အနားယူချိန်မှာတောင် ကိုယ်ခန္ဓာကြံခိုင်မှုအတွက် လေ့ကျင့်ခန်း မပျက်ခဲ့တဲ့ အေဘရာဟီမိုဗစ်

လိဂ်ပြိုင်ပွဲတွေပြီးဆုံးသွားတာကြောင့် ကစားသမားအများစုဟာ အားလပ်ရက်ရနေကြတာဖြစ်ပြီး အပန်းဖြေအနားယူနေကြ ပါတယ်။ ဒီလိုကစားသမားတွေထဲမှာ အေစီမီလန်တိုက်စစ်မှူး အေဘရာဟီမိုဗစ်လည်း ပါဝင်ခဲ့ပေမယ့် မိုဗစ်ဟာ အနားယူ နေချိန်မှာတောင် ကိုယ်ခန္ဓာကြံခိုင်မှုအတွက် လေ့ကျင့်ခန်းပြုလုပ်နေတာကိုတွေ့ရပါတယ်။ မိုဗစ်ဟာ မိသားစုနဲ့အတူ ပြင် သစ်နိုင်ငံမှာ အနားယူနေတာပဲ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ နေရောင်ခံအဆီလိမ်းပြီး ကိုယ်ခန္ဓာအပေါ်ပိုင်း အဝတ်မဝတ်ဘဲ ရွက်လှေပေါ်မှာလေ့ ကျင့်ခန်းပြုလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။မိုဗစ်ရဲ့ ဇနီးဟယ်လန်နာဆီဂါကတော့ ရွက်လှေပေါ်မှာ လေ့ကျင့်ခန်းပြုလုပ်လို့ ရ တာကြောင့်ပျော်ရွှင်မိတယ်လို့ ပြောခဲ့ပါတယ်။ မိုဗစ်ဟာ ဇနီး၊ သားနှစ်ယောက်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ရွက်လှေ ပေါ်မှာ အနားယူနေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက မေဂျာလိဂ်ကလပ် အယ်အေဂလက်ဆီကနေ ကာလတိုပြောင်းရွှေ့မှုနဲ့ အေစီမီ လန်ကို တစ်ကျော့ပြန်ရောက်ရှိလာတဲ့ မိုဗစ်ဟာ လက်ရှိမှာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် ပရီး မီးယားလိဂ်ကို တန်းတက်လာတဲ့ လိဒ်ယူနိုက်တက်က သူကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အေစီမီလန် အတွက် ၁၁ ဂိုးသွင်းနိုင်ခဲ့တဲ့မိုဗစ်ကို တစ်ပတ်လုပ်ခပေါင် ၁၀၄,၀၀၀ နဲ့ စာချုပ်သစ်ချုပ်ဖို့ အသင်းက ကမ်းလှမ်းထားတယ် လို့ သိရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လတုန်းက မိုဗစ်က သူအနေနဲ့ ယူရိုပါလိဂ်ကစားရမယ့်သူမျိုးမဟုတ်ဘူးလို့ ပြောကြားခဲ့တာတွေရှိတာ ကြောင့် အသင်းနဲ့ စာချုပ်ထပ်ပြီး ချုပ်ဆိုပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။ အသက် ၃၈ နှစ်ရှိနေပြီဖြစ်တဲ့ မိုဗစ်ကို ချန်ပီယံလိဂ်ကစားခွင့်ရတဲ့ ဥရောပထိပ်သီးလိဂ် ၅ ခုရဲ့ကလပ်အသင်းတွေအနေနဲ့ခေါ်ယူဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ သတင်း တွေတော့ မတွေ့ရသေးတာ ဖြစ်ပါတယ်။

zawgyi version

အနားယူခ်ိန္မွာေတာင္ ကိုယ္ခႏၶာၾကံခိုင္မႈအတြက္ ေလ့က်င့္ခန္း မပ်က္ခဲ့တဲ့ ေအဘရာဟီမိုဗစ္
လိဂ္ၿပိဳင္ပြဲေတြၿပီးဆံုးသြားတာေၾကာင့္ ကစားသမားအမ်ားစုဟာ အားလပ္ရက္ရေနၾကတာျဖစ္ၿပီး အပန္းေျဖအနားယူေနၾက ပါတယ္။ ဒီလိုကစားသမားေတြထဲမွာ ေအစီမီလန္တိုက္စစ္မွဴး ေအဘရာဟီမိုဗစ္လည္း ပါဝင္ခဲ့ေပမယ့္ မိုဗစ္ဟာ အနားယူ ေနခ်ိန္မွာေတာင္ ကိုယ္ခႏၶာၾကံခိုင္မႈအတြက္ ေလ့က်င့္ခန္းျပဳလုပ္ေနတာကိုေတြ႕ရပါတယ္။ မိုဗစ္ဟာ မိသားစုနဲ႔အတူ ျပင္ သစ္ႏိုင္ငံမွာ အနားယူေနတာပဲ ျဖစ္ပါတယ္။
အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ့ မိုဗစ္ဟာ ေနေရာင္ခံအဆီလိမ္းၿပီး ကိုယ္ခႏၶာအေပၚပိုင္း အဝတ္မဝတ္ဘဲ ရြက္ေလွေပၚမွာေလ့ က်င့္ခန္းျပဳလုပ္ေနခဲ့တာပဲ ျဖစ္ပါတယ္။မိုဗစ္ရဲ႕ ဇနီးဟယ္လန္နာဆီဂါကေတာ့ ရြက္ေလွေပၚမွာ ေလ့က်င့္ခန္းျပဳလုပ္လို႔ ရ တာေၾကာင့္ေပ်ာ္ရႊင္မိတယ္လို႔ ေျပာခဲ့ပါတယ္။ မိုဗစ္ဟာ ဇနီး၊ သားႏွစ္ေယာက္၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အတူ ရြက္ေလွ ေပၚမွာ အနားယူေနတာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ေမဂ်ာလိဂ္ကလပ္ အယ္ေအဂလက္ဆီကေန ကာလတိုေျပာင္းေရႊ႕မႈနဲ႔ ေအစီမီ လန္ကို တစ္ေက်ာ့ျပန္ေရာက္ရွိလာတဲ့ မိုဗစ္ဟာ လက္ရွိမွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔လုပ္ေဆာင္ေနေပမယ့္ ပရီး မီးယားလိဂ္ကို တန္းတက္လာတဲ့ လိဒ္ယူႏိုက္တက္က သူကိုေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ ေအစီမီလန္ အတြက္ ၁၁ ဂိုးသြင္းႏိုင္ခဲ့တဲ့မိုဗစ္ကို တစ္ပတ္လုပ္ခေပါင္ ၁၀၄,၀၀၀ နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အသင္းက ကမ္းလွမ္းထားတယ္ လို႔ သိရပါတယ္။
ဒါေပမယ့္ ၿပီးခဲ့တဲ့လတုန္းက မိုဗစ္က သူအေနနဲ႔ ယူ႐ိုပါလိဂ္ကစားရမယ့္သူမ်ိဳးမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာေတြရွိတာ ေၾကာင့္ အသင္းနဲ႔ စာခ်ဳပ္ထပ္ၿပီး ခ်ဳပ္ဆိုပါ့မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ အသက္ ၃၈ ႏွစ္ရွိေနၿပီျဖစ္တဲ့ မိုဗစ္ကို ခ်န္ပီယံလိဂ္ကစားခြင့္ရတဲ့ ဥေရာပထိပ္သီးလိဂ္ ၅ ခုရဲ႕ကလပ္အသင္းေတြအေနနဲ႔ေခၚယူဖို႔ စိတ္ဝင္စားတယ္ဆိုတဲ့ သတင္း ေတြေတာ့ မေတြ႕ရေသးတာ ျဖစ္ပါတယ္။