ရိုမေးနီးယားကို လေးဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲမှာ နိုင်ငံတကာကစားသမားဘဝ ပထမဆုံးအကြိမ်ဟက်ထရစ်ရခဲ့တဲ့ ဟာလန်း


ပြီးခဲ့တဲ့နေ့က နေးရှင်းလိဂ်ပြိုင်ပွဲမှာ နော်ဝေအသင်းအနေနဲ့ ရိုမေးနီးယားကို လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး တိုက်စစ်မှူး ဟာ လန်းက သူရဲ့ နိုင်ငံတကာကစားသမားဘဝမှာ ပထမဆုံးအကြိမ်ဟက်ထရစ်သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဟာလန်း အနေနဲ့ သူရဲ့နိုင်ငံတကာကစားသမားဘဝ ပထမသုံးပွဲဆက် ဂိုးသွင်းယူနိုင်ခြင်းမရှိတာကြောင့် ဝေဖန်ခံနေရချိန်မှာ ဟက် ထရစ် သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


ရိုမေးနီးယားကို အနိုင်ရခဲ့တဲ့တာကြောင့် နော်ဝေဟာ လိဂ် (B)ရဲ့ အုပ်စု (၁)မှာ သြစတြီးယားနဲ့အတူ ရမှတ် ၆ မှတ်ရရှိထား ပြီး ထိပ်တိုက်တွေ့ဆုံမှုအရ ဒုတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာ နော်ဝေဟာ ယူရို ခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ ဆားဘီးယားနဲ့ ကစားခဲ့တဲ့ပွဲတုန်း သာမန်မိနစ် ၉၀ အတွင်းတစ်ဂိုးစီသရေကျခဲ့ပြီး အချိန်ပိုမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။


ဟာလန်ရဲ့ ဟက်ထရစ်သွင်းဂိုးတွေမှာ ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ရီးရဲလ်ကွင်းလယ်လူ အိုဒီဂတ်ကလည်း ဟာ လန်းအနေနဲ့ တိုက်စစ်မှာ အကောင်းဆုံးကစားနိုင်သူဖြစ်တာကြောင့် အနာဂတ်မှာလည်း ဂိုးတွေသွင်းယူနိုင်ဦးမှာဖြစ် ကြောင်း ပြောခဲ့ပါတယ်။ ဟာလန်းကလည်း အိုဒီဂတ်နဲ့ တွဲကစားရတာ အဆင်ပြေကြောင်းနဲ့ သူက ဂိုးဖန်တီးမှုကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

zawgyi version

ရိုေမးနီးယားကို ေလးဂိုးျပတ္နဲ႔အႏိုင္ရတဲ့ပြဲမွာ ႏိုင္ငံတကာကစားသမားဘဝ ပထမဆံုးအၾကိမ္ဟက္ထရစ္ရခဲ့တဲ့ ဟာလန္း
ၿပီးခဲ့တဲ့ေန႔က ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ေနာ္ေဝအသင္းအေနနဲ႔ ရိုေမးနီးယားကို ေလးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ၿပီး တိုက္စစ္မွဴး ဟာ လန္းက သူရဲ႕ ႏုိင္ငံတကာကစားသမားဘဝမွာ ပထမဆံုးအၾကိမ္ဟက္ထရစ္သြင္းယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဟာလန္း အေနနဲ႔ သူရဲ႕ႏိုင္ငံတကာကစားသမားဘဝ ပထမသံုးပြဲဆက္ ဂိုးသြင္းယူႏိုင္ျခင္းမရွိတာေၾကာင့္ ေဝဖန္ခံေနရခ်ိန္မွာ ဟက္ ထရစ္ သြင္းယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ရိုေမးနီးယားကို အႏိုင္ရခဲ့တဲ့တာေၾကာင့္ ေနာ္ေဝဟာ လိဂ္ (B)ရဲ႕ အုပ္စု (၁)မွာ ၾသစၾတီးယားနဲ႔အတူ ရမွတ္ ၆ မွတ္ရရွိထား ၿပီး ထိပ္တိုက္ေတြ႕ဆံုမႈအရ ဒုတိယေနရာမွာ ရွိေနတာျဖစ္ပါတယ္။ ဒီပြဲမတိုင္ခင္မွာ ေနာ္ေဝဟာ ယူရို ေျခစစ္ပြဲအျဖစ္ ကစားခဲ့တဲ့ ဆားဘီးယားနဲ႔ ကစားခဲ့တဲ့ပြဲတုန္း သာမန္မိနစ္ ၉၀ အတြင္းတစ္ဂိုးစီသေရက်ခဲ့ၿပီး အခ်ိန္ပိုမွာ ႏွစ္ဂိုးတစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တယ္လို႔ သိရပါတယ္။
ဟာလန္ရဲ႕ ဟက္ထရစ္သြင္းဂိုးေတြမွာ ဂိုးဖန္တီးမႈ ႏွစ္ၾကိမ္ျပဳလုပ္ႏုိင္ခဲ့တဲ့ ရီးရဲလ္ကြင္းလယ္လူ အိုဒီဂတ္ကလည္း ဟာ လန္းအေနနဲ႔ တိုက္စစ္မွာ အေကာင္းဆံုးကစားႏုိင္သူျဖစ္တာေၾကာင့္ အနာဂတ္မွာလည္း ဂိုးေတြသြင္းယူႏိုင္ဦးမွာျဖစ္ ေၾကာင္း ေျပာခဲ့ပါတယ္။ ဟာလန္းကလည္း အိုဒီဂတ္နဲ႔ တြဲကစားရတာ အဆင္ေျပေၾကာင္းနဲ႔ သူက ဂိုးဖန္တီးမႈေကာင္းတဲ့ ကစားသမားတစ္ဦး ျဖစ္ေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။