စီရော်နယ်ဒိုက အခုခေတ်ရဲ့ အကောင်းဆုံးကစားသမားပါလို့ ပြောခဲ့တဲ့ ဂန္တဝင်ကစားသမားကြီး ပီလီ

ဘောလုံးလောကရဲ့ ဂန္တဝင်ကစားသမားကြီးတစ်ဦးဖြစ်တဲ့ ဘရာဇီးတိုက်စစ်မှူးဟောင်း ပီလီက အခုခေတ်ရဲ့အကောင်းဆုံး ကစားသမားဟာ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒို ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပီလီအနေနဲ့ ဂျူဗင်တပ်နဲ့အတူစီးရီးအေ ချန်ပီယံဆု ရခဲ့တာကို ရည်ရွယ်ပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့အတူ စီးရီးအေချန်ပီယံဆုကို ဒုတိယအကြိမ်မြောက်ရရှိခဲ့တာဖြစ်ပေမယ့် ဒီရာသီမှာ စီရော်နယ်ဒိုရဲ့သွင်းဂိုးတွေက ဂျူဗင်တပ်ရဲ့ချန်ပီယံဆုအတွက် အရေးပါခဲ့တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၅ ကြိမ်ရထားတဲ့ စီရော်နယ်ဒိုဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပေမယ့် ဂျူဗင်တပ် အတွက် အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘရာဇီးတိုက်စစ်မှူးဟောင်း ပီလီကလည်း သူအနေနဲ့ အခုခေတ်မှာ အကောင်းဆုံးကစားသမားဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ ပရိသတ်တစ်ဦးဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ယူနိုက် တက်၊ ရီးရဲလ်မက်ဒရစ် အသင်းတွေမှာကစားခဲ့ဖူးတဲ့ စီရော်နယ်ဒိုဟာ ကလပ်အသင်းတွေနဲ့ဆိုင်တဲ့ အဓိကဆုဖလားအား လုံး ရရှိထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ပီလီက သူရဲ့အင်စတာဂရမ်အကောင့်ကနေတဆင့် စီရော်နယ်ဒိုဟာ အခုခေတ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး သူအနေနဲ့ အောင်မြင်မှုတွေကို အမြဲရယူနိုင်တဲ့သူဖြစ်ကြောင်း ရေးပြီးတင်ခဲ့သလို စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ ဂျူဗင်တပ် အသင်းမှာပါဝင်တဲ့ ဘရာဇီးကစားသမားတွေဖြစ်တဲ့ ဒေါက်ကလပ်ကော်စတာ၊အဲလက်ဆန်ဒရို၊ ဒါနီလိုတို့ကို ချီးကျူးမှု တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုဟာ မွေးရပ်မြေဖြစ်တဲ့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်မှာ ၆ နှစ်တာကစားခဲ့ချိန်အတွင်း စီရော်နယ်ဒိုဟာ ပရီးမီးယား လိဂ်ချန်ပီယံ ၃ကြိမ်၊ ချန်ပီယံလိဂ် ၁ကြိမ်၊ဖီဖာကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။၂၀၀၉ ခုနှစ်မှာတော့ ရီးရဲလ်ကို ပြောင်းခဲ့ပြီးနောက် လာလီဂါချန်ပီယံ ၂ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်နဲ့ ဥရောပစူပါဖလား ၂ ကြိမ်အထိ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

စီေရာ္နယ္ဒိုက အခုေခတ္ရဲ႕ အေကာင္းဆံုးကစားသမားပါလို႔ ေျပာခဲ့တဲ့ ဂႏၲဝင္ကစားသမားႀကီး ပီလီ

ေဘာလံုးေလာကရဲ႕ ဂႏၲဝင္ကစားသမားႀကီးတစ္ဦးျဖစ္တဲ့ ဘရာဇီးတိုက္စစ္မွဴးေဟာင္း ပီလီက အခုေခတ္ရဲ႕အေကာင္းဆံုး ကစားသမားဟာ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒို ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ပီလီအေနနဲ႔ ဂ်ဴဗင္တပ္နဲ႔အတူစီးရီးေအ ခ်န္ပီယံဆု ရခဲ့တာကို ရည္ရြယ္ၿပီးေျပာဆိုခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္နဲ႔အတူ စီးရီးေအခ်န္ပီယံဆုကို ဒုတိယအႀကိမ္ေျမာက္ရရွိခဲ့တာျဖစ္ေပမယ့္ ဒီရာသီမွာ စီေရာ္နယ္ဒိုရဲ႕သြင္းဂိုးေတြက ဂ်ဴဗင္တပ္ရဲ႕ခ်န္ပီယံဆုအတြက္ အေရးပါခဲ့တာပဲ ျဖစ္ပါတယ္။

ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ၅ ႀကိမ္ရထားတဲ့ စီေရာ္နယ္ဒိုဟာ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္ေပမယ့္ ဂ်ဴဗင္တပ္ အတြက္ အေကာင္းဆံုးကစားႏိုင္တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ဘရာဇီးတိုက္စစ္မွဴးေဟာင္း ပီလီကလည္း သူအေနနဲ႔ အခုေခတ္မွာ အေကာင္းဆံုးကစားသမားျဖစ္တဲ့ စီေရာ္နယ္ဒိုရဲ႕ ပရိသတ္တစ္ဦးျဖစ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။ ယူႏိုက္ တက္၊ ရီးရဲလ္မက္ဒရစ္ အသင္းေတြမွာကစားခဲ့ဖူးတဲ့ စီေရာ္နယ္ဒိုဟာ ကလပ္အသင္းေတြနဲ႔ဆိုင္တဲ့ အဓိကဆုဖလားအား လံုး ရရွိထားတဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

ပီလီက သူရဲ႕အင္စတာဂရမ္အေကာင့္ကေနတဆင့္ စီေရာ္နယ္ဒိုဟာ အခုေခတ္ရဲ႕အေကာင္းဆံုးကစားသမားတစ္ဦးျဖစ္ၿပီး သူအေနနဲ႔ ေအာင္ျမင္မႈေတြကို အၿမဲရယူႏိုင္တဲ့သူျဖစ္ေၾကာင္း ေရးၿပီးတင္ခဲ့သလို စီးရီးေအခ်န္ပီယံျဖစ္ခဲ့တဲ့ ဂ်ဴဗင္တပ္ အသင္းမွာပါဝင္တဲ့ ဘရာဇီးကစားသမားေတြျဖစ္တဲ့ ေဒါက္ကလပ္ေကာ္စတာ၊အဲလက္ဆန္ဒ႐ို၊ ဒါနီလိုတို႔ကို ခ်ီးက်ဴးမႈ ေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

စီေရာ္နယ္ဒိုဟာ ေမြးရပ္ေျမျဖစ္တဲ့ ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္းအသင္းမွာ ကစားသမားဘဝကို စတင္ခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ယူႏိုက္တက္မွာ ၆ ႏွစ္တာကစားခဲ့ခ်ိန္အတြင္း စီေရာ္နယ္ဒိုဟာ ပရီးမီးယား လိဂ္ခ်န္ပီယံ ၃ႀကိမ္၊ ခ်န္ပီယံလိဂ္ ၁ႀကိမ္၊ဖီဖာကလပ္ကမ႓ာ့ဖလား ၁ ႀကိမ္ ရရွိခဲ့ပါတယ္။၂၀၀၉ ခုႏွစ္မွာေတာ့ ရီးရဲလ္ကို ေျပာင္းခဲ့ၿပီးေနာက္ လာလီဂါခ်န္ပီယံ ၂ ႀကိမ္၊ ခ်န္ပီယံလိဂ္ ၄ ႀကိမ္၊ ဖီဖာကလပ္ကမ႓ာ့ဖလား ၃ ႀကိမ္နဲ႔ ဥေရာပစူပါဖလား ၂ ႀကိမ္အထိ ရယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။