ချန်ပီယံလိဂ်အတွက် ရိုးမားနဲ့ပွဲမှာ စီရော်နယ်ဒိုကို အနားပေးနိုင်ကြောင်း ပြောခဲ့တဲ့ ဆာရီ

ဂျူဗင်တပ်အသင်းနည်းပြ ဆာရီက စီးရီးအေရာသီသိမ်းနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ရိုးမားတဲ့ကစားရမယ့်ပွဲမှာ တိုက်စစ်မှူး စီရော်နယ်ဒိုကို အနားပေးနိုင်ကြောင်းပြောခဲ့ပါတယ်။ စီးရီးအေချန်ပီယံဆုကို ဂျူဗင်တပ်အနေနဲ့ ရရှိခဲ့ပြီဆိုပေမယ့် စီရော် နယ်ဒိုဟာ ဂိုးသွင်းအများဆုံးအတွက် လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီနဲ့ အပြိုင်ဖြစ်နေပါတယ်။လက်ရှိမှာ အင်မိုဘိုလီက သွင်းဂိုး ၃၅ ဂိုးနဲ့ ဦးဆောင်နေတဲ့အနေအထားကြောင့် နောက်ဆုံးပွဲမှာသာ ပါဝင်ကစားခွင့်မရခဲ့ဘူးဆိုရင် စီရော်နယ်ဒိုအနေ နဲ့ ဒီနှစ်အတွက် စီးရီးအေ ရွှေဖိနပ်ဆုကို ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

စီရော်နယ်ဒိုဟာ ကိုဗစ်အလွန်ပြန်ကစားတဲ့ပွဲစဉ်တွေမှာ ဂျူဗင်တပ်အတွက် ပွဲတိုင်းပါဝင်ကစားပေးထားသူဖြစ်ပြီး ဒီရာသီမှာ လိဂ်သွင်းဂိုး ၃၁ ဂိုးအထိသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ စီးရီးအေပြိုင်ပွဲပြီးဆုံးပြီး နောက်တစ်ပတ်မှာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းပွဲစဉ်အဖြစ် လိုင်ယွန်အသင်းနဲ့ ကစားဖို့ရှိနေတာဖြစ်ပါတယ်။ ပထမအကျော့ လိုင်ယွန်ကွင်း တစ်ဂိုး ဂိုးမရှိတဲ့ ရှုံးထားတာကြောင့် ဂျူဗင်တပ်အနေနဲ့ နောက်တစ်ဆင့်တက်ဖို့အတွက် အိမ်ကွင်းမှာပြန်ပြီး အနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။

လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီနဲ့ စီရော်နယ်ဒို ကြားမှာ သွင်းဂိုး ၄ဂိုးအထိကွာဟနေတာကြောင့် စီးရီးအေရွှေဖိနပ်ဆု အတွက် စီရော်နယ်ဒိုအနေနဲ့ မျှော်လင့်ချက်နည်းနေတာကြောင့် ဆာရီအနေနဲ့ အနားပေးဖို့ စဉ်းစားနေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြကြတာဖြစ်ပါတယ်။လိုင်ယွန်နဲ့ပွဲအတွက် တိုက်စစ်မှူးဒိုင်ဘာလာကလည်း ဒဏ်ရာက သက်သာလာ တာကြောင့် ပြန်လည်ပါဝင်လာဖို့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဆာရီက “ မနက်ဖြန်မှာ ရိုးမားနဲ့ကစားရမှာဖြစ်ပေမယ့် အသင်းအတွက် အရေးကြီးတဲ့အခြေအနေမှာ ရှိမနေပါဘူး။ လိုင်ယွန်နဲ့ကစားရမယ့်ပွဲကသာ အသင်းအတွက်အရေးကြီးတာ ပါ။မနက်ဖြန်နဲ့ လာမယ့်သောကြာနေ့မှာ ကစားရမယ့်ပွဲနှစ်ပွဲအတွက် ကျွန်တော်တို့အသင်းထားရမယ့်စိတ်က မတူပါဘူး။ စီ ရော်နယ်ဒိုက ကစားသမားကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို တစ်ရာသီလုံး သက်သေပြခဲ့ပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္အတြက္ ႐ိုးမားနဲ႔ပြဲမွာ စီေရာ္နယ္ဒိုကို အနားေပးႏိုင္ေၾကာင္း ေျပာခဲ့တဲ့ ဆာရီ

ဂ်ဴဗင္တပ္အသင္းနည္းျပ ဆာရီက စီးရီးေအရာသီသိမ္းေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ ႐ိုးမားတဲ့ကစားရမယ့္ပြဲမွာ တိုက္စစ္မွဴး စီေရာ္နယ္ဒိုကို အနားေပးႏိုင္ေၾကာင္းေျပာခဲ့ပါတယ္။ စီးရီးေအခ်န္ပီယံဆုကို ဂ်ဴဗင္တပ္အေနနဲ႔ ရရွိခဲ့ၿပီဆိုေပမယ့္ စီေရာ္ နယ္ဒိုဟာ ဂိုးသြင္းအမ်ားဆံုးအတြက္ လာဇီယိုတိုက္စစ္မွဴး အင္မိုဘီလီနဲ႔ အၿပိဳင္ျဖစ္ေနပါတယ္။လက္ရွိမွာ အင္မိုဘိုလီက သြင္းဂိုး ၃၅ ဂိုးနဲ႔ ဦးေဆာင္ေနတဲ့အေနအထားေၾကာင့္ ေနာက္ဆံုးပြဲမွာသာ ပါဝင္ကစားခြင့္မရခဲ့ဘူးဆိုရင္ စီေရာ္နယ္ဒိုအေန နဲ႔ ဒီႏွစ္အတြက္ စီးရီးေအ ေရႊဖိနပ္ဆုကို ရရွိႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

စီေရာ္နယ္ဒိုဟာ ကိုဗစ္အလြန္ျပန္ကစားတဲ့ပြဲစဥ္ေတြမွာ ဂ်ဴဗင္တပ္အတြက္ ပြဲတိုင္းပါဝင္ကစားေပးထားသူျဖစ္ၿပီး ဒီရာသီမွာ လိဂ္သြင္းဂိုး ၃၁ ဂိုးအထိသြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ဟာ စီးရီးေအၿပိဳင္ပြဲၿပီးဆံုးၿပီး ေနာက္တစ္ပတ္မွာ ခ်န္ပီယံလိဂ္ရႈံးထြက္ ၁၆ သင္းပြဲစဥ္အျဖစ္ လိုင္ယြန္အသင္းနဲ႔ ကစားဖို႔ရွိေနတာျဖစ္ပါတယ္။ ပထမအေက်ာ့ လိုင္ယြန္ကြင္း တစ္ဂိုး ဂိုးမရွိတဲ့ ရႈံးထားတာေၾကာင့္ ဂ်ဴဗင္တပ္အေနနဲ႔ ေနာက္တစ္ဆင့္တက္ဖို႔အတြက္ အိမ္ကြင္းမွာျပန္ၿပီး အႏိုင္ရဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

လာဇီယိုုတိုက္စစ္မွဴး အင္မိုဘီလီနဲ႔ စီေရာ္နယ္ဒို ၾကားမွာ သြင္းဂိုး ၄ဂိုးအထိကြာဟေနတာေၾကာင့္ စီးရီးေအေရႊဖိနပ္ဆု အတြက္ စီေရာ္နယ္ဒိုအေနနဲ႔ ေမွ်ာ္လင့္ခ်က္နည္းေနတာေၾကာင့္ ဆာရီအေနနဲ႔ အနားေပးဖို႔စဥ္းစားေနတာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပၾကတာျဖစ္ပါတယ္။လိုင္ယြန္နဲ႔ပြဲအတြက္ တိုက္စစ္မွဴးဒိုင္ဘာလာကလည္း ဒဏ္ရာက သက္သာလာ တာေၾကာင့္ ျပန္လည္ပါဝင္လာဖို႔ရွိတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ေသာၾကာေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဆာရီက “ မနက္ျဖန္မွာ ႐ိုးမားနဲ႔ကစားရမွာျဖစ္ေပမယ့္ အသင္းအတြက္ အေရးႀကီးတဲ့အေျခအေနမွာ ရွိမေနပါဘူး။ လိုင္ယြန္နဲ႔ကစားရမယ့္ပြဲကသာ အသင္းအတြက္အေရးႀကီးတာ ပါ။မနက္ျဖန္နဲ႔ လာမယ့္ေသာၾကာေန႔မွာ ကစားရမယ့္ပြဲႏွစ္ပြဲအတြက္ ကြ်န္ေတာ္တို႔အသင္းထားရမယ့္စိတ္က မတူပါဘူး။ စီ ေရာ္နယ္ဒိုက ကစားသမားေကာင္းတစ္ေယာက္ ျဖစ္တယ္ဆိုတာကို တစ္ရာသီလံုး သက္ေသျပခဲ့ၿပီးပါၿပီ” လို႔ ေျပာခဲ့ပါ တယ္။