ကျွန်တော့်ကစားသမားဘဝတစ်လျှောက်အလုပ်တွဲလုပ်ဖူးသမျှထဲမှာ မော်ရင်ဟို က အကောင်းဆုံးနည်းပြပါ – ခီဒီရာ

ဂျူဗင်တပ်စ် အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ခီဒီရာ က သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် မော်ရင်ဟို နဲ့အလုပ်တွဲလုပ်ရတာဟာ အကောင်းဆုံးဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။ခီဒီရာ နဲ့ မော်ရင်ဟို တို့ဟာ ရီးရဲလ်မက်ဒရစ် မှာ ရှိစဉ်က အတူလက်တွဲခဲ့ကြဖူးတဲ့ ဆရတပည့်တွေဖြစ်ခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြပါတယ်။လက်ရှိမှာတော့ မော်ရင်ဟို က စပါး ကလပ်အသင်းမှာ နည်းပြအဖြစ် တာဝန်ယူနေပြီး ခီဒီရာ က စီးရီးအေမှာ ကစားနေတာဖြစ်ပါတယ်။

ခီဒီရာ က ‘ ကျွန်တော့်ရဲ့ကစားသမားဘဝတစ်လျှောက် နည်းပြတွေအများကြီးနဲ့ ကြုံခဲ့ပြီး အလုပ်လုပ်ခဲ့ဖူးပါတယ်ကျွန်တော်သူတို့ဆီကနေလည်း အများကြီး သင်ယူရရှိခဲ့ပါတယ်ကျွန်တော်တချို့တွေနဲ့ အတွေးအမြင်မတူတာတွေရှိခဲ့ရင်တောင် သူတို့နဲ့ အကောင်းဆုံးအခြေအနေနဲ့ပဲ ပေါင်းဖက်လုပ်ဆောင်ခဲ့ပါတယ်
ဒီထဲမှာ မော်ရင်ဟို ကတော့ အကောင်းဆုံးပါပဲ၊ (၂၀၁၀) ခုနှစ်မှာ ကျွန်တော် စတုဂတ် ကနေ ရီးရဲလ်မက်ဒရစ် ကိုပြောင်းရွှေ့လာခဲ့တော့ မော်ရင်ဟို ကကျွန်တော့်ကို နည်းဗျူဟာပိုင်းဆိုင်ရာ ဗဟုသုတတွေအများကြီး ပေးခဲ့တယ်သူကျွန်တော့်ကို ယုံကြည်မှုတွေပေးခဲ့တယ် ပြီးတော့ လူမှုရေးအပိုင်းမှာလည်း လူကောင်းတစ်ယောက်ဖြစ်အောင် တိုးတက်မှုတွေပေးခဲ့တယ်အခုထိသူနဲ့ကျွန်တော်အဆက်အသွယ်ရှိနေသလို အကောင်းဆုံးဆက်ဆံရေးတစ်ခု နဲ့ ပြောဆိုနေကြတုန်းပါပဲ ’ လို့ ပြောပြသွားခဲ့ပါတယ်။

#Mourinho #Myanball

Zawgyi

ကြ်န္ေတာ္႔ကစားသမားဘ၀တစ္ေလွ်ာက္အလုပ္တြဲလုပ္ဖူးသမွ်ထဲမွာ ေမာ္ရင္ဟို က အေကာင္းဆံုးနည္းျပပါ – ခီဒီရာ

ဂ်ဴဗင္တပ္စ္ အသင္းရဲ႕ ကြင္းလယ္ကစားသမားျဖစ္သူ ခီဒီရာ က သူ႕ရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္ ေမာ္ရင္ဟုိ နဲ႔အလုပ္တြဲလုပ္ရတာဟာ အေကာင္းဆံုးျဖစ္ေၾကာင္း ေျပာျပသြားခဲ႔ပါတယ္။ခီဒီရာ နဲ႔ ေမာ္ရင္ဟို တို႔ဟာ ရီးရဲလ္မက္ဒရစ္ မွာ ရွိစဥ္က အတူလက္တြဲခဲ႔ၾကဖူးတဲ႔ ဆရတပည္႔ေတြျဖစ္ခဲ႔ျပီး ေအာင္ျမင္မွုေတြ ရယူႏိုင္ခဲ႔ၾကပါတယ္။လက္ရွိမွာေတာ႔ ေမာ္ရင္ဟုိ က စပါး ကလပ္အသင္းမွာ နည္းျပအျဖစ္ တာ၀န္ယူေနျပီး ခီဒီရာ က စီးရီးေအမွာ ကစားေနတာျဖစ္ပါတယ္။

ခီဒီရာ က ‘ ကြ်န္ေတာ္႔ရဲ႕ကစားသမားဘ၀တစ္ေလွ်ာက္ နည္းျပေတြအမ်ားၾကီးနဲ႔ ၾကံဳခဲ႔ျပီး အလုပ္လုပ္ခဲ႔ဖူးပါတယ္ကြ်န္ေတာ္သူတို႔ဆီကေနလည္း အမ်ားၾကီး သင္ယူရရွိခဲ႔ပါတယ္ကြ်န္ေတာ္တခ်ိဳ႕ေတြနဲ႔ အေတြးအျမင္မတူတာေတြရွိခဲ႔ရင္ေတာင္ သူတို႔နဲ႔ အေကာင္းဆံုးအေျခအေနနဲ႔ပဲ ေပါင္းဖက္လုပ္ေဆာင္ခဲ႔ပါတယ္ဒီထဲမွာ ေမာ္ရင္ဟို ကေတာ႔ အေကာင္းဆံုးပါပဲ၊ (၂၀၁၀) ခုႏွစ္မွာ ကြ်န္ေတာ္ စတုဂတ္ ကေန ရီးရဲလ္မက္ဒရစ္ ကိုေျပာင္းေရႊ႕လာခဲ႔ေတာ႔ ေမာ္ရင္ဟုိ ကကြ်န္ေတာ္႔ကို နည္းဗ်ဴဟာပိုင္းဆိုင္ရာ ဗဟုသုတေတြအမ်ားၾကီး ေပးခဲ႔တယ္သူကြ်န္ေတာ္႔ကို ယံုၾကည္မွုေတြေပးခဲ႔တယ္ ျပီးေတာ႔ လူမွုေရးအပိုင္းမွာလည္း လူေကာင္းတစ္ေယာက္ျဖစ္ေအာင္ တိုးတက္မွုေတြေပးခဲ႔တယ္အခုထိသူနဲ႔ကြ်န္ေတာ္အဆက္အသြယ္ရွိေနသလို အေကာင္းဆံုးဆက္ဆံေရးတစ္ခု နဲ႔ ေျပာဆိုေနၾကတုန္းပါပဲ ’ လို႔ ေျပာျပသြားခဲ႔ပါတယ္။

#Mourinho #Myanball