ဘူဖွန် နဲ့ ချီလီနီကို တစ်နှစ်စီ စာချုပ်သက်တမ်း တိုးလိုက်တဲ့ ဂျူဗင်တပ်စ်အသင်း

ဂျူဗင်တပ်စ်အသင်းဟာ ဘူဖွန် နဲ့ ချီလီနီ ဂန္တဝင်အတွဲ ကို တစ်နှစ်စီ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၅ နဲ့ ၄၅ နှစ်အရွယ် သီးသီး ရှိနေပြီဖြစ်တဲ့ ဝါရင့်ကစားသမားတွေဟာ အသင်းအတွက် ကစားသမားဘ၀ တစ်လျှောက်လုံး အဓိက အခန်းကဏ္ဍကနေ ပါဝင်စွမ်းဆောင်ပေးခဲ့သူတွေပါ။ ဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ သူတို့ကို နောက်ထပ် (၁၂) လစီ စာချုပ်ထပ်ချုပ်လိုက်တာဖြစ်ပါတယ်။

နောက်ခံလူ ချီလီနီဟာ ဂျူဗင်တပ်စ်အသင်းအတွက် (၁၅) ရာသီကစားပေးပြီး ပွဲပေါင်း (၅၀၉) ပွဲကစားပေးထားပါတယ်။ ဂိုးသမား ဘူဖွန်ကလည်း အီတလီဘီလူး ကလပ် အသင်းအတွက် လိဂ်ဖလား (၁၀) ခု နီးပါး အောင်မြင်မှု ရရှိအောင် ကစားပေးထားပြီး အသင်းအတွက် စုစုပေါင်း (၆၆၉) ပွဲကစားပေးထားသူ ဖြစ်ပါတယ်။

သူဟာ ချန်ပီယံလိဂ်မှာ ဒုတိယအသက်အကြီးဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ သူ့ထက် အရင် ချန်ပီယံလိဂ်မှာကစားခဲ့တဲ့ အသက်အကြီးဆုံး ကစားသမားဟာ မာကိုဘယ်လော့တာ ဖြစ်ပြီး အသက် ၄၃ နှစ် နဲ့ ၂၅၂ ရက်တုန်းက ကစားခဲ့တာပါ။ဘူဖွန်ဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်ကနေ ပီအက်စ်ဂျီအသင်းထံ တစ်နှစ်သွားရောက်ကစားခဲ့ပြီး ချီလီနီကလည်း အသင်းအတွက် (၁၆) ရာသီဆက်တိုက် ကစားထားသူဖြစ်ပါတယ်။

 

ဘူဖြန္ နဲ႔ ခ်ီလီနီကို တစ္ႏွစ္စီ စာခ်ဳပ္သက္တမ္း တိုးလိုက္တဲ့ ဂ်ဴဗင္တပ္စ္အသင္း

ဂ်ဴဗင္တပ္စ္အသင္းဟာ ဘူဖြန္ နဲ႔ ခ်ီလီနီ ဂႏၱ၀င္အတြဲ ကို တစ္ႏွစ္စီ စာခ်ဳပ္သက္တမ္းတိုးလိုက္ျပီျဖစ္ပါတယ္။ အသက္ ၃၅ နဲ႔ ၄၅ ႏွစ္အရြယ္ သီးသီး ရွိေနျပီျဖစ္တဲ့ ၀ါရင့္ကစားသမားေတြဟာ အသင္းအတြက္ ကစားသမားဘ၀ တစ္ေလွ်ာက္လံုး အဓိက အခန္းက႑ကေန ပါ၀င္စြမ္းေဆာင္ေပးခဲ့သူေတြပါ။ ဒါေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းဟာ သူတို႔ကို ေနာက္ထပ္ (၁၂) လစီ စာခ်ဳပ္ထပ္ခ်ဳပ္လိုက္တာျဖစ္ပါတယ္။

ေနာက္ခံလူ ခ်ီလီနီဟာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၁၅) ရာသီကစားေပးျပီး ပြဲေပါင္း (၅၀၉) ပြဲကစားေပးထားပါတယ္။ ဂိုးသမား ဘူဖြန္ကလည္း အီတလီဘီလူး ကလပ္ အသင္းအတြက္ လိဂ္ဖလား (၁၀) ခု နီးပါး ေအာင္ျမင္မႈ ရရွိေအာင္ ကစားေပးထားျပီး အသင္းအတြက္ စုစုေပါင္း (၆၆၉) ပြဲကစားေပးထားသူ ျဖစ္ပါတယ္။

သူဟာ ခ်န္ပီယံလိဂ္မွာ ဒုတိယအသက္အၾကီးဆံုး ကစားသမားလည္း ျဖစ္ပါတယ္။ သူ႔ထက္ အရင္ ခ်န္ပီယံလိဂ္မွာကစားခဲ့တဲ့ အသက္အၾကီးဆံုး ကစားသမားဟာ မာကိုဘယ္ေလာ့တာ ျဖစ္ျပီး အသက္ ၄၃ ႏွစ္ နဲ႔ ၂၅၂ ရက္တုန္းက ကစားခဲ့တာပါ။ဘူဖြန္ဟာ ျပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္စ္ကေန ပီအက္စ္ဂ်ီအသင္းထံ တစ္ႏွစ္သြားေရာက္ကစားခဲ့ျပီး ခ်ီလီနီကလည္း အသင္းအတြက္ (၁၆) ရာသီဆက္တိုက္ ကစားထားသူျဖစ္ပါတယ္။