နေမာ၊ အမ်ဘတ်မီတို့နဲ့ တွဲကစားချင်တာကြောင့် ပီအက်စ်ဂျီကို ပြောင်းရွှေ့ကစားချင်တယ်လို့ ပြောခဲ့တဲ့ စီရော်နယ်ဒို

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုက ကိုရိုနာဗိုင်းရပ်စ်မဖြစ်ခင်တုန်းက အသင်းမှာမပျော်မရွှင်ဖြစ်နေပြီး ကမ္ဘာ့အကောင်း ဆုံးလူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ နေမာနဲ့ အမ်ဘတ်မီတို့နဲ့ တွဲကစားချင်တာကြောင့် ပီအက်စ်ဂျီကို ပြောင်းရွှေ့ချင်တယ်လို့ ပြောခဲ့ကြောင်း ပြင်သစ်သတင်းစာတွေကဖော်ပြခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ရီးရဲလ်ကနေ ဂျူဗင်တပ်ကို ၂၀၁၈ ခုနှစ်ကရောက်ရှိလာခဲ့ပြီး စီးရီးအေချန်ပီယံဆုကို နှစ်ကြိမ်ရရှိထားသူလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့မြို့တော်ဖြစ်တဲ့ ပဲရစ်ဟာ စီရော်နယ်ဒိုအတွက် အမှတ်တရဖြစ်စရာနေရာတစ်ခုဖြစ်ခဲ့ပြီး ဒီမြို့မှာစီရော် နယ်ဒိုအနေနဲ့ ပေါ်တူဂီအသင်းနဲ့အတူ ယူရို ၂၀၁၆ ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ယူရို ၂၀၁၆ ချန်ပီယံဆုဟာ စီရော် နယ်ဒိုအတွက် နိုင်ငံလက်ရွေးစင်အသင်းမှာ ပထမဆုံးရခဲ့တဲ့ ဆုဖလားလည်းဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီအေတွေမှာ ကစားခဲ့ဖူးပြီး အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ကာတာအားကစားရင်းနှီးမြုပ်နှံသူတွေ ပိုင်ဆိုင်ပြီးနောက်မှာ ပီအက်စ်ဂျီဟာ ဥရောပမှာအသင်းကြီးတစ်သင်းဖြစ်လာခဲ့ပြီး နေမာ၊ အမ်ဘတ်ပီတို့လို တိုက်စစ်ကစားသမားတွေကို ငွေကြေးများစွာအကုန်အကျခံပြီး ခေါ်ယူကာ အသင်းကို တည် ဆောက်ထားတာဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့နိုင်တယ်လို့ အစောပိုင်းတုန်းက ပြင်သစ်မီဒီ ယာတွေက ဖော်ပြခဲ့ကြပါတယ်။

စီရော်နယ်ဒိုဟာ ဂျူဗင်တပ်ကိုပြောင်းရွှေ့လာပြီးနောက် ၂ရာသီအတွင်း ပွဲပေါင်း ၈၈ ပွဲမှာ သွင်းဂိုး ၆၃ ဂိုးအထိသွင်းယူနိုင် တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီမှာဆိုရင်လည်း လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီနဲ့အတူ ဂိုးသွင်းအများဆုံး ကစား သမားဆုအတွက် ယှဉ်ပြိုင်ခဲ့ရပါတယ်။ တစ်ကမ္ဘာ့လုံးမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့တာကြောင့် ငွေကြေးများစွာဆုံးရှုံးခဲ့လို့ စီရော်နယ်ဒိုရဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့မယ့်ကိစ္စဟာ ပျက်ပယ်သွားခဲ့တယ်လို့လည်း ပြင်သစ်ဘောလုံးသတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

ေနမာ၊ အမ္ဘတ္မီတို႔နဲ႔ တြဲကစားခ်င္တာေၾကာင့္ ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ကစားခ်င္တယ္လို႔ ေျပာခဲ့တဲ့ စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္တိုက္စစ္မွဴးစီေရာ္နယ္ဒိုက ကို႐ိုနာဗိုင္းရပ္စ္မျဖစ္ခင္တုန္းက အသင္းမွာမေပ်ာ္မရႊင္ျဖစ္ေနၿပီး ကမ႓ာ့အေကာင္း ဆံုးလူငယ္တိုက္စစ္မွဴးေတြျဖစ္တဲ့ ေနမာနဲ႔ အမ္ဘတ္မီတို႔နဲ႔ တြဲကစားခ်င္တာေၾကာင့္ ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ခ်င္တယ္လို႔ ေျပာခဲ့ေၾကာင္း ျပင္သစ္သတင္းစာေတြကေဖာ္ျပခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ရီးရဲလ္ကေန ဂ်ဴဗင္တပ္ကို ၂၀၁၈ ခုႏွစ္ကေရာက္ရွိလာခဲ့ၿပီး စီးရီးေအခ်န္ပီယံဆုကို ႏွစ္ႀကိမ္ရရွိထားသူလည္း ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ၿမိဳ႕ေတာ္ျဖစ္တဲ့ ပဲရစ္ဟာ စီေရာ္နယ္ဒိုအတြက္ အမွတ္တရျဖစ္စရာေနရာတစ္ခုျဖစ္ခဲ့ၿပီး ဒီၿမိဳ႕မွာစီေရာ္ နယ္ဒိုအေနနဲ႔ ေပၚတူဂီအသင္းနဲ႔အတူ ယူ႐ို ၂၀၁၆ ခ်န္ပီယံဆုကို ရရွိခဲ့တာျဖစ္ပါတယ္။ ယူ႐ို ၂၀၁၆ ခ်န္ပီယံဆုဟာ စီေရာ္ နယ္ဒိုအတြက္ ႏိုင္ငံလက္ေရြးစင္အသင္းမွာ ပထမဆံုးရခဲ့တဲ့ ဆုဖလားလည္းျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္၊ လာလီဂါနဲ႔ စီးရီေအေတြမွာ ကစားခဲ့ဖူးၿပီး အမွတ္ေပးခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

ကာတာအားကစားရင္းႏွီးျမဳပ္ႏွံသူေတြ ပိုင္ဆိုင္ၿပီးေနာက္မွာ ပီအက္စ္ဂ်ီဟာ ဥေရာပမွာအသင္းႀကီးတစ္သင္းျဖစ္လာခဲ့ၿပီး ေနမာ၊ အမ္ဘတ္ပီတို႔လို တိုက္စစ္ကစားသမားေတြကို ေငြေၾကးမ်ားစြာအကုန္အက်ခံၿပီး ေခၚယူကာ အသင္းကို တည္ ေဆာက္ထားတာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုအေနနဲ႔ ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ႏိုင္တယ္လို႔ အေစာပိုင္းတုန္းက ျပင္သစ္မီဒီ ယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္ကိုေျပာင္းေရႊ႕လာၿပီးေနာက္ ၂ရာသီအတြင္း ပြဲေပါင္း ၈၈ ပြဲမွာ သြင္းဂိုး ၆၃ ဂိုးအထိသြင္းယူႏိုင္ တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ဒီရာသီမွာဆိုရင္လည္း လာဇီယိုတိုက္စစ္မွဴး အင္မိုဘီလီနဲ႔အတူ ဂိုးသြင္းအမ်ားဆံုး ကစား သမားဆုအတြက္ ယွဥ္ၿပိဳင္ခဲ့ရပါတယ္။ တစ္ကမ႓ာ့လံုးမွာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားခဲ့တာေၾကာင့္ ေငြေၾကးမ်ားစြာဆံုးရႈံးခဲ့လို႔ စီေရာ္နယ္ဒိုရဲ႕ ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕မယ့္ကိစၥဟာ ပ်က္ပယ္သြားခဲ့တယ္လို႔လည္း ျပင္သစ္ေဘာလံုးသတင္းစာေတြက ေဖာ္ျပခဲ့ပါတယ္။