ဘာစီလိုနာ ကို အနိုင်ရဖို့ဆိုတာ နာပိုလီအနေနဲ့ ဧဝရက်တောင် တက်ရသလိုမျိုးဖြစ်နေတယ်လို့ ဂတ်တူဆိုပြောကြား

နာပိုလီနည်းပြ ဂတ်တူဆိုက အသင်းအနေနဲ့ ဒီနေ့ညမှာကစားမယ့် ဘာစီလိုနာနဲ့ပွဲမှာ အနိုင်ရဖို့ဆိုတာ ဧဝရက်တောင် ကို တက်ရသလိုမျိုး ခက်ခဲနေကြောင်း ပြောခဲ့ပါတယ်။ ရှုံးထွက် ၁၆ သင်းအဆင့်ပထမအကျော့တုန်းက အိမ်ကွင်းမှာ တစ်ဂိုးစီ သရေကျခဲ့တာကြောင့် ဒုတိယအကျော့ကို ဘာစီလိုနာရဲ့နူးကမ့်ကွင်းမှာ နာပိုလီအနေနဲ့ သွားရောက်ကစားရမှာဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့ ရုန်းကန်ရနိုင်တဲ့အနေအထားကို ဂတ်တူဆိုက တင်စားပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့ ကိုဗစ်မဖြစ်ခင်တုန်းက လာလီဂါမှာ ဦးဆောင်နေခဲ့ပြီး ကိုဗစ်အလွန်ပွဲစဉ်တွေမှာတော့ ရလဒ်ပိုင်းဆိုးရွား မှုတွေကြောင့် ရီးရဲလ်အသင်းကို ချန်ပီယံဆုလွှဲပေးခဲ့ရပါတယ်။ လာလီဂါချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီးနောက်မှာ ဘာစီ လိုနာအတွက် ချန်ပီယံလိဂ်က အဓိကပစ်မှတ်ဖြစ်နေတာကြောင့် နာပိုလီအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ဆိုတာ အခွင့် အရေး နည်းနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဂတ်တူဆိုက “နိုင်ပွဲကို အားလုံးလိုချင်သလို အနိုင်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာ အားလုံးသိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ ရယ်စရာတွေအများကြီး ကြားခဲ့ရပါတယ်။ ဘာစီလိုနာက အကောင်းဆုံးပုံစံမှာ ရှိမနေဘူးဆိုတဲ့အကြောင်းပေါ့။ ဘာစီလိုနာကစားသမားအချို့စွမ်းဆောင်ရည်မကောင်းတာကိုပြပြီး ဆုံးဖြတ်လို့မရပါဘူး။ဒီပွဲက ကျွန်တော်တို့အတွက်ခက် ခဲမယ့် ပွဲတစ်ပွဲပါ။ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး ဧဝရက်တောင် တက်ရမယ့်သူတွေလိုမျိုးလုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ကစားမယ့်နာပိုလီအတွက် သတင်းကောင်းတစ်ခုကတော့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းခေါင်း ဆောင် အင်ဆစ်ဂ်နီအနေနဲ့ ဒဏ်ရာကသက်သာလာတာကြောင့် ပါဝင်ကစားနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဂတ်တူ ဆိုက “ အင်ဆစ်ဂ်နီမှာ ပေါင်ခြံဒဏ်ရာရှိတယ်ဆိုပေမယ့် လေ့ကျင့်ရေးကွင်းမှာ ၅၀ ရာခိုင်နှုန်းပြန်ပြီးလုပ်ဆောင်နိုင်နေပါပြီ။ ပွဲမှာတော့ သူအနေနဲ့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝကစားနိုင်မှာပါ” လို့ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာ ကို အႏိုင္ရဖို႔ဆိုတာ နာပိုလီအေနနဲ႔ ဧဝရက္ေတာင္ တက္ရသလိုမ်ိဳးျဖစ္ေနတယ္လို႔ ဂတ္တူဆိုေျပာၾကား
နာပိုလီနည္းျပ ဂတ္တူဆိုက အသင္းအေနနဲ႔ ဒီေန႔ညမွာကစားမယ့္ ဘာစီလိုနာနဲ႔ပြဲမွာ အႏိုင္ရဖို႔ဆိုတာ ဧဝရက္ေတာင္ ကို တက္ရသလိုမ်ိဳး ခက္ခဲေနေၾကာင္း ေျပာခဲ့ပါတယ္။ ရႈံးထြက္ ၁၆ သင္းအဆင့္ပထမအေက်ာ့တုန္းက အိမ္ကြင္းမွာ တစ္ဂိုးစီ သေရက်ခဲ့တာေၾကာင့္ ဒုတိယအေက်ာ့ကို ဘာစီလိုနာရဲ႕ႏူးကမ့္ကြင္းမွာ နာပိုလီအေနနဲ႔ သြားေရာက္ကစားရမွာျဖစ္ၿပီး ေနာက္တစ္ဆင့္တက္ဖို႔ ႐ုန္းကန္ရႏိုုင္တဲ့အေနအထားကို ဂတ္တူဆိုက တင္စားၿပီး ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
ဘာစီလိုနာအေနနဲ႔ ကိုဗစ္မျဖစ္ခင္တုန္းက လာလီဂါမွာ ဦးေဆာင္ေနခဲ့ၿပီး ကိုဗစ္အလြန္ပြဲစဥ္ေတြမွာေတာ့ ရလဒ္ပိုင္းဆိုးရြား မႈေတြေၾကာင့္ ရီးရဲလ္အသင္းကို ခ်န္ပီယံဆုလႊဲေပးခဲ့ရပါတယ္။ လာလီဂါခ်န္ပီယံဆုကို လက္လႊတ္ခဲ့ရၿပီးေနာက္မွာ ဘာစီ လိုနာအတြက္ ခ်န္ပီယံလိဂ္က အဓိကပစ္မွတ္ျဖစ္ေနတာေၾကာင့္ နာပိုလီအေနနဲ႔ ေနာက္တစ္ဆင့္တက္ဖို႔ဆိုတာ အခြင့္ အေရး နည္းေနတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။
ဂတ္တူဆိုက “ႏိုင္ပြဲကို အားလံုးလိုခ်င္သလို အႏိုင္ရေအာင္ဘယ္လိုလုပ္ရမလဲဆိုတာ အားလံုးသိပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္း အတြင္းမွာ ရယ္စရာေတြအမ်ားႀကီး ၾကားခဲ့ရပါတယ္။ ဘာစီလိုနာက အေကာင္းဆံုးပံုစံမွာ ရွိမေနဘူးဆိုတဲ့အေၾကာင္းေပါ့။ ဘာစီလိုနာကစားသမားအခ်ိဳ႕စြမ္းေဆာင္ရည္မေကာင္းတာကိုျပၿပီး ဆံုးျဖတ္လို႔မရပါဘူး။ဒီပြဲက ကြ်န္ေတာ္တို႔အတြက္ခက္ ခဲမယ့္ ပြဲတစ္ပြဲပါ။ အေကာင္းဆံုးႀကိဳးစားသြားမွာျဖစ္ၿပီး ဧဝရက္ေတာင္ တက္ရမယ့္သူေတြလိုမ်ိဳးလုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဘာစီလိုနာနဲ႔ ကစားမယ့္နာပိုလီအတြက္ သတင္းေကာင္းတစ္ခုကေတာ့ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ အသင္းေခါင္း ေဆာင္ အင္ဆစ္ဂ္နီအေနနဲ႔ ဒဏ္ရာကသက္သာလာတာေၾကာင့္ ပါဝင္ကစားႏိုင္ေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။ ဂတ္တူ ဆိုက “ အင္ဆစ္ဂ္နီမွာ ေပါင္ျခံဒဏ္ရာရွိတယ္ဆိုေပမယ့္ ေလ့က်င့္ေရးကြင္းမွာ ၅၀ ရာခိုင္ႏႈန္းျပန္ၿပီးလုပ္ေဆာင္ႏိုင္ေနပါၿပီ။ ပြဲမွာေတာ့ သူအေနနဲ႔ ၁၀၀ ရာခိုင္ႏႈန္း အျပည့္အဝကစားႏိုင္မွာပါ” လို႔ေျပာခဲ့ပါတယ္။