စီရော်နယ်ဒိုကြောင့်ဘောလုံးအသင်းဝယ်ဖြစ်သွားတဲ့ပလေးဘွိုင်းမော်ဒယ်ဒန်နီရယ်လာချာဗက်ဇ်

ပလေးဘွိုင်းမော်ဒယ် တစ်ဦးဖြစ်တဲ့ ဒန်နီရယ်လာချာဗက်ဇ်ဟာ စီရော်နယ်ဒိုနဲ့ ဆက်သွယ်မှုပြုလုပ်ခဲ့ပြီးနောက်မှာ ချီလီ တတိယတန်းကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရန်ကာဂါဆာ အသင်းကို ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ အသင်းပိုင်ရှင်ဖြစ် လာတဲ့ ဒန်နီရယ်လာချာဗက်ဇ်ဟာ အသင်းကို အဆင့်မြင့်တန်းအထိရောက်အောင် လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ချီလီလူမျိုးဖြစ်တဲ့ ချာဗက်ဇ်ဟာ ၂၀၁၅ ခုနှစ်က စီရော်နယ်ဒိုနဲ့ တစ်ညတာအတူ အိပ်စက်ခဲ့တဲ့သူဖြစ်ပြီး အဲ့ဒီအချိန်တုန်းက စီရော်နယ်ဒိုဟာ အိုင်ရီနာရှေးခ်နဲ့ တွဲနေတုန်း ဖြစ်ပါတယ်။ ချာဗက်ဇ်က “ အစပိုင်းမှာတော့ စီရော်နယ်ဒိုက ရှက်နေပါတယ်။ နောက်ပိုင်းမှာ သူက ယုံကြည်မှုတည်ဆောက်လာနိုင်ပါတယ်။ ကျွန်မက သူကိုယ်ခန္ဓာကို ကြိုက်ပြီး သူက ကျွန်မမျက်နှာကို ကြိုက်တယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီညက ကျွန်မတို့ တစ်ညလုံး မအိပ်ခဲ့ကြပါဘူး” လို့ ပြောခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချာဗက်ဇ်ဟာ အင်စတာဂရမ်မှာ Followers ၁၃ သန်းအထိ ရှိတဲ့သူလည်းဖြစ်ပါတယ်။ ရန်ကာဂါဆာအသင်းကို ဝယ်ယူဖို့ သဘောတူညီမှု ရပြီးနောက်မှာတော့ ချာဗက်ဇ်က အသင်းရဲ့နည်းစနစ်အဖွဲ့ကို ယုံကြည် မှု အပြည့်အဝရှိပြီး အသင်းကိုအောင်မြင်မှုရအောင် လုပ်ဆောင်နိုင်မယ်လို့ သူရဲ့ တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။ ချာဗက်ဇ်ဟာ ရန်ကာဂါဆာအသင်းရဲ့နည်းစနစ်အဖွဲ့ကို ချီလီလက်ရွေးစင်ကစားသမားဟောင်း ရိုဒရီဂိုပီရက်ဇ်အပါအဝင် အသင်းရဲ့ကစားသမားဟောင်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

The Sun သတင်းစာကတော့ ရုရှားမော်ဒယ် အိုင်ရီနာရှေးခ် အနေနဲ့ အမေရိကန်နိုင်ငံမှာ စီရော်နယ်ဒိုနဲ့ ချာဗက်ဇ်တို့ တွေ့ ဆုံခဲ့တာကို သိခဲ့ပြီးနောက်မှာ စီရော်နယ်ဒိုနဲ့ လမ်းခွဲခဲ့တာပါလို့ ဖော်ပြခဲ့ပါတယ်။ အိုင်ရီနာရှေးခ် မတိုင်ခင်စီရော်နယ်ဒိုဟာ မိန်းမလှပေါင်းများစွာနဲ့ တွဲခဲ့သူလည်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ချာဗက်ဇ်ကတော့ ဘာမှတ်ချက် မှ ပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။