ကူလီဘာလီကို မန်စီးတီးထံ ရောင်းချဖို့အတွက် တံခါးဖွင့်ထားပြီလို့ ပြောကြားခဲ့တဲ့ နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်တစ်

နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်တစ်က နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့အတွက် သတင်းတွေထွက်နေတဲ့ နောက်ခံလူ ကူလီဘာလီကို မန်စီးတီးအသင်းထံကိုရောင်းချဖို့အတွက် ကမ်းလှမ်းမှုများကို လက်ခံသွားဖွယ်ရှိတယ်လို့ ပြော ခဲ့ပါတယ်။ မန်စီးတီးဟာ အသင်းရဲ့ခံစစ်ပိုင်းကို ပြောင်းလဲမှုပြုလုပ်ဖို့အတွက် နည်းပြဂွါဒီယိုလာအနေနဲ့ နွေရာသီအပြောင်း အရွှေ့မှာ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ အစောပိုင်းတုန်းက ကူလီဘာလီကို ဦးစားပေးခေါ်ယူဖို့အတွက် လုပ်ဆောင်မှုတွေရှိခဲ့ တာ ဖြစ်ပေမယ့် သူရဲ့ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် ခေါ်ယူဖို့ နှောင့်နှေးနေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ကနေ တန်း ဆင်းသွားရတဲ့ ဘုန်းမောက်အသင်းရဲ့ နောက်ခံလူ နသန်အကီကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုလုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။ နသန်အကီဟာ ဒီရာသီမှာ ဘုန်းမောက်အတွက် ခြေစွမ်းပြနိုင်တဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့်သူကို ခေါ်ယူလိုတဲ့အသင်းတွေကြားမှာ မန်စီးတီးက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ နာပိုလီနောက်ခံလူ ကူလီဘာလီဟာ ဒီရာသီပြိုင်ပွဲစုံမှာ ၃၂ ပွဲကစားထားပြီး ပြီးခဲ့တဲ့လက နာပို လီနဲ့အတူ ကိုပါအီတာလီယာဖလားချန်ပီယံဆုကို ရရှိထားသူလည်းဖြစ်ပါတယ်။ ၂၁၀၄ ခုနှစ်က ဘယ်ဂျီယံကလပ်ဂျန့်ခ်က နေပြောင်းရွှေ့လာခဲ့ပြီးနောက် ကူလီဘာလီဟာ ဥရောပထိပ်သီးလိဂ် ၅ခုထဲက အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်လာခဲ့ တာကြောင့် သူကို အသင်းကြီးတွေက အပြိုင်ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ကူလီဘာလီက “ နေပယ်လ်မြို့မှာ နေရတာကို ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်အနေနဲ့ ကတိပေးမှုတော့ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး” လို့ Radio Kiss Kiss အစီအစဉ်မှာပြောခဲ့ပါတယ်။ နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်တစ်က “ ကူလီဘာလီက စွမ်းဆောင်ရည်တဲ့ကောင်းတဲ့သူပါ။သူကို ဆုံးရှုံးမှာကြောက်ပေမယ့် အပြောင်းအရွှေ့တွေက ဖြစ်သွားနိုင် ပါတယ်။ ဒါပေမယ့် စားပွဲပေါ်ကို ယူရိုသန်း ၉၀ ရောက်မလာဘူးဆိုရင်တော့ သူကိုခေါ်ယူနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

 

zawgyi version

ကူလီဘာလီကို မန္စီးတီးထံ ေရာင္းခ်ဖို႔အတြက္ တံခါးဖြင့္ထားၿပီလို႔ ေျပာၾကားခဲ့တဲ့ နာပိုလီအသင္းပိုင္ရွင္ ဒီေလာ္ရန္တစ္

နာပိုလီအသင္းပိုင္ရွင္ ဒီေလာ္ရန္တစ္က ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းေျပာင္းဖို႔အတြက္ သတင္းေတြထြက္ေနတဲ့ ေနာက္ခံလူ ကူလီဘာလီကို မန္စီးတီးအသင္းထံကိုေရာင္းခ်ဖို႔အတြက္ ကမ္းလွမ္းမႈမ်ားကို လက္ခံသြားဖြယ္ရွိတယ္လို႔ ေျပာ ခဲ့ပါတယ္။ မန္စီးတီးဟာ အသင္းရဲ႕ခံစစ္ပိုင္းကို ေျပာင္းလဲမႈျပဳလုပ္ဖို႔အတြက္ နည္းျပဂြါဒီယိုလာအေနနဲ႔ ေႏြရာသီအေျပာင္း အေရႊ႕မွာ လုပ္ေဆာင္သြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။
မန္စီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ အေစာပိုင္းတုန္းက ကူလီဘာလီကို ဦးစားေပးေခၚယူဖို႔အတြက္ လုပ္ေဆာင္မႈေတြရွိခဲ့ တာ ျဖစ္ေပမယ့္ သူရဲ႕ေျပာင္းေရႊ႕ေၾကးျမင့္မားမႈေၾကာင့္ ေခၚယူဖို႔ ေႏွာင့္ေႏွးေနခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ကေန တန္း ဆင္းသြားရတဲ့ ဘုန္းေမာက္အသင္းရဲ႕ ေနာက္ခံလူ နသန္အကီကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈလုပ္ေဆာင္ခဲ့ တာျဖစ္ပါတယ္။ နသန္အကီဟာ ဒီရာသီမွာ ဘုန္းေမာက္အတြက္ ေျခစြမ္းျပႏိုင္တဲ့ကစားသမားတစ္ဦးျဖစ္တာေၾကာင့္သူကို ေခၚယူလိုတဲ့အသင္းေတြၾကားမွာ မန္စီးတီးက လက္ဦးမႈရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ နာပိုလီေနာက္ခံလူ ကူလီဘာလီဟာ ဒီရာသီၿပိဳင္ပြဲစံုမွာ ၃၂ ပြဲကစားထားၿပီး ၿပီးခဲ့တဲ့လက နာပို လီနဲ႔အတူ ကိုပါအီတာလီယာဖလားခ်န္ပီယံဆုကို ရရွိထားသူလည္းျဖစ္ပါတယ္။ ၂၁၀၄ ခုႏွစ္က ဘယ္ဂ်ီယံကလပ္ဂ်န္႔ခ္က ေနေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ ကူလီဘာလီဟာ ဥေရာပထိပ္သီးလိဂ္ ၅ခုထဲက အေကာင္းဆံုးေနာက္ခံလူတစ္ဦးျဖစ္လာခဲ့ တာေၾကာင့္ သူကို အသင္းႀကီးေတြက အၿပိဳင္ေခၚယူခ်င္ေနတာျဖစ္ပါတယ္။
ကူလီဘာလီက “ ေနပယ္လ္ၿမိဳ႕မွာ ေနရတာကို ကြ်န္ေတာ္ႀကိဳက္ပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္အေနနဲ႔ ကတိေပးမႈေတာ့ ျပဳလုပ္ႏိုင္မွာ မဟုတ္ပါဘူး” လို႔ Radio Kiss Kiss အစီအစဥ္မွာေျပာခဲ့ပါတယ္။ နာပိုလီအသင္းပိုင္ရွင္ ဒီေလာ္ရန္တစ္က “ ကူလီဘာလီက စြမ္းေဆာင္ရည္တဲ့ေကာင္းတဲ့သူပါ။သူကို ဆံုးရႈံးမွာေၾကာက္ေပမယ့္ အေျပာင္းအေရႊ႕ေတြက ျဖစ္သြားႏိုင္ ပါတယ္။ ဒါေပမယ့္ စားပြဲေပၚကို ယူ႐ိုသန္း ၉၀ ေရာက္မလာဘူးဆိုရင္ေတာ့ သူကိုေခၚယူႏိုင္မွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ ပါတယ္။