စီရော်နယ်ဒိုကို အနိုင်ယူပြီး စီးရီးအေအကောင်းဆုံးကစားသမားဆုကို ရခဲ့တဲ့ အသင်းဖော် ဒိုင်ဘာလာ

ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ကျင်းပခဲ့တဲ့ တစ်ရာသီအတွင်းစီးရီးအေ အကောင်းဆုံး ကစား သမားဆုကို အသင်းဖော် စီရော်နယ်ဒိုကို ကျော်ပြီး ရယူသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ စီးရီး အေအကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ ဂျူဗင်တပ်ကနေ ပါးမားကို အဌားသွားရောက်ကစားနေတဲ့ ကူလူဆက် စကီးက ရရှိသွားတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းကနေ နောက်ထပ်ဆုရရှိသွားတဲ့သူ တစ်ဦးကတော့ ဂိုးသမား ဆက်ဇီနီ ဖြစ်ပြီး အကောင်းဆုံးဂိုးသမားဆု ကို ရရှိခဲ့ပါတယ်။ အကောင်းဆုံးနောက်ခံလူအဖြစ် အင်တာမီလန်နောက်ခံလူ ဒီဗရစ်ဂျ်၊ အကောင်းဆုံးကွင်းလယ်လူအဖြစ် အတ္တလန္တာအသင်းခေါင်းဆောင် ပါပူဂိုမက်ဇ်နဲ့ အကောင်းဆုံးတိုက်စစ်မှူးဆုကိုတော့ လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီတို့ က ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဒိုင်ဘာလာအနေနဲ့ ဒီရာသီမှာ သွင်းဂိုး ၁၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဒိုင်ဘာလာအနေနဲ့ စီရော်နယ်ဒိုနဲ့ တွဲပြီး ဂျူဗင်တပ်တိုက်စစ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ သူဖြစ်ပါတယ်။စီရော်နယ်ဒိုကတော့ ဒီရာသီမှာ စီးရီးအေသွင်းဂိုး ၃၁ ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဂျူဗင်တပ် နည်းပြ ဆာရီက စီရော်နယ်ဒိုနဲ့ ဒိုင်ဘာလာတို့ တွဲဖက်ကစားနိုင်မှုကို ဇွန်လ ၃၀ရက်နေ့က ကစားခဲ့တဲ့ ဂျီနိုအာကို အနိုင်ရ ခဲ့တဲ့ပွဲမှာ သတိပြုမိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဂျူဗင်တပ်နည်းပြဆာရီက “ သူတို့နှစ်ယောက်ဟာ တစ်ယောက်စီကနေတစ်ယောက် အပြန်အလှန်သင်ယူမှုတွေပြုလုပ်နိုင် တယ်ဆိုတာကို သတိထားမိခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း သူတို့နှစ်ယောက်တွဲပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ တာတွေရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အကျိုးပြုနိုင်မယ်လို့လည်း သူတို့နှစ်ယောက်ကြားမှာ ယုံကြည် မှု ရှိနေပါတယ်” လို့ပြောခဲ့ပါတယ်။

zawgyi version

စီေရာ္နယ္ဒိုကို အႏိုင္ယူၿပီး စီးရီးေအအေကာင္းဆံုးကစားသမားဆုကို ရခဲ့တဲ့ အသင္းေဖာ္ ဒိုင္ဘာလာ
ဂ်ဴဗင္တပ္တိုက္စစ္မွဴး ဒိုင္ဘာလာဟာ ၿပီးခဲ့တဲ့အဂၤါေန႔က က်င္းပခဲ့တဲ့ တစ္ရာသီအတြင္းစီးရီးေအ အေကာင္းဆံုး ကစား သမားဆုကို အသင္းေဖာ္ စီေရာ္နယ္ဒိုကို ေက်ာ္ၿပီး ရယူသြားႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ၂၀၁၉-၂၀ ေဘာလံုးရာသီရဲ႕ စီးရီး ေအအေကာင္းဆံုးလူငယ္ကစားသမားဆုကိုေတာ့ ဂ်ဴဗင္တပ္ကေန ပါးမားကို အဌားသြားေရာက္ကစားေနတဲ့ ကူလူဆက္ စကီးက ရရွိသြားတယ္လို႔ သိရပါတယ္။
ဂ်ဴဗင္တပ္အသင္းကေန ေနာက္ထပ္ဆုရရွွိသြားတဲ့သူ တစ္ဦးကေတာ့ ဂိုးသမား ဆက္ဇီနီ ျဖစ္ၿပီး အေကာင္းဆံုးဂိုးသမားဆု ကို ရရွိခဲ့ပါတယ္။ အေကာင္းဆံုးေနာက္ခံလူအျဖစ္ အင္တာမီလန္ေနာက္ခံလူ ဒီဗရစ္ဂ်္၊ အေကာင္းဆံုးကြင္းလယ္လူအျဖစ္ အတၱလႏၲာအသင္းေခါင္းေဆာင္ ပါပူဂိုမက္ဇ္နဲ႔ အေကာင္းဆံုးတိုက္စစ္မွဴးဆုကိုေတာ့ လာဇီယိုတိုက္စစ္မွဴး အင္မိုဘီလီတို႔ က ရရွိသြားခဲ့တယ္လို႔ သိရပါတယ္။
ဒိုင္ဘာလာအေနနဲ႔ ဒီရာသီမွာ သြင္းဂိုး ၁၁ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁၁ ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ့ ဒိုင္ဘာလာအေနနဲ႔ စီေရာ္နယ္ဒိုနဲ႔ တြဲၿပီး ဂ်ဴဗင္တပ္တိုက္စစ္မွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္တဲ့ သူျဖစ္ပါတယ္။စီေရာ္နယ္ဒိုကေတာ့ ဒီရာသီမွာ စီးရီးေအသြင္းဂိုး ၃၁ ဂိုးအထိသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ဂ်ဴဗင္တပ္ နည္းျပ ဆာရီက စီေရာ္နယ္ဒိုနဲ႔ ဒိုင္ဘာလာတို႔ တြဲဖက္ကစားႏိုင္မႈကို ဇြန္လ ၃၀ရက္ေန႔က ကစားခဲ့တဲ့ ဂ်ီႏိုအာကို အႏိုင္ရ ခဲ့တဲ့ပြဲမွာ သတိျပဳမိခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။
ဂ်ဴဗင္တပ္နည္းျပဆာရီက “ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္စီကေနတစ္ေယာက္ အျပန္အလွန္သင္ယူမႈေတြျပဳလုပ္ႏိုင္ တယ္ဆိုတာကို သတိထားမိခဲ့ပါတယ္။ ေလ့က်င့္ေရးကြင္းမွာလည္း သူတို႔ႏွစ္ေယာက္တြဲၿပီး အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့ တာေတြရွိပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္အျပန္အလွန္အက်ိဳးျပဳႏိုင္မယ္လို႔လည္း သူတို႔ႏွစ္ေယာက္ၾကားမွာ ယံုၾကည္ မႈ ရွိေနပါတယ္” လို႔ေျပာခဲ့ပါတယ္။