ၀မွာ ေနာက္ထပ္ ခ်န္ပီယံလိဂ္ဖလားတစ္ၾကိမ္ ထပ္လိုခ်င္ေနတာ ျဖစ္ပါတယ္။

“၂၀၁၉-၂၀ ေဘာလံုးရာသီဟာ ကၽြန္ေတာ္တို႔အတြက္ျပီးသြားပါျပီ၊ ထင္ထားတာထက္ ျဖစ္ပ်က္တာေတြ မ်ားေပမယ့္ ေမွ်ာ္လင့္သလို မျဖစ္လာတာေတြလည္း ရွိပါတယ္။ အခုအခ်ိန္ကေတာ့ ျပန္လည္တံု႔ျပန္ရမယ့္ အခ်ိန္ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္လို အသင္းဟာ ကမာၻ႕အေကာင္းဆံုး အသင္းျဖစ္တယ္လို႔ အျမဲတမ္း ေတြးေနရမွာျဖစ္ျပီး ကမာၻ႕အေကာင္းဆံုးအသင္းလို႔ ၾကိဳးစားရပါမယ္။

စီးရီးေအ ဖလားကို ဆြတ္ခူးႏိုင္ခဲ့တာ ခက္ခဲေပမယ့္ ဂုဏ္ယူမိပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြ နဲ႔ ကၽြန္ေတာ္တို႔ ရည္မွန္းထားတာေတြ ပိုလုပ္ရပါမယ္။ အခု နားခ်ိန္အနည္းငယ္ရမွာျဖစ္ျပီး အနာဂတ္အတြက္ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ေတြနဲ႔အတူ ဒီထက္ ပိုေကာင္းေအာင္ျပန္လာသြားမွာပါ” လို႔ ေရာ္နယ္ဒိုက အင္စတာဂရမ္မွာ ေရးသြားခဲ့တာျဖစ္ပါတယ္။