ရိုးမားနဲ့ပွဲအတွက် ဂျူဗင်တပ်ယူ-၂၃ အသင်းကို ကစားခိုင်းရမလို ဖြစ်နေပြီလို့ နည်းပြဆာရီ ခြိမ်းခြောက်ပြောဆိုခဲ့

ဂျူဗင်တပ်နည်းပြ ဆာရီက ပြီးခဲ့တဲ့ ကက်ဂလီယာရီကို ရှုံးခဲ့တဲ့ပွဲအပြီးမှာ အသင်းအနေနဲ့ ပွဲဆက်တွေများနေတာကြောင့် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ရိုးမားနဲ့ကစားရမယ့်ပွဲမှာ ယူ-၂၃ အသင်းကို ကစားခိုင်းရမလိုဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ ဂျူဗင်တပ် ဟာ ၁၂ ရက်အတွင်းမှာ ၅ ပွဲယှဉ်ပြိုင်ရခဲ့ခြင်းအတွက် အသင်းရဲ့လက်ရှိစွမ်းဆောင်ရည်အခြေအနေကို မယုံကြည်နိုင်တဲ့ အထိ ဖြစ်နေတယ်လို့လည်း ဆာရီက ပြောခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၂ပွဲနိုင်၊၁ပွဲသရေနဲ့ ၂ပွဲရှုံးခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့အဝေးကွင်း သုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ ပွဲစဉ်-၃၆ အဖြစ်ကစားတဲ့ ဆမ်ဒိုးရီးယားနဲ့ပွဲမှာ အနိုင်ရခဲ့ပြီးနောက် စီးရီး အေချန်ပီယံဆုကို ၉ နှစ်ဆက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ရိုးမားနဲ့ ပွဲမတိုင်ခင် ကိုဗစ် အလွန်ပြန်ကစားခဲ့တဲ့ စီးရီးအေပွဲ-၁၁ ပွဲမှာ သုံးပွဲအထိရှုံးခဲ့တာပဲဖြစ်ပါတယ်။

ဆာရီက “ အသင်းအနေနဲ့ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ၆၈ နာရီအတွင်းမှာပဲ နောက်ပွဲစဉ်တစ်ပွဲကို ထပ်ကစားခဲ့ရပါတယ်။အ သင်းမှာ ဒဏ်ရာရတဲ့သူတွေရှိပြီး ကစားသမားတွေအနေနဲ့လည်း ပွဲပန်းနေနိုင်ပါတယ်။ ၁၂ ရက်အတွင်းမှာ အသင်းဟာ ၅ ပွဲအထိ ကစားခဲ့ရပါတယ်။ အသင်းရဲ့လူစာရင်းကို ပြောင်းလဲဖို့ ကြီးမားတဲ့အခက်အခဲရှိနေတာကြောင့် ရိုးမားနဲ့ကစားရမယ့် ပွဲမှာ ယူ-၂၃ အသင်းက ကစားသမားတွေကို ကစားခိုင်းရမလိုဖြစ်နေပြီ” လို့ ပြောခဲ့ပါတယ်။

ဂျူဗင်တပ်နဲ့ ဆက်စပ်တဲ့သတင်းတစ်ပုဒ်မှာတော့ ဂိုးသွင်းအများဆုံးဆုအတွက် အပြိုင်ဖြစ်နေတဲ့ စီရော်နယ်ဒိုနဲ့ အင်မိုဘီလီ တို့ကြားမှာ စီရော်နယ်ဒိုအနေနဲ့ ကက်ဂလီယာရီကို ရှုံးတဲ့ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် လာဇီယိုကဘရက်ရှားကို အနိုင်ရ တဲ့ပွဲမှာ တစ်ဂိုးသွင်းခဲ့တဲ့ အင်မိုဘီလီကြောင့် သူတို့နှစ်ဦးကြားမှာ သွင်းဂိုး ၄ဂိုးအထိကွာဟသွားပြီး စီရော်နယ်ဒိုအနေနဲ့စီးရီး အေ ဂိုးသွင်းအများဆုံးဆုကို လက်လွှတ်ရဖို့ ရှိနေပါတယ်။

 

zawgyi version

႐ိုးမားနဲ႔ပြဲအတြက္ ဂ်ဴဗင္တပ္ယူ-၂၃ အသင္းကို ကစားခိုင္းရမလို ျဖစ္ေနၿပီလို႔ နည္းျပဆာရီ ၿခိမ္းေျခာက္ေျပာဆိုခဲ့

ဂ်ဴဗင္တပ္နည္းျပ ဆာရီက ၿပီးခဲ့တဲ့ ကက္ဂလီယာရီကို ရႈံးခဲ့တဲ့ပြဲအၿပီးမွာ အသင္းအေနနဲ႔ ပြဲဆက္ေတြမ်ားေနတာေၾကာင့္ ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ ႐ိုးမားနဲ႔ကစားရမယ့္ပြဲမွာ ယူ-၂၃ အသင္းကို ကစားခိုင္းရမလိုျဖစ္ေနၿပီလို႔ ေျပာခဲ့ပါတယ္။ ဂ်ဴဗင္တပ္ ဟာ ၁၂ ရက္အတြင္းမွာ ၅ ပြဲယွဥ္ၿပိဳင္ရခဲ့ျခင္းအတြက္ အသင္းရဲ႕လက္ရွိစြမ္းေဆာင္ရည္အေျခအေနကို မယံုၾကည္ႏိုင္တဲ့ အထိ ျဖစ္ေနတယ္လို႔လည္း ဆာရီက ေျပာခဲ့ပါတယ္။
ဂ်ဴဗင္တပ္ဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၅ ပြဲမွာ ၂ပြဲႏိုင္၊၁ပြဲသေရနဲ႔ ၂ပြဲရႈံးခဲ့ၿပီး ေနာက္ဆံုးကစားခဲ့တဲ့အေဝးကြင္း သံုးပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့တာပဲ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ဟာ ပြဲစဥ္-၃၆ အျဖစ္ကစားတဲ့ ဆမ္ဒိုးရီးယားနဲ႔ပြဲမွာ အႏိုင္ရခဲ့ၿပီးေနာက္ စီးရီး ေအခ်န္ပီယံဆုကို ၉ ႏွစ္ဆက္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ဟာ ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့႐ိုးမားနဲ႔ ပြဲမတိုင္ခင္ ကိုဗစ္ အလြန္ျပန္ကစားခဲ့တဲ့ စီးရီးေအပြဲ-၁၁ ပြဲမွာ သံုးပြဲအထိရႈံးခဲ့တာပဲျဖစ္ပါတယ္။
ဆာရီက “ အသင္းအေနနဲ႔ ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ ၆၈ နာရီအတြင္းမွာပဲ ေနာက္ပြဲစဥ္တစ္ပြဲကို ထပ္ကစားခဲ့ရပါတယ္။အ သင္းမွာ ဒဏ္ရာရတဲ့သူေတြရွိၿပီး ကစားသမားေတြအေနနဲ႔လည္း ပြဲပန္းေနႏိုင္ပါတယ္။ ၁၂ ရက္အတြင္းမွာ အသင္းဟာ ၅ ပြဲအထိ ကစားခဲ့ရပါတယ္။ အသင္းရဲ႕လူစာရင္းကို ေျပာင္းလဲဖို႔ ႀကီးမားတဲ့အခက္အခဲရွိေနတာေၾကာင့္ ႐ိုးမားနဲ႔ကစားရမယ့္ ပြဲမွာ ယူ-၂၃ အသင္းက ကစားသမားေတြကို ကစားခိုင္းရမလိုျဖစ္ေနၿပီ” လို႔ ေျပာခဲ့ပါတယ္။
ဂ်ဴဗင္တပ္နဲ႔ ဆက္စပ္တဲ့သတင္းတစ္ပုဒ္မွာေတာ့ ဂိုးသြင္းအမ်ားဆံုးဆုအတြက္ အၿပိဳင္ျဖစ္ေနတဲ့ စီေရာ္နယ္ဒိုနဲ႔ အင္မိုဘီလီ တို႔ၾကားမွာ စီေရာ္နယ္ဒိုအေနနဲ႔ ကက္ဂလီယာရီကို ရႈံးတဲ့ပြဲမွာ ဂိုးမသြင္းယူႏိုင္ခဲ့ေပမယ့္ လာဇီယိုကဘရက္ရွားကို အႏိုင္ရ တဲ့ပြဲမွာ တစ္ဂိုးသြင္းခဲ့တဲ့ အင္မိုဘီလီေၾကာင့္ သူတို႔ႏွစ္ဦးၾကားမွာ သြင္းဂိုး ၄ဂိုးအထိကြာဟသြားၿပီး စီေရာ္နယ္ဒိုအေနနဲ႔စီးရီး ေအ ဂိုးသြင္းအမ်ားဆံုးဆုကို လက္လႊတ္ရဖို႔ ရွိေနပါတယ္။