ပီယာလိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ဂျူဗင်တပ်စ်အသင်း

ဂျူဗင်တပ်စ်အသင်းဟာ ကွင်းလယ်ကစားသမားဟောင်း ပီယာလိုကို နည်းပြအဖြစ် အံ့အားသင့်ဖွယ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ သောကြာနေ့က ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ဂျူဗင်တပ်စ်အသင်းဟာ ဆာရီကို ထုတ်ပယ်လိုက်ပြီး ယခုလို နည်းပြအသစ်ကို မြန်မြန်ဆန်ဆန် တစ်ရက်တည်းမှာပင် ခန့်အပ်လိုက်တာပါ။ ဂျူဗင်တပ်စ်အသင်းဟာ ဇီဒန်း နဲ့ ပိုချက်တီနိုတို့ကို ဆက်သွယ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသော်လည်း ယူ ၂၃ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတာ (၉) ရက်ပဲ ရှိသေးတဲ့ ပီယာလို ကို ယခုလို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အသက် ၄၁ နှစ်အရွယ် ကစားသမားဟောင်းကို ပထမအသင်းကို ယခုလို လျင်မြန်စွာ ကိုင်တွယ်ခွင့်ပေးခဲ့တာဖြစ်ပြီး စနေနေ့ ညနေမှာပဲ တရားဝင် ကြေညာခဲ့ပါတယ်။တစ်ခါမှ အသင်းကြီးနည်းပြအဖြစ် တာဝန်မထမ်းဆောင်ဘူးတဲ့ ပီယာလိုကို ဂျူဗင်တပ်စ် ကစားသမားဘဝကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားတဲ့ အသင်းဥက္ကဌ အက်ဂ်နယ်လီ ကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပီယာလိုဟာ အေစီမီလန်အသင်းကနေ ၂၀၁၁ ခုနှစ်က ဂျူဗင်တပ်စ်အသင်းဆီ ပြန်လည် ရောက်ရှိခဲ့ပြီးနောက် အသင်းအတွက် ပွဲပေါင်း (၁၀၀) ကစားခဲ့ပါတယ်။ အဲ့ဒီနောက် ပီယာလိုဟာ အီတလီကနေ ၂၀၁၅ ခုနှစ်က ထွက်ခွာခဲ့ပြီး မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းကို သွားရောက်ကစားခဲ့ပြီး ကစားသမားဘဝကနေ အနားယူခဲ့သူဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ၁၉၉၅-၉၆ နောက်ပိုင်း ဝေးကွာခဲ့ရတဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရယူလိုနေပါတယ်။ အသင်းဟာ ၂၀၁၅ ခုနှစ်တုန်းက ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့သော်လည်း ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းကလည်း နောက်တစ်ကြိမ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်ကို (၄-၁) နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ အသက် ၆၁ နှစ်အရွယ် နည်းပြဆာရီဟာ တူရင်ဘီလူးအသင်းအတွက် စီးရီးအေအမှတ်ပေးဖလားကို (၉) ကြိမ် ဆက် ရယူပေးခဲ့သော်လည်း အသင်းပရိသတ်တွေနဲ့ အကြီးအကဲတွေက ချန်ပီယံလိဂ်က စောစောစီးစီး ထွက်ခွာခဲ့ရလို့ မနှစ်သက်တော့တာဖြစ်ပါတယ်။

ပီယာလိုကို နည္းျပသစ္အျဖစ္ ခန္႔အပ္လိုက္တဲ့ ဂ်ဴဗင္တပ္စ္အသင္း

ဂ်ဴဗင္တပ္စ္အသင္းဟာ ကြင္းလယ္ကစားသမားေဟာင္း ပီယာလုိကို နည္းျပအျဖစ္ အံ့အားသင့္ဖြယ္ ခန္႔အပ္လိုက္ျပီ ျဖစ္ပါတယ္။ ေသာၾကာေန႔က ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရျပီးေနာက္ ဂ်ဴဗင္တပ္စ္အသင္းဟာ ဆာရီကို ထုတ္ပယ္လိုက္ျပီး ယခုလို နည္းျပအသစ္ကို ျမန္ျမန္ဆန္ဆန္ တစ္ရက္တည္းမွာပင္ ခန္႔အပ္လိုက္တာပါ။ ဂ်ဴဗင္တပ္စ္အသင္းဟာ ဇီဒန္း နဲ႔ ပိုခ်က္တီႏိုတို႔ကို ဆက္သြယ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနေသာ္လည္း ယူ ၂၃ နည္းျပအျဖစ္ တာ၀န္ထမ္းေဆာင္ေနတာ (၉) ရက္ပဲ ရွိေသးတဲ့ ပီယာလို ကို ယခုလို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ အသက္ ၄၁ ႏွစ္အရြယ္ ကစားသမားေဟာင္းကို ပထမအသင္းကို ယခုလို လ်င္ျမန္စြာ ကိုင္တြယ္ခြင့္ေပးခဲ့တာျဖစ္ျပီး စေနေန႔ ညေနမွာပဲ တရား၀င္ ေၾကညာခဲ့ပါတယ္။တစ္ခါမွ အသင္းၾကီးနည္းျပအျဖစ္ တာ၀န္မထမ္းေဆာင္ဘူးတဲ့ ပီယာလိုကို ဂ်ဴဗင္တပ္စ္ ကစားသမားဘ၀ကတည္းက ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိထားတဲ့ အသင္းဥကၠဌ အက္ဂ္နယ္လီ ကိုယ္တိုင္ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ပီယာလိုဟာ ေအစီမီလန္အသင္းကေန ၂၀၁၁ ခုႏွစ္က ဂ်ဴဗင္တပ္စ္အသင္းဆီ ျပန္လည္ ေရာက္ရွိခဲ့ျပီးေနာက္ အသင္းအတြက္ ပြဲေပါင္း (၁၀၀) ကစားခဲ့ပါတယ္။ အဲ့ဒီေနာက္ ပီယာလိုဟာ အီတလီကေန ၂၀၁၅ ခုႏွစ္က ထြက္ခြာခဲ့ျပီး ေမဂ်ာလိဂ္ကလပ္ နယူးေယာက္စီးတီးအသင္းကို သြားေရာက္ကစားခဲ့ျပီး ကစားသမားဘ၀ကေန အနားယူခဲ့သူျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ၁၉၉၅-၉၆ ေနာက္ပိုင္း ေ၀းကြာခဲ့ရတဲ့ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးရယူလိုေနပါတယ္။ အသင္းဟာ ၂၀၁၅ ခုႏွစ္တုန္းက ဗုိလ္လုပြဲကို တက္လွမ္းႏိုင္ခဲ့ေသာ္လည္း ဘာစီလိုနာအသင္းကို ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းကလည္း ေနာက္တစ္ၾကိမ္ ဗုိလ္လုပြဲ တက္လွမ္းႏိုင္ခဲ့ေသာ္လည္း ရီးရဲလ္မက္ဒရစ္ကို (၄-၁) နဲ႔ ဂိုးျပတ္အေရးနိမ့္ခဲ့ပါတယ္။ အသက္ ၆၁ ႏွစ္အရြယ္ နည္းျပဆာရီဟာ တူရင္ဘီလူးအသင္းအတြက္ စီးရီးေအအမွတ္ေပးဖလားကို (၉) ၾကိမ္ ဆက္ ရယူေပးခဲ့ေသာ္လည္း အသင္းပရိသတ္ေတြနဲ႔ အၾကီးအကဲေတြက ခ်န္ပီယံလိဂ္က ေစာေစာစီးစီး ထြက္ခြာခဲ့ရလို႔ မႏွစ္သက္ေတာ့တာျဖစ္ပါတယ္။