ရော်နယ်ဒို၊ အီတူး၊ မီလီတို တို့ရဲ့ စံချိန်မျိုးကို ဂီတာဖေးနဲ့ပွဲမှာ ဂိုးသွင်းပြီး ရယူနိုင်ခဲ့တဲ့ အင်တာတိုက်စစ်မှူး လူကာကူ

အင်တာတိုက်စစ်မှူး လူကာကူဟာ ဂီတာဖေးနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပြိုင်ပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် အသင်းတိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ ရော်နယ်ဒို၊ အီတူးနဲ့ မီလီတို တို့လိုမျိုး တစ်ရာသီအတွင်း အင်တာအတွက် ပြိုင်ပွဲစုံမှာ ဂိုး ၃၀ သွင်းယူနိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ လူကာကူဟာ အင်တာ အတွက် ပထမဆုံးရာသီမှာ စီးရီးအေသွင်းဂိုး ၂၃ ဂိုးအထိသွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

အခုလို တစ်ရာသီအတွင်း ပြိုင်ပွဲစုံမှာ ဂိုး ၃၀ သွင်းယူနိုင်တာဟာ လူကာကူရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ်ဖြစ် တယ်လို့ သိရပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ ပထမဆုံးရာသီမှာ လူကာကူအနေနဲ့ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ၂၇ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂီတာဖေးနဲ့ပွဲမှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့တဲ့ လူကာကူဟာ ယူရိုပါလိဂ်နောက်ဆုံး ၈ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အလန်ရှီးယားရဲ့ စံချိန်ကိုလည်း လိုက်မီခဲ့တယ်လို့ သိ ရပါတယ်။

လူကာကူအနေနဲ့ သူရဲ့ပထမဆုံးအင်တာမီလန်ကစားသမားဘဝမှာ ဂိုး ၃၀ သွင်းယူနိုင်ခဲ့တာကြောင့် တိုက်စစ်မှူးဟောင်း အီတူးရဲ့ ပထမဆုံးရာသီထက် သွင်းဂိုးပိုများခဲ့တယ်လို့သိရပါတယ်။ အီတူးဟာ အင်တာအတွက် သူရဲ့ပထမဆုံးရာသီမှာ ဂိုး ၃၀ သွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဒုတိယရာသီမှာတော့ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၇ ဂိုးအထိသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ မီလီတို တို့ကတော့ သူတို့ရဲ့အင်တာအတွက် ပထမဆုံးရာသီတွေမှာ သွင်းဂိုး ၃၀ နဲ့အထက် သွင်းယူနိုင်ခဲ့ပါတယ်။

လူကာကူအနေနဲ့ အင်တာရဲ့ ဒီရာသီသွင်းဂိုး ၁၀၄ ဂိုးမှာ ၃၅ ဂိုးအထိပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။ ဂီတာဖေးကို အနိုင်ရပြီးနောက် ယူရိုပါလိဂ်ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ အင်တာမီလန်ဟာ ရိန်းဂျားစ်နဲ့ လေဗာကူဆင်အတွဲက အနိုင်ရပြီး တက်လာတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။လေဗာကူဆင်အနေနဲ့ ပထမအကျော့က အဝေးကွင်းမှာ အနိုင် ရထားတာကြောင့် ကွာတားတက်ဖို့ အခွင့်အရေးများနေလို့ အင်တာမီလန်အနေနဲ့ ကွာတားဖိုင်နယ်မှာ လေဗာကူဆင်နဲ့ ကစားရဖို့ များနေပါတယ်။

zawgyi version

ေရာ္နယ္ဒို၊ အီတူး၊ မီလီတို တို႔ရဲ႕ စံခ်ိန္မ်ိဳးကို ဂီတာေဖးနဲ႔ပြဲမွာ ဂိုးသြင္းၿပီး ရယူႏိုင္ခဲ့တဲ့ အင္တာတိုက္စစ္မွဴး လူကာကူ

အင္တာတိုက္စစ္မွဴး လူကာကူဟာ ဂီတာေဖးနဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ရႈံးထြက္ ၁၆ သင္းအဆင့္ၿပိဳင္ပြဲမွာ အသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ အသင္းတိုက္စစ္မွဴးေဟာင္းေတြျဖစ္တဲ့ ေရာ္နယ္ဒို၊ အီတူးနဲ႔ မီလီတို တို႔လိုမ်ိဳး တစ္ရာသီအတြင္း အင္တာအတြက္ ၿပိဳင္ပြဲစံုမွာ ဂိုး ၃၀ သြင္းယူႏိုင္တဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။ လူကာကူဟာ အင္တာ အတြက္ ပထမဆံုးရာသီမွာ စီးရီးေအသြင္းဂိုး ၂၃ ဂိုးအထိသြင္းယူေပးခဲ့သူလည္း ျဖစ္ပါတယ္။

အခုလို တစ္ရာသီအတြင္း ၿပိဳင္ပြဲစံုမွာ ဂိုး ၃၀ သြင္းယူႏိုင္တာဟာ လူကာကူရဲ႕ ကစားသမားဘဝမွာ ပထမဆံုးအႀကိမ္ျဖစ္ တယ္လို႔ သိရၿပီး ယူႏိုက္တက္ကို ေျပာင္းေရႊ႕ခဲ့တဲ့ ပထမဆံုးရာသီမွာ လူကာကူအေနနဲ႔ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ၂၇ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂီတာေဖးနဲ႔ပြဲမွာ အႏိုင္ဂိုးတစ္ဂိုးသြင္းယူခဲ့တဲ့ လူကာကူဟာ ယူ႐ိုပါလိဂ္ေနာက္ဆံုး ၈ ပြဲဆက္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အဂၤလန္ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္တဲ့ အလန္ရွီးယားရဲ႕ စံခ်ိန္ကိုလည္း လိုက္မီခဲ့တယ္လို႔ သိ ရပါတယ္။

လူကာကူအေနနဲ႔ သူရဲ႕ပထမဆံုးအင္တာမီလန္ကစားသမားဘဝမွာ ဂိုုး ၃၀ သြင္းယူႏိုင္ခဲ့တာေၾကာင့္ တိုက္စစ္မွဴးေဟာင္း အီတူးရဲ႕ ပထမဆံုးရာသီထက္ သြင္းဂိုးပိုမ်ားခဲ့တယ္လို႔သိရပါတယ္။ အီတူးဟာ အင္တာအတြက္ သူရဲ႕ပထမဆံုးရာသီမွာ ဂိုး ၃၀ သြင္းယူႏိုင္ခဲ့ျခင္းမရွိေပမယ့္ ဒုတိယရာသီမွာေတာ့ ၿပိဳင္ပြဲစံုမွာ သြင္းဂိုး ၃၇ ဂိုးအထိသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေရာ္နယ္ဒိုနဲ႔ မီလီတို တို႔ကေတာ့ သူတို႔ရဲ႕အင္တာအတြက္ ပထမဆံုးရာသီေတြမွာ သြင္းဂိုး ၃၀ နဲ႔အထက္ သြင္းယူႏိုင္ခဲ့ပါ တယ္။

လူကာကူအေနနဲ႔ အင္တာရဲ႕ ဒီရာသီသြင္းဂိုး ၁၀၄ ဂိုးမွာ ၃၅ ဂိုးအထိပါဝင္ပတ္သက္ခဲ့တယ္လို႔ သိရပါတယ္။ ဂီတာေဖးကို အႏိုင္ရၿပီးေနာက္ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့တဲ့ အင္တာမီလန္ဟာ ရိန္းဂ်ားစ္နဲ႔ ေလဗာကူဆင္အတြဲက အႏိုင္ရၿပီး တက္လာတဲ့အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ေလဗာကူဆင္အေနနဲ႔ ပထမအေက်ာ့က အေဝးကြင္းမွာ အႏိုင္ ရထားတာေၾကာင့္ ကြာတားတက္ဖို႔ အခြင့္အေရးမ်ားေနလို႔ အင္တာမီလန္အေနနဲ႔ ကြာတားဖိုင္နယ္မွာ ေလဗာကူဆင္နဲ႔ ကစားရဖို႔ မ်ားေနပါတယ္။