ကျွန်တော်အကိုက ကံမကောင်းခဲ့ဘူးလို့ ပြောခဲ့တဲ့ ဘယ်ဂျီယံကစားသမား သော်ဂန်ဟာဇက်


ဒေါ့မန်တိုက်စစ်မှူးဖြစ်တဲ့ သော်ဂန်ဟာဇက်က သူရဲ့အကိုဖြစ်တဲ့ ရီးရဲလ်ကစားသမား အီဒင်ဟာဇက်အနေနဲ့ ဒီနှစ်မှာ ကံ မကောင်းခဲ့ဘူးလို့ ပြောသွားခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ သော်ဂန်ဟာဇက်က လက်ရှိမှာ ဒေါ့မန်အတွက် ၁၃၅ မိနစ်သာ ကစားခွင့်ရခဲ့ပြီး ရုန်းကန်နေရပေမယ့် အကိုဖြစ်သူ အီဒင်ဟာဇက်က သူထက်ပိုပြီး ကံမကောင်းခဲ့ဘူးလို့ ပြောဆို သွားခဲ့ပါတယ်။


အီဒင်ဟာဇက် ဟာ ချဲလ်ဆီးမှာ ခြေစွမ်းပြနိုင်တာကြောင့် ရီးရဲလ်အသင်းရဲ့ခေါ်ယူမှု ခံခဲ့ရပေမယ့် ဒဏ်ရာရရှိမှုနဲ့ ကိုဗစ် ပြဿနာတွေကြောင့် အသင်းမှာပုံမှန်ပွဲထွက်ခွင့်မရဘဲ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါအပြင် ဒီတစ်ပတ်ကစားမယ့် နိုင်ငံ တကာပွဲစဉ်တွေဖြစ်တဲ့ အင်္ဂလန် ၊ ဒိန်းမတ်နဲ့ ဆွစ်ဇာလန်အသင်းတွေနဲ့ ကစားမယ့်ပွဲစဉ်တွေကိုလည်း လွဲချော်ဖို့ ရှိနေတယ် လို့ သိရပါတယ်။


တနင်္လၤာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သော်ဂန်ဟာဇက်က “ ဒေါ့မန်နဲ့အတူ ချန်ပီယံလိဂ်၊ ဘွန်ဒက်လီ ဂါ ကစားနေရပြီး ဘယ်ဂျီယံနဲ့လည်း နေးရှင်းလိဂ်ပွဲစဉ်တွေကစားဖို့ရှိနေပါတယ်။ လက်ရှိအခြေအနေအတွက်ပြောဆိုနေမှာ မဟုတ်ပေမယ့် ပွဲအများကြီးကစားဖို့ ရှိနေတယ်ဆိုတာကို နားလည်ထားပါတယ်။ ဒေါ့မန်ဆိုရင် သုံးရက်ကိုတစ်ပွဲလောက် ကစားနေရတာကြောင့် ကစားသမားတွေကို နည်းပြအနေနဲ့ အလှည့်ကျအသုံးပြုနေတယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

ကြ်န္ေတာ္အကိုက ကံမေကာင္းခဲ့ဘူးလို႔ ေျပာခဲ့တဲ့ ဘယ္ဂ်ီယံကစားသမား ေသာ္ဂန္ဟာဇက္
ေဒါ့မန္တိုက္စစ္မွဴးျဖစ္တဲ့ ေသာ္ဂန္ဟာဇက္က သူရဲ႕အကိုျဖစ္တဲ့ ရီးရဲလ္ကစားသမား အီဒင္ဟာဇက္အေနနဲ႔ ဒီႏွစ္မွာ ကံ မေကာင္းခဲ့ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ ေသာ္ဂန္ဟာဇက္က လက္ရွိမွာ ေဒါ့မန္အတြက္ ၁၃၅ မိနစ္သာ ကစားခြင့္ရခဲ့ၿပီး ႐ုန္းကန္ေနရေပမယ့္ အကိုျဖစ္သူ အီဒင္ဟာဇက္က သူထက္ပိုၿပီး ကံမေကာင္းခဲ့ဘူးလို႔ ေျပာဆို သြားခဲ့ပါတယ္။
အီဒင္ဟာဇက္ ဟာ ခ်ဲလ္ဆီးမွာ ေျခစြမ္းျပႏိုင္တာေၾကာင့္ ရီးရဲလ္အသင္းရဲ႕ေခၚယူမႈ ခံခဲ့ရေပမယ့္ ဒဏ္ရာရရွိမႈနဲ႔ ကိုဗစ္ ျပႆနာေတြေၾကာင့္ အသင္းမွာပံုမွန္ပြဲထြက္ခြင့္မရဘဲ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ ဒါအျပင္ ဒီတစ္ပတ္ကစားမယ့္ ႏိုင္ငံ တကာပြဲစဥ္ေတြျဖစ္တဲ့ အဂၤလန္ ၊ ဒိန္းမတ္နဲ႔ ဆြစ္ဇာလန္အသင္းေတြနဲ႔ ကစားမယ့္ပြဲစဥ္ေတြကိုလည္း လြဲေခ်ာ္ဖို႔ ရွိေနတယ္ လို႔ သိရပါတယ္။
တနလၤၤာေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ေသာ္ဂန္ဟာဇက္က “ ေဒါ့မန္နဲ႔အတူ ခ်န္ပီယံလိဂ္၊ ဘြန္ဒက္လီ ဂါ ကစားေနရၿပီး ဘယ္ဂ်ီယံနဲ႔လည္း ေနးရွင္းလိဂ္ပြဲစဥ္ေတြကစားဖို႔ရွိေနပါတယ္။ လက္ရွိအေျခအေနအတြက္ေျပာဆိုေနမွာ မဟုတ္ေပမယ့္ ပြဲအမ်ားႀကီးကစားဖို႔ ရွိေနတယ္ဆိုတာကို နားလည္ထားပါတယ္။ ေဒါ့မန္ဆိုရင္ သံုးရက္ကိုတစ္ပြဲေလာက္ ကစားေနရတာေၾကာင့္ ကစားသမားေတြကို နည္းျပအေနနဲ႔ အလွည့္က်အသံုးျပဳေနတယ္လို႔ ထင္ပါတယ္” ဆိုၿပီး ေျပာခဲ့ပါ တယ္။